Archive for the ‘တိုင်းရင်းသားရေးရာ’ Category
December 25, 2010
သောကြာ, 24 ဒီဇင်ဘာ 2010 – VOA
မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း သံလွင်မြစ်ပေါ်က ရေကာတာဆောက်လုပ်ရေး စီမံကိန်းတခုကို သွားရောက် တဲ့ ယာဉ်တန်းတခုကို ကရင်နီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ကယားပြည်နယ် ဖရူးဆိုးမြို့နယ် အတွင်းမှာ မနေ့က ချုံခိုတိုက်ခိုက်ခဲ့ပါတယ်။
တရုတ်နိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတွေ အပါအ၀င် အနည်းဆုံး ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။ (more…)
Posted in တိုင်းရင်းသားရေးရာ, ဖြန့်ဝေခြင်း, News | Leave a Comment »
December 25, 2010
2010-12-25 – RFA
မကြာသေးခင်က ကျင်းပခဲ့တဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ နှစ်ပတ် လည် အစည်းအဝေးမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ ညီညွတ်ရေး၊ ကရင်ပြည်နယ်အတွင်း စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်စဲရေးကိစ္စတွေ ဆွေးနွေးခဲ့သလို၊ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် စစ်အစိုးရကို တိုက်ပွဲဝင် ဖိအားပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ကရင် အမျိုးသားအစည်းအရုံး (KNU) အခမ်းအနားတခုတွင် စစ်ရေးပြနေသော ကရင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)
ဒီအစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့ နိုင်ငံရေးဆိုင်ရာ သုံးသပ်ချက်တခုကို KNU ဒုဥက္ကဋ္ဌ ဖဒို ဒေးဗစ်တာကပေါ က RFA ကို အခုလို ပြောပါတယ်။ (more…)
Posted in တိုင်းရင်းသားရေးရာ, ဖြန့်ဝေခြင်း, News | Leave a Comment »
December 25, 2010
ဒီဇင်ဘာလ ၂၅ ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလောဒေသတွင် ယခု ရက်ပိုင်းအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA ၏ စောင့် ကြိုတိုက်ခိုက်မှုကြောင့် နအဖ ခလရ(၁၀၆)တပ်ဖွဲ့မှ ကျဆုံးပြီး နယ်ခြားစောင့်တပ် BGF မှ ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇)က ပြောသည်။
နအဖ ခလရ(၁၀၆)တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၂၃ရက်နေ့မနက်ပိုင်းမှစ၍ ၎င်းတို့လက်နက်ကြီးတပ်ဆင်ထားရာ ကဆော ၀ါးလေး၊ ကြယ်ပြောင်ကုန်းနေရာများမှ မာနယ်ပလောရှိ ကေအဲန်ယူတပ်များ ရှိနိုင်မည့်နေရာများသို့ လက်နက်ကြီးများဖြင့် ပစ် ခတ်ခဲ့ပြီးနောက် စစ်ကြောင်းတက်လာရာ မွန်းလွဲပိုင်း၌ မောကွီးနေရာအရောက်တွင် ကေအဲန်ယူ တပ်မဟာ(၇) လုံခြုံရေးတပ်ခွဲ ၏ စောင့်ကြိုတိုက်ခိုက်ခြင်းခံရပြီး ခလရ(၁၀၆) တပ်ဖွဲ့ဝင် ၅ဦး ကျဆုံးခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ(၇)မှူးက ကေအိုင်စီ ကို ပြောသည်။ (more…)
Posted in တိုင်းရင်းသားရေးရာ, ဖြန့်ဝေခြင်း, News | Leave a Comment »
December 22, 2010
ဧရာဝတီ Wednesday, 22 December 2010 18:17
