Archive for April, 2011

Maung Maung Tinn – Water Colour Paintings – 10

April 11, 2011
Can it be healed?

The place where they live is called a “black area”. The government soldiers come to the area and do whatever they want…rape, kill, leave landmines… That’s why they have run and hidden in the jungle. During the running their lives are destroyed. Their children suffer landmine injuries. Their husbands are shot. There is no health care. Great loss, which can never be replaced, occurs in the jungle. The scars from their loss remain in their hearts. By MMT

ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ – ၁၆

April 11, 2011

နေ့ဆယ်နာရီလောက်မှာ ကားသွားလို့ မရတော့ပါ။ လမ်းမပေါ်မှာ “ကားများ ဆက်သွားခွင့်မပြု” ဆိုတဲ့ စာတမ်းနဲ့အတူ ကျောက်ခဲများ စီတန်းချထားတာ တွေ့ရတယ်။ ကျနော်သာ ထူးဆန်းနေတာ ဖြစ်တယ်။ ကားသွားမရလို့ ဘယ်သူမှ စိတ်ပျက်ပုံ မပြ။ ကားခပေးပြီး ပလိုင်းတွေ နဖူး ချိတ်သူချိတ်၊ ထမ်းသူက ထမ်းပြီး ရှေ့ဆက်လျှောက်ပါတယ်။

အများစုက မိန်းမတွေပါ။ ဒီကြားမှာ ကျနော်က ယောင်ချာချာနဲ့ ပါသွားပါတယ်။ ဆယ်မိနစ်လောက် ကြာတော့ လမ်းဘေးမှာ မီးခိုးငွေ့ တွေတလူလူနဲ့ မီးလောင်မြေအကွက်တွေ ရှိတဲ့နေရာ ရောက်ပါတယ်။ စစ်သား ၄-၅-၆ ယောက်က လမ်းပေါ်ထွက်ရပ်နေတာ တွေ့ရတယ်။ ဘေးက ကမူပေါ်မှာ သေနတ်တွေချိန်ပြီး ကြည့်နေတဲ့ စစ်သားတစုလည်း မြင်ရတယ်။

ဈေးသည်တွေကို မေးမြန်းနေတာက သာမန်ပဲ။ ဘာပါသလဲ? ဘယ်နှစ်ရက် ကြာမလဲ? လောက်ပါ။ ဒါပေမယ့် လှန်လှောကြည့်ပြီး မုန့်ထုပ်ယူသူ ယူ၊ အရက်ပုလင်း ဆွဲသူက ဆွဲလုပ်တာ တွေ့ရတယ်။ ဘယ်သူကမှ ပြန်မပြောရဲ။ မျှတော့ မျှတပါရဲ့။ ဈေးသည်စေ့အောင် နည်းနည်းစီယူတာပါ။ ပါးစပ်ကလည်း “တဟဲဟဲ” နဲ့ မျက်နှာချိုသွေးပါသေးတယ်။

(more…)

စိတ်ကူးယဉ်မနေကြနဲ့ … လုပ်ရမှာ ဒါပဲ။ (ကာတွန်း စောငို)

April 11, 2011

ရန်ငါမခွဲ ဒို့အထဲကြောင့် ဘီလူးသွားကို လဖြဲတည်း (ရဲဘော်ကျော်သန်း)

April 11, 2011
“ဒီတော့ ရန်ငါစည်းကွဲပြားပြီး တော်လှန်ရေးကို တော်လှန်ရေး အတွေ့အကြုံနဲ့ လုပ်မယ့်အင်အားစုနဲ့ လူထုအကျိုးကို ဦးထိပ်ထားတဲ့ အင်အားစုတွေ လူပုဂ္ဂိုလ်တွေရဲ့ ညီညွတ်ရေးသာ အလိုရှိအပ်တယ်။ ပြည်သူကို အကျိုးပြုနိုင်တယ်။ လက်ရှိ အနှစ်(၂၀)ကျော် ပြည်ပဦးဆောင်မှုနဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ညီညွတ်ရေးဆိုတာတွေကတော့ အလိုမရှိအပ်တဲ့ အရာတွေ ဖြစ်တယ်။ တိုင်းပြည်အတွက် အဆိုးကိုသာ ဖြစ်စေတဲ့ ချေမှုန်းရမဲ့အရာ ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်း စကားအတိုင်းပြောရရင် “စားဖားတွေရဲ့ ညီညွတ်ရေး အလိုမရှိဘူး …”

