Archive for the ‘ကျွန်းအတိတ် အရိပ်ပမာ’ Category
February 23, 2010

ကျနော်တို့အားလုံး ဒဏ်ရာပြင်းထန်သဖြင့် အိပ်ရာမှထလိုက်သည့်အခါတိုင်း ဒုက္ခရောက်ကြရသည်။ ထထိုင်ရန် ပေါင်ကိုကွေးလိုက် တိုင်း တင်ပါးမှခြောက်ကာစဒဏ်ရာများ ကွဲပြဲထွက်ကုန်ကာ သွေးများယိုစိမ့်ထွက်လာတတ်သည်။ သာမန်ထထိုင်ရာတွင်ပင် အခက် အခဲရှိသည်ဖြစ်ရာ အလေးအပေါ့သွားသောအခါပိုဆိုးသည်။ ဆောင့်ကြောင့်ထိုင်ချလိုက်သည်နှင့် တင်ပါးအရေပြားများပိုတင်းသွားပြီး ရှိသမျှဒဏ်ရာများကို ဆွဲဖြဲလိုက်သလိုဖြစ်သွားသည်။ ဤဒဏ်ရာပြဿနာကြောင့်ရော၊ ဂန်ဖလားမလုံလောက်သည့် ပြဿနာကြောင့် ပါ ဆီးများများမသွားစေရန် ရေကိုချိန်ဆ၍သောက်ကြရသည်။ (more…)
Posted in ကျွန်းအတိတ် အရိပ်ပမာ, ဖြန့်ဝေခြင်း | Leave a Comment »
February 3, 2010

ကျနော်တို့နှင့် တပြိုင်တည်းနီးပါးလောက် နှိပ်စက်ခံကြရသော ကျောင်းသားငယ်တစုမှာ မဆလ၏ထောင်တွင်းထိုးစစ်ဟုဆိုသော တ ဖက်သတ်နှိပ်စက်ပွဲတွင် အသက်အငယ်ဆုံးအုပ်စု ဖြစ်သည်။ အသက် (၂ဝ) လောက်က အများစုဖြစ်သည်။ ယင်းတို့ထဲတွင် ရဲထွန်း အောင်မှာ အသက်အငယ်ဆုံးဖြစ်သည်။ သူသည်အသက် ၁၇ နှစ်သာရှိသေးသည်။ အထက်တန်းကျောင်းသားတယောက် ဖြစ်သည်။ ကိုထိန်းလင်း၊ ကိုဝင်းနိုင်၊ ကိုရဲညွန့်၊ ကိုကျော်ဌေး စသူတို့မှာလည်း ၂ဝ အောက်များသာ ဖြစ်ကြသည်။
သူတို့အား မေလလောက်ထဲမှာပင် ညအချိန်၌ အဆောင်မှခေါ်ထုတ်နှိပ်စက် ခံကြရသည်။ နှိပ်စက်ခံရသည့် အကြောင်းရင်းမှာ အလွန် ထူးခြားလှသည်။ မေလဆန်း ၁၉၆၈ တွင် ကျောင်းသားများအား ထောင်ဗူးဝသို့ခေါ်သွားသည်။ အပြင်တွင်ဝတ်၍ရသော အဝတ်အစား များလဲခိုင်းသည်။ ထို့နောက် သူတို့အား ဝန်ခံစာချုပ်စာတန်းများဝေငှပေးကာ လက်မှတ်ရေးထိုးခိုင်းသည်။ လက်မှတ်ထိုးရန် ပြောရင်း မိန့်ခွန်းချွေသူမှာ ဗိုလ်တင်ကွန့် ဖြစ်သည်။ (more…)
Posted in ကျွန်းအတိတ် အရိပ်ပမာ | Leave a Comment »
January 25, 2010

ကျနော်နှင့် ကိုအောင်ငွေ စကားကြာကြာမပြောလိုက်ရ။ ဝါဒါနှစ်ယောက်ရောက်လာပြီး ကိုအောင်ငွေအားစောင်အုပ်ကာ ပြန်လည် ခေါ်ထုတ်သွားသည်။ ဝါဒါတယောက်သည် ကျနော်အားလှမ်းကြည့်ကာ `စောင်ကိုဘာဖြစ်လို့အုပ်မထားတာလဲ´ ဟု ကြိမ်းမောင်းရင်း ကျနော့ဦးခေါင်းကို လှမ်းကန်လိုက်သည်။ သူ့ကန်ချက်သည် ဒီအခြေအနေမျိုးမှာ နောက်ထပ်နှိပ်စက်လိမ့်မည်ဟု မထင်သဖြင့် အ မှတ်မဲ့နေမိသောကြောင့် ကျနော့ဦးခေါင်းညာဘက်ခြမ်းကို တည့်တည့်ထိသွားပြီး အတော်ပင်ခံလိုက်ရသည်။
ကိုအောင်ငွေကိုခေါ်သွားပြီး၍ သိတ်မကြာခင်မှာပင် အခြားသူများရောက်လာကြသည်။ ကျနော်သည် စောင်ကိုပြန်ခြုံထားရသည်။ ဒဏ်ရာများတွင် သွေးကောင်းကောင်းမခြောက်သေးသဖြင့် သွေးစိုနေသောဒဏ်ရာတွင် ကပ်မသွားအောင် သတိပြုကာအသာအယာ လှပ်ပေးနေရသည်။ အသစ်ရောက်လာသူများလည်း ကျနော်ကဲ့သို့ပင် စောင်အုပ်ထားပုံရသည်။ သူတို့အား ဝါဒါများလာပို့စဉ်က လှုပ် ရှားသံများကြားလိုက်ရ၍သာ လူသစ်ရောက်မှန်း ကျနော်သိလိုက်ခြင်းဖြစ်သည်။ သူတို့ထံမှ ဘာသံမှနောက်ထပ်မကြားရ။ ကျနော်က လည်း အသံမပေး။ ကျနော်သည် အလွန်ပင်ပန်းနွမ်းယိနေပြီး ခေါင်းထဲမှာလည်း မူးနောက်နေသဖြင့် အသာမှိန်းနေလိုက်သည်။ (more…)
Posted in ကျွန်းအတိတ် အရိပ်ပမာ, ဖြန့်ဝေခြင်း | Leave a Comment »
January 13, 2010

Posted in ကျွန်းအတိတ် အရိပ်ပမာ, သမိုင်းမှတ်တိုင်, ဖြန့်ဝေခြင်း | Leave a Comment »
December 17, 2009

ထင်သည့်အတိုင်းပင် တခါတရံ ကိုနာရီးလောက်ကတည်းကပင် ကြိုတင်ဝင်လာတတ်သည်။ ထိုအခါမျိုးတွင် ကင်းကအချက်ပေးပြီး ဖြစ်သဖြင့် ကျနော်တို့သည် မြန်မာအသံကိုပြန်ဖမ်းကာ သေတ္တာထဲထည့်ပြီး သော့မြန်မြန်ခတ်ထားနိုင်ကြသဖြင့် ဝါဒါရောက်လာသော အခါ အိနြေ္ဒမပျက်တော့၊ စာရွက်စာတမ်းနှင့် စာရေးကိရိယာများကိုလည်း အာလုံးသိမ်ဆည်းပြီးဖြစ်၍ ဘာမျှမရိပ်မိ။
ည (၁၀) နာရီထိုးပြီး၍ ရေဒီယိုလာယူသော ဝါဒါပြန်သွားသည်နှင့် ကျနော်တို့ ရေးထားသမျှ သုံးယောက်ပြန်ညှိကာ အချောရေး ကြသည်။ နောက်နေ့ မနက်စောစော လက်ရေးဌာနသို့ ပို့လိုက်သည်။ လက်ရေးကို အဓိကတာဝန်ယူသူမှာ ပျဉ်မနားမှ ကိုခင်မောင်ဇော်ဖြစ်သည်။ ကိုခင်မောင်ဇော်သည် လူကောင်သေးသေး ကဗျာဆရာဖြစ်သည်။ လူသေးသလောက် လက်ရေးလည်း သေးသည်။ လူနုသလို လက်ရေးလည်းနုသည်။ တလနှစ်လခန့် ကြာသောအခါ ကျနော်တို့၏ စာကြည့်တိုက်မှာ ဝေဝေဆာဆာ ဖြစ်လာပါတော့သည်။
(more…)
Posted in ကျွန်းအတိတ် အရိပ်ပမာ, ဖြန့်ဝေခြင်း | Leave a Comment »
November 28, 2009

ကျနော်တို့ ကိုအင်းစိန်ထောင်မှ ခေါ်ထုတ်သောနေ့မှာ ၁၉၆၉-ခုနှစ် ဖေဖ်ာဝါရီ (၁၂) ရက်နေ့ည ဖြစ်သည်။ စစ်တပ်ကိုအုပ်စိုးသူတို့သည် ပြည်သူလူထုနှင့် ကမ္ဘာနိုင်ငံများရှေ့မှောက်တွင် ပြည်ထောင်စုတည်တံခိုင်မြဲရေးဟု တစာစာကြွေးကြော်ကာ ပြည်ထောင်စုအစည်း ဝေများနှင့် ပျော်ပွဲရွှင်ပွဲပြပွဲများဖြင့် ခြိမ့်ခြိမ့်သဲသဲဆင်နွှဲနေသော ပြည်ထောင်စုနေ့ည ဖြစ်သည်။ ထိုပြည်ထောင်စုနေ့မှာပင် ကျနော်တို့ မြန်မာတနိုင်ငံလုံးမှ စုရုံးခေါ်ယူလာသော နိုင်ငံရေးအကျဉ်းသားများကို အရက်စက်ဆုံးအကျဉ်းစခန်းဖြစ်သော ကိုကိုးကျွန်းသို့ ပို့လိုက် ခြင်း ဖြစ်သည်။ ထိုနေ့ကိုမှရွေးပို့ခြင်းမှာ စစ်အုပ်စု၏ နေရာတကာတွင် ကောက်ကျစ်တတ်သော အလေ့အထကို သရုပ်ဖော်ပြလိုက် သော ပြကွက်တခုပင် ဖြစ်သည်။
ပထမတွင် ညနေ (၆) နာရီထိုးသည်နှင့် လူစစ်ပြီး ဂိတ်တံခါးများအားလုံးကို ပိတ်ထားလိုက်ကြသည်။ မြောက်ဘက်ခြမ်းရှိ (၁) ဆောင်မှ (၆) ဆောင်ထိပါဝင်သောဝင်းနှင့် ကျနော်တို့ တောင်ဘက်ခြမ်းအကြားရှိ သံဆူးကြိုးကိုလည်းပိတ်လိုက်ကြရာ ညမိုချုပ်သည်နှင့် ဟို ဘက် သည်ဘက်မကူးရတော့ ညရေးညတာအပြင်သွားလျှင် မှန်အိမ်ကိုင်၍ထွက်ပါဟုလည်း ညွှန်ကြားထားသည်။ မီးမပါဘဲထွက်လျှင် အစောင့်ဝါဒါများက လှမ်းပစ်သတ်ခွင့် ရှိသည်ဟုလည်း ဆိုသည်။ ကျနော်တို့ ဝိုင်းဝန်းပြောဆိုကြခြင်းကြောင့် ထောင်ပိုင်ကြီးသည် ကျနော်တို့အား ရေဒီယိုတလုံး ပေးထားရန်သဘောတူသည်။ ရေဒီယို ပေးထားပုံမှုာလည်း စိတ်ဝင်စားစရာ အတော်ကောင်းသည်။ ဝါဒါတယောက်သည် ညနေ (၆) နာရီခန့်တွင် သစ်သားဖြင့်ပြုလုပ်ထားသော သေတ္တာငယ်တခုထဲတွင်ထည့်ကာ သော့ခတ်ထားသော နေရှင်နယ် ရေဒီယိုကို လာပို့သည်။ (more…)
Posted in ကျွန်းအတိတ် အရိပ်ပမာ | Leave a Comment »
November 16, 2009

ကျနော်တို့ အားလုံးစခန်းတွင်း ရောက်ကြသည်နှင့် ဂိတ်တံခါးကို ထောင်အာဏာပိုင်တို့က ပိတ်လိုက်ကြသည်။ မိုးကလည်း ချုပ်ခါနီး ပြီမို့ ကျနော်တို့ အိပ်ရာနေရာ ပြင်ကြရသည်။
ကျနော်တို့ အိပ်ရာအတွက် အုန်းဆံသွပ်ထားသော ခေါင်းအုံးတလုံး၊ ပါးလွှာသော ခြည်စောင်အကြမ်းတထည်နှင့် ခြင်ထောင် တလုံးစီ ပေးသည်။ အိပ်စင်ပေါ်တွင် နှစ်ပေသာသာမျှကျယ်သော ဝါးနှီးဖျာ တချပ်စီ လည်းပေးထားသည်။ (more…)
Posted in ကျွန်းအတိတ် အရိပ်ပမာ, ဖြန့်ဝေခြင်း | Leave a Comment »
November 5, 2009

ကိုကိုးကျွန်းစုသည် ရန်ကုန်မှ အနောက်တောင်ဘတ် ကီလိုမီတာ ၄၂ဝ ခန့်ဝေး၍ အိန္ဒိယပိုင် ကပ္ပလီကျွန်းစုမှ ကီလိုမီိတာ ၁ဝဝ ခန့် ဝေး၏။ ကိုကိုးကျွန်းစုတွင် ကျွန် (၅) ကျွန်းပါဝင်သည်။ ကိုကိုးကြီး၊ ကိုကိုးလေး၊ ကြက်ကျွန်း၊ စားပွဲကျွန်းနှင့် ဂျယ်လီကျွန်းတို့ဖြစ်ပြီး ကို ကိုးကျွန်းမှာ အကြီးဆုံး ကျွန်းဖြစ်၏ တောင်နှင့်မြောက် (၁၂) ကီလိုကီတာ ခန့်ရှည်ပြီး အရှေ့အနောက် (၅) ကီလိုမီတာခန့်ကျယ်သည် ကျွန်းတခုလုံးတောင်ကုန်း တောင်ငယ်များပြည့်နှက်ကာ အပူပိုင်းသစ်တောထူထပ်စွာ ပေါက်ရောက်နေသည်။ မြေပြန့်နေရာတိုင်းတွင် အုန်းခင်းများအပြည့်ရှိသည်။ ကျနော်တို့အတွက် ဆောက်လုပ်ထားသော အမှတ် (၁) စခန်းမှာ ကျွန်း၏တောင်ဖက်စွန်းအနီး အရှေ့ ဘက် ကမ်းခြေတွင်ရှိသည်။ လူ ၂၀ စီ အိပ်၍ရသော အိပ်ဆောင် (၁၂) ဆောင်ကို (၆) ဆောင်စီခွဲကာ အရှေ့မှအနောက်သို့ တန်းစီ ၍ ပြိုင်လျက် ဆောက်လုပ်ထားသည်။ အဆောင်များ၏ အရှေ့ဘက်တွင် ထမင်းစားဆောင်ရှိသည်။ ထမင်းစားဆောင်မှာ တောင်မှ မြောက်သို့ မီတာ (၄၀) ခန့်ရှည်ကာ မှန်ပြူတင်းများနှင့် စနစ်တကျဆောက်ထားပြီး အစွန်းတဖက်စီတွင် စတိုခန်းတခုစီိနှင့် မီးဖိုများ ရှိသည်။ ဝင်းတခုလုံးကို သံဆူးကြိုးစည်းရိုးနှစ်ထပ် ဝန်းရံထားပြီး ထမင်းစားဆောင်နှင့် အိပ်ဆောင်များကို၎င်း၊ အိပ်ဆောင် ၆ ခုစီ အုပ်စုနှစ်ခုအကြားတွင် လည်ကောင်း၊ နှစ်ထပ်ဆူးကြိုး စည်းရိုးများဖြင့် ကာခြားထားသည်။ ဝင်းတခုလုံး၏ဂိတ်ပေါက်မှာ ဝင်း၏အ နောက်မြောက်ဘက် ထောင့်စွန်းနားတွင်ရှိသည်။ (more…)
Posted in ကျွန်းအတိတ် အရိပ်ပမာ, ဖြန့်ဝေခြင်း | Leave a Comment »
November 3, 2009

အပိုင်း(၁)
ကမ်းတက် ရေယာဉ်သည် ကမ်းခြေဆီသို့ တဖြည်းဖြည်းချဉ်းကပ်နေ၏။ ကျောက်ဆောင်ပေါများသော ကမ်းခြေဖြစ်သဖြင့် ရေယာဉ်မှူး ဗိုလ်မှူးနှင့်ရေယာဉ် အမှုထမ်းအရာရှိ အကြပ်တပ်သားတို့မှာ သတိကြီးစွာထားကာ မောင်းနှင်နေရသည်။ တုံးတိတိနိုင်လှသော ရေ ယာဉ်၏ဦးဖျားတွင် တပ်သားနှစ်ယောက်တို့သည် ရေနက်တိုင်းပေကြိုး တခွေဖြင့် အလှုပ်ရှုပ်နေကြ၏။ သူတို့သည် ချိန်သီးတပ်ထား သော ပေကြိုးတချောင်းဖြင့် ရေအနက်တိုင်းကာ ရေယာဉ်မှူး ဗိုလ်မှူးအား အဆက်မပြတ် အစီရင်ခံနေကြ၏။
ကျနော်တို့သည် ရေတပ်သားများ ထောင်ဝါဒါများကို ဂရုမစိုက်အား ဤကမ်းတက်ရေယာဉ်ပေါ်တွင်မှ ပြန်ဆုံစည်းမိကြသော ကာလ ကြာမြင့်စွာ ကွဲကွာနေသော သူငယ်ချင်းမိတ်ဆွေများကို လိုက်လံနှုတ်ဆက်ကြရင်း ရှုပ်ရှပ်ခတ်နေကြသည်၊ အသံပလံများ ဆူညံနေ သည်။ ထိုစဉ် ရေယာဉ်ဦးပိုင်းတွင် လိုက်ပါလာသော တင်းဝင်း ဆိုသည့် ထောင်ကြပ်က ကျနော်တို့ အားလုံး ငြိမ်ငြိမ်နေကြရန် သတိ ပေးလိုက်၏ သူ သတိပေးပုံမှာ ညင်သာလှသည် သူ့လက်ထဲမှ ကမ္ဘာစစ်လက်ကျန် အမေရိကန် ရိုင်ဖယ်သေနတ်ကို မိုးပေါ်သို့ထောင် ၍ ပစ်ဖောက်သတိ ပေးလိုက်ခြင်းဖြစ်သည်။ ကျနော်တို့၏ မျက်လုံးအစုံများ သေနတ်သံကြားရာသို့ ကြည့်မိကြသောအခါ မျက်နှာ နီရဲ လျက် ကျနော်တို့အား စားတော့ဝါးတော့မလို ကြည့်နေသော ဒေါသကုမ္မာရ တင်ဝင်း၏ ကြက်သရေမင်္ဂလာ ကင်းမဲ့သော မျက်နှာကို စိတ်ပျက်ဖွယ်ရာ တွေ့ကြရသည်။ (more…)
Posted in ကျွန်းအတိတ် အရိပ်ပမာ, ဖြန့်ဝေခြင်း | Leave a Comment »