စစ်အစိုးရတပ်နှင့် ကရင်အမျိုးသား အစည်းအရုံ (KNU )တပ်ဖွဲ့ဝင်များ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ မာနယ်ပလော ဒေသတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိကြောင်း KNU တာဝန်ရှိသူများက ပြောသည်။
မာနယ်ပလောဒေသတွင် ယနေ့ နံနက် ၇ နာရီခန့်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း ၂၀၂ တပ်ဖွဲ့ဝင်များနှင့် နအဖ ခြေမြန်တပ်ရင်း(ခမရ) ၆၁ တပ်ဖွဲ့ဝင်များသည် ပြောက်ကျား တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ကြောင်း KNU ဘားအံ ခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေး က ဧရာဝတီသို့ ပြောသည်။ (more…)
Posted in တိုင်းရင်းသားရေးရာ, ဖြန့်ဝေခြင်း, News | Leave a Comment »
December 22, 2010
December 22nd, 2010
နိုင်မာန် – လွတ်လပ်သောမွန်သတင်းအေဂျင်စီ

၂၀၁၁ ခု ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၆၄) ကြိမ်မြောက် မွန်အမျိုးသားနေ့ မြေစိုက်ပိုစတာကို ကလျာဏီသိမ် နှင့် ခေတ်အဆက်ဆက်က ဖျက်ဆီးခံထားရသည့် ကလျာဏီကျောက်စာပုံများဖြင့် သရုပ်ဖော်သွားမည် ဖြစ်ကြောင်း မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီက ဆုံးဖြတ်လိုက်သည်။
မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီ ဒု-ဥက္ကဌ ဒေါက်တာမင်းကြည်ဝင်း တင်ပြသည့် ပင်လုံကျောက်တိုင်နှင့် တိုင်းရင်းသား ၈ ခုကို ကိုယ်စားပြုသည့် လက်ချင်းယှက်ထားပုံများဖြင့် သရုပ်ဖော်ရန် ကော်မတီဝင် အများစုက သဘောတူကြသော်လည်း နိုင်ငံရေးနှင့် ရှုပ်ထွေးသွားမည်ကို စိုးရိမ်သဖြင့် ပြောင်းလဲဆုံးဖြတ်ခြင်း ဖြစ်သည်။ (more…)
Posted in တိုင်းရင်းသားရေးရာ, ဖြန့်ဝေခြင်း, News | Leave a Comment »
December 18, 2010
ဒီဇင်ဘာလ ၁၈ ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
မြ၀တီမြို့နယ်အတွင်းရှိ ကရင်နယ်ခြားစောင့်တပ်ရင်း ၃ရင်းမှ တပ်မှူးတပ်သား ၁၆ဦးသည် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ၎င်းတို့တပ်ရင်းကို စွန့်ခွာ၍ ဒီကေဘီအေနှင့် ကေအဲန်ယူတပ်ဖွဲ့များထံသို့ လာရောက်ပူးပေါင်းခဲ့ကြောင်း ကေအိုင်စီက စုံစမ်းသိ ရှိရသည်။
ကရင်နယ်ခြားစောင့်တပ်ရင်း(၁၀၁၉)၊ (၁၀၂၀)နှင့် (၁၀၂၂)မှ ဗိုလ်၊ တပ်ကြပ်အဆင့်ရှိသူများနှင့် တပ်သားများသည် ဒီကေဘီ အေ တပ်မဟာ(၅)နှင့် ကေအဲန်ယူ တပ်မဟာ(၇) လက်အောက်ခံ တပ်ရင်း(၂၂)၊ တပ်ရင်း(၂၀၂)ထံသို့ ဒီဇင်ဘာလ ၁၄ရက်နှင့် ၁၅ရက်နေ့များတွင် ထွက်ပြေးရောက်ရှိလာကာ ပူးပေါင်းလိုက်ခြင်းဖြစ်သည်။ (more…)
Posted in တိုင်းရင်းသားရေးရာ, အပစ်ရပ် အဖွဲ့များ သတင်း, ဖြန့်ဝေခြင်း, News | Leave a Comment »
December 16, 2010
သန်းထိုက်ဦး Thursday, 16 December 2010 17:27 – ဧရာဝတီ
ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ဒေသများတွင် နအဖ စစ်အစိုးရ တပ်များက ပြည်သူ့စစ်များနှင့် ပူးပေါင်း၍ ယခုရက်ပိုင်း အတွင်း စစ်ရေးအရ ပို၍လှုပ်ရှား လာကြောင်း ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA -S)မှ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်း က ဧရာဝတီ သို့ ပြောသည်။
