Archive for the ‘ဒုက္ခသည်များ အရေး’ Category
December 31, 2010
သောကြာ, 31 ဒီဇင်ဘာ 2010 – VOA
ထိုင်းနိုင်ငံအတွင်း ရောက်လာကြတဲ