ငြိမ်သက် Saturday, October 16, 2010 – ဧရာဝတီ
၁၉၆၄ ခုနှစ် လောက်ကပါ။ တောင်ဗီယက်နမ်မှာ ကမ္ဘာ့ အင်အား အကြီးဆုံး အမေရိကန် တပ်တွေနဲ့ တောင်ဗီယက်နမ် ရုပ်သေးအစိုးရ ငုယင်ကောင်ကီးရဲ့တပ်တွေ ဖရိုဖရဲ စစ်ရှုံးနေတုန်း။ မြောက်ဗီယက်နမ်နဲ့ တောင်ဗီယက်နမ် လွတ်မြောက်ရေးတပ်တွေက မြို့တော်ဆိုင်ဂုံကို ဝိုင်းထားတဲ့အချိန်…။
![]() |
| စာအုပ်အမည် ။ ။ ကဗျာ ၁၀၀ နှင့် ကဗျာဆရာ ကွယ်လွန်ခြင်း ရေးသူ ။ ။ ကြည်မောင်သန်း ထုတ်ဝေခုနှစ် ။ ။ ၂၀၀၇ စက်တင်ဘာ၊ ပထမအကြိမ် ထုတ်ဝေသူ။ ။ ဦးဝင်းကျော်ထွန်း (မုံရွေးစာပေ) အုပ်ရေ ။ ။ ၅၀၀ တန်ဖိုး ။ ။ ၁၈၀၀ ကျပ် |
မနက်ခင်း လက်ဖက်ရည်ဆိုင် ထိုင်ကြတဲ့အခါ သတင်းစာကို စားပွဲပေါ်မှာဖြန့်ပြီး ကျနော်တို့က ဗီယက်နမ်စစ်ပွဲမြေပုံကို ဝိုင်းစု မှတ်သားနေခဲ့ကြပါတယ်။ ကျရှုံးသွားတဲ့ တောင်ဗီယက်နမ်မြို့တွေ တမြို့ပြီးတမြို့ကို ကျနော်တို့ လက်ထဲက မင်နီချောင်းနဲ့ ဝိုင်းပတ် မှတ်သားလိုက်ကြပါတယ်။
ကျနော်တို့ဟာ အဲဒီတုန်းက ဗီယက်နမ် မျိုးချစ်တပ်တွေဘက်က ရပ်တည်ပြီး နေ့စဉ် လက်ဖက်ရည်ဆိုင် ရင်ခုန်သံစည်းချက်နဲ့ စစ်ပွဲကြီးတပွဲကို စောင့်ကြည့်နေကြတဲ့အချိန်။
မှတ်မိပါသေးတယ်။ ကိုခါး (ငခါး-ကွမ်းခြံကုန်း မဟုတ်ပါ) က ဆံပင်ကျောထောက်နဲ့။ ကိုဦး (ကဗျာဆရာ မင်းခိုင်ဦး) က ခေါင်းလောင်းဘောင်းဘီနဲ့။ ကိုစန်းမောင် (ယခု ပဲခူးမြို့က ရှေ့နေကြီး ဦးစန်းမောင်) က လည်ကတုံးအင်္ကျီနဲ့။ ကျနော်ကတော့ ရင်ပတ် ကြယ်သီးဖြုတ်အင်္ကျီ၊ ချက်ပြုတ်ပုဆိုးနဲ့။ (more…)



စာရေးသူအမည် – ဒဂုန်တာရာ
ဗဂျီအောင်စိုး ကွယ်လွန်ခြင်း အနှစ် ၂၀ ပြည့်အထိမ်းအမှတ်စာအုပ် မျက်နှာဖုံး။ ဒီဇိုင်း – ဗဂျီ လင်းဝဏ္ဏ






စာအုပ်အမည် လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ
အနောက်ဥရောပ အသိဉာဏ်ပွင့်လင်းရေးလှုပ်ရှားမှုမှာ တော်လှန်ရေးသမား radical နဲ့ ပြုပြင်ရေးသမား moderate တွေ ပေါ်ထွက်လာလာပုံကို ဂျော်နသန်အစ္စရေးက ရှင်းပြထားတယ်။ ညီမျှရေး (equality) ဆိုင်ရာသဘောထားမှာ အခြေခံပြီး အယူအဆကွဲပြားသွားကြတာဖြစ်တယ်။ အင်္ဂလိပ်ပညာရှင် ဂျွန်လော့ခ် John Locke (၁၆၃၂-၁၇၀၄) က ပြုပြင်ရေးသမားတွေရဲ့ ရှေ့ပြေးခေါင်းဆောင်ဖြစ်လာပြီး ဒတ်ခ်ျပညာရှင် Spinoza စပင်နိုဇာ (၁၆၃၂-၁၆၇၇) က တော်လှန်ရေးသမားတွေရဲ့ ရှေးဦးဆရာဖြစ်လာတယ်။ ညီမျှရေးဝါဒမှာ အခြေခံတဲ့ လူမှုရေးအမြင်ကနေ ခေတ်သစ်ဒီမိုကရေစီ အယူအဆ ထွက်ပေါ်လာတာပါပဲ။ ဒီမိုကရေစီဟာ အကောင်းဆုံးအစိုးရစနစ်လို့ ပထမဆုံးပြောသူတွေထဲမှာ ‘စပင်နိုဇာ’ ပါဝင်တယ်။