စစ်အစိုးရ အနေဖြင့် နယ်ခြားစောင့်တပ် လက်မခံသော ရှမ်းပြည်တပ်မတော်- မြောက်ပိုင်း(SSA- N)ကို စစ်ရေးအရ ဖိအား ပေးရန် စစ်အင်အား တိုးချဲ့၍ လှုပ်ရှားနေကြောင်း ဆိုသည်။ (more…)
Posted in တိုင်းရင်းသားရေးရာ, ဖြန့်ဝေခြင်း, News | Leave a Comment »
December 15, 2010
မင်းနိုင်သူ Wednesday, 15 December 2010 16:56
ယနေ့ ကျရောက်သော ၃၅ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ရခိုင်ပြည်နယ် အတွင်း ကျောက်တော် မြို့နယ် တခုတည်းတွင်သာ ကျင်းပနိုင်ကြောင်း သိရှိရသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က “ပါတီရုံးချုပ်မှာ ပြည်နယ်နေ့အခမ်းအနား ကျင်းပဖို့က ရွေးကောက်ပွဲကော်မရှင်ကို စာတင်ဖို့ အချိန်မရလိုက်တဲ့အတွက် မကျင်းပနိုင်တော့ပါဘူး။ နောက်ပြီး ရုံးချုပ်နေရာ အပြောင်းအရွှေ့လည်း ရှိနေတော့ စစ်တွေမှာ အခမ်းအနား မလုပ်နိုင်တော့ဘဲ ကျောက်တော် တမြို့နယ်မှာပဲ လုပ်လိုက်ရပါတယ်” ဟု ၄င်းက ပြောသည်။ (more…)
Posted in တိုင်းရင်းသားရေးရာ, ဖြန့်ဝေခြင်း, News | Leave a Comment »
December 9, 2010
ခင်ဦးသာ Thursday, 09 December 2010 18:30
ဒုတိယပင်လုံသည် စစ်အစိုးရ သတင်းစာများက ရေးသားထား သကဲ့သို့ စိတ်ကူးယဉ် ညီလာခံတခု မဟုတ်၍ ဖြစ်မြောက်သည် အထိ လုပ်ဆောင် သွားမည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက တုံ့ပြန်ပြောဆိုသည်။
“အစိုးရ သတင်းစာတွေက ခြိမ်းခြောက်ရေးသားပေမယ့် ရပ်တန့်မသွားပါဘူး။ စစ်တပ်ကိုလည်း ပါဝင်လာအောင် စည်းရုံးသွားမယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ အပစ်အခတ်ရပ်ထားသူတွေ၊ ဒီမိုကရေစီအင်အားစုတွေ အားလုံးပါဝင် ဆွေးနွေးနိုင်အောင် လုပ်ဆောင်သွားမှာပါ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ၏အတွင်းရေးမှူးနှင့် ရခိုင်တိုင်းရင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။ (more…)
Posted in တိုင်းရင်းသားရေးရာ, ဖြန့်ဝေခြင်း, News | Leave a Comment »
December 8, 2010
ဗုဒ္ဓဟူး, 08 ဒီဇင်ဘာ 2010 – VOA
အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူဖို့ကိစ္စ အထမြောက် အောင်မြင်ဖို့ဆိုတာ ဘယ်လိုအဖွဲ့အစည်းမျိုးက ဦးစီးဆောင်ရွက်မလဲဆိုတာ အရေးကြီးတယ်လို့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသား ပါတီတွေက ယူဆပါတယ်။ တဘက်မှာတော့ စစ်အစိုးရက အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ပေါ်ပေါက်လာမယ့် လွှတ်တော်ထဲမှာ ဆောင်ရွက်မှသာ လက်တွေ့ကျလိမ့်မယ်လို့ စစ်အစိုးရပိုင် သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ဒုတိယ ပင်လုံညီလာခံတရပ် ခေါ်ယူရေးကိစ္စမှာ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ တိုင်းရင်းသား ပါတီတွေနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့တဲ့ တိုင်းရင်းသား ပါတီတွေ အကြားမှာ သဘောထား မတူကြပါဘူး။ (more…)
Posted in တိုင်းရင်းသားရေးရာ, ဖြန့်ဝေခြင်း, News | Leave a Comment »