ဧရာဝတီ Thursday, 30 December 2010 19:23
ဒါရိုက်တာ ကြည်ဖြူသျှင် (ရုပ်ရှင် ဒါရိုက်တာ)
ဂျပန်ကလာတဲ့ ကင်မရာအဖွဲ့တဖွဲ့က မြန်မာဒါရိုက်တာနဲ့ ပေါင်းပြီး ရုပ်ရှင်ပြိုင်ပွဲ ဝင်နိုင်လောက်တဲ့ ဇာတ်ကားတွေ ရိုက် ချင်တယ်လို့ ကမ်းလှမ်းလာတာမျိုး ရှိတယ်။ သူတို့ ကမ်းလှမ်းတာက မြန်မာ့ရုပ်ရှင်လောကအတွက် ဆိုပြီး ကမ်းလှမ်း လာတာမျိုးပါ။ ရုပ်ရှင်လောက တိုးတက်ဖို့အတွက် တခြားနိုင်ငံက နည်းပညာတွေပါ သုံးဖို့လိုအပ်မယ်ထင်လို့ သူတို့ အဖွဲ့နဲ့ ပူးပေါင်းအလုပ်လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ပြီးတော့ သူတို့ကလည်း သူတို့ရဲ့ နည်းပညာတွေကိုပါ မျှဝေပေးမယ် ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့ရုပ်ရှင်လောကအတွက်တော့ နည်းပညာပိုင်းဆိုင်ရာအရ အမြတ်ရမှာပဲလေ။ ဘာပဲဖြစ်ဖြစ် ကျမတို့အနေနဲ့ကတော့ ကိုယ်လုပ်စရာ ရှိတဲ့အလုပ်ကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။
(more…)


ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၄ ရက်မှ စတင်ဖွင့်လှစ်သော မဒမ် တူးဆိုး ဗန်ကောက်ပြတိုက်တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ ဖယောင်းရုပ်တုကို ပြသထားပါသည်။ (screenshot from Madame Tussauds Bangkok Museum website) 