ရုတ်တရက် ခေါင်းစဉ်ကြည့်ပြီး ယုတ်ရင်းသလိုတော့ ဖြစ်နေမယ်။ ဒါပေမယ့် တင်ပြချင်တဲ့ အကြောင်းကတော့ ဒီစကားလုံးတွေနဲ့တောင် စံမမှီအောင် ယုတ်မာအောက်တန်းကျ တာဝန်မဲ့လှပါတယ်။

ဂုဏ်တော်အနန္တနဲ့ ပြည့်စုံတဲ့ မြတ်စွာဘုရားကို လူနတ်ဗြဟ္မာတွေသာမက ဂုမ္ဘာဏ်ယက္ခ ဘီးလူး သဘက်တွေကပါ သွားဖြဲ ပူဇော်ကြပုံကို “နတ်ဘီလူးတို့၊ သုံးဦး ပရမေ၊ ဂုဏ်မြုတေကို၊ ဖူးလေတုံမြောက်၊ လက်ပမ်းပေါက်ဖြင့်၊ ဝမ်းမြောက်ဝမ်းသာ၊ စေတနာနှင့်၊သဒ္ဓါရွှင်မြူး၊ကြည် ညွတ်နူးသည်။ ဘီလူးသွားကို လဖြဲတည်း။” လို့ ရေးဖွဲ့ထားတဲ့ အင်းဝခေတ် အကျော်တပါးဖြစ်တဲ့ ရှင်ဥတ္တမကျော်ရဲ့တောလားထဲက စကားကို ယူသုံးလိုက်တာပါ။ အားတော့နာပါရဲ့။

(more…)

ဒေါ်စုရဲ့ အလှူ

April 11, 2011

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရဟန်းအမ လုပ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ် ၅ ဦးကို သာသနာ့ဘောင် သွတ်သွင်းတဲ့ အလှူမင်္ဂလာပွဲကို ရွှေတောင်ကုန်း သာသနာ့ရိပ်သာမှာ ပြီးခဲ့တဲ့ စနေနေ့ မနက် ၉ နာရီက ကျင်းပခဲ့တယ်လို့ သိရပါတယ်။

(more…)

Maung Maung Tinn – Water Colour Paintings – 9

April 11, 2011
The night is very dark …

There is only the light of the stars in “no man’s land”. Every night we sleep without security. This area is not safe and anything can happen…. rape, killing, looting… We know there is a risk in living here. But we must. On that side, in Burma, it is difficult to get a regular income and everything is expensive. On the other side, in Thailand, we are scared of everything, big or small. By MMT

မြေအောင်းပွေး (ဂါမဏိ)

April 11, 2011
“၂၀၁၀ ရွေးကောက်ပွဲနဲ့ အချိန်ကိုက်ပြီး နအဖဘက်လိုက်တဲ့ လေသံတွေ ဗြောင်လွှင့်လာတဲ့ ကနေဒါနိုင်ငံသား ရှမ်းပဒေသရာဇ် ဟန်ညောင်ရွှေ၊ အိန္ဒိယနိုင်ငံရောက် လေယာဉ်အပိုင်စီးသမား စိုးမြင့်၊ ထိုင်းနိုင်ငံအခြေစိုက် ဗဟု ပိဋကအိုးကွဲအဖွဲ့တို့ဟာလည်း မြေအောင်းပွေးတွေ ဖြစ်ပုံရပါတယ်။
ရန်ကုန်က အီးဂရက် ပိဋကအိုးကွဲအဖွဲ့ဟာ ပွေးဖြစ်တယ်ဆိုတာကိုတော့ ဗိုလ်မှူးအောင်လင်းထွဋ်က ဖွင့်ချခဲ့ပြီးပါပြီ။
အခုနောက်ဆုံး အုတ်အော်သောင်းတင်းဖြစ်လာတဲ့ ဗမာ မြေအောင်းပွေးသတင်းကတော့ ပြည်ပရောက် အတိုက်အခံတွေထဲ အကြီးဆုံးအဖွဲ့ သို့မဟုတ် ထိပ်သီးအကျဆုံးအဖွဲ့ဖြစ်တဲ့ အဲန်စီယူဘီတပ်ပေါင်းစုကြီးရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် သတင်းဖြစ်ပါတယ် …”

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ဟာ အာဏာရှင်ကက်စထရို အုပ်စိုးတဲ့ ကျူးဘားနိုင်ငံက မိုင် ၉၀ အကွာ ပင်လယ်ခြားလျက်ရှိတဲ့ နယ်မြေဖြစ်ပါတယ်။

ကျူးဘားနိုင်ငံဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းနိုင်ငံဖြစ်တာကြောင့် ကျူးဘားပြည်ထဲနေမရတဲ့ အတိုက်အခံတွေ၊ ဒီမိုကရေစီသမားတွေ၊ ဒုက္ခသည်တွေအတွက် ဖလော်ရီဒါပြည်နယ်မြို့တော် မိုင်ယာမီဟာ အချက်အခြာ လွတ်မြောက်ဒေသဖြစ်နေရုံတင်မက စားဝတ်နေရေးအတွက် ထွက်လာသူ ကျူးဘား ရွှေ့ပြောင်းအလုပ်သမားတွေအဖို့လည်း အရေးပါတဲ့ အားကိုးခိုနားရာဖြစ်နေပါတယ်။

ဒီကနေ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဟာ မြန်မာအတိုက်အခံမျိုးစုံအတွက် ဗဟိုချက်ဖြစ်နေသလိုမျိုး ဖြစ်ပါတယ်။

(more…)

ဒုက္ခကို ပျားရည်ဆမ်း၍ – ၃ (မောင်လွမ်းဏီ)

April 9, 2011
“သူတို့ပေးတဲ့ လုပ်ခက ၁၀၀ ပဲလေ။ ၂၀၀ ပေးတဲ့စက်ရုံကို သွားလုပ်မှာပဲ။ သူတို့ဆီမှာ ဘယ်နှစ်နှစ်လုပ်ပါ့မယ်လို့ ကတိလည်း ပေးမထားပါဘူး။ သူတို့က ဈေးပေါပေါနဲ့ခိုင်းလို့ရတဲ့ လူတွေပဲဆိုပြီး အနိုင်ကျင့်ခိုင်းနေတာ ဘယ်လောက်ကြာပြီလဲ။ လူဆိုတာ တိုးတက်ရာတိုးတက်ကြောင်း ချမ်းသာရာချမ်းသာကြောင်းတော့ ရှာချင်ဖွေချင်တာပဲဟာ။ ငါကတော့ မဖြစ်မနေသွားမှာပဲ …”

အာအက်ဖ်အေ သောတရှင်များ ခင်ဗျား

တလောကပဲ မဲဆောက်မှာ ဒီအချိန် ဒီရာသီကတော့ (ဝပ်ပါမစ်) လို့ခေါ်တဲ့ အလုပ်လုပ်ခွင့် လက်မှတ် အသက်ဆက်ကြပုံတွေအကြောင်း ကျွန်တော် တင်ပြခဲ့ပါတယ်။

အလုပ်လုပ်ခွင့်လက်မှတ်နဲ့ ဆက်စပ်နှီးနွယ်ပတ်သက်နေတဲ့ အကြောင်းအရာလေးတွေ၊ အကျိုးအကြောင်းလေးတွေကလည်း များမြောင်လှတာ မဟုတ်လား။ ဘန်ကောက်သွား တောလားတွေ၊ ရေကြည်ရာမြက်နုရာ ရှာပုံတော် ခရီးရှည်လို ဇာတ်လမ်း တိုရှည်တွေက ရိုးအီသွားလို့လား မသိနိုင်တော့ပါဘူး။ ခုဇာတ်လမ်းကလည်း သံတူကြောင်းကွဲ ဇာတ်လမ်းတပုဒ်လိုပဲ ပြောရမှာပါပဲ။
(more…)

တကယ့်ကိုပဲ … ကိုင်ထားမှ … ကိုင်ထားမှ … (ကာတွန်း တင်ကိုကိုဦး)

April 9, 2011

 

ဒေါ်စု ဆွမ်းကပ်လှူ

April 9, 2011

မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ရှိ ဘုန်းတော်ကြီးကျောင်းတကျောင်းမှာ ဧပြီလ ၉ ရက် စနေနေ့က နေ့လည်ဆွမ်း ကပ်လှူပူဇော်ခဲ့တဲ့ ပုံရိပ်တချို့ပါ။ (ဓာတ်ပုံ – အေပီ) (more…)


Follow

Get every new post delivered to your Inbox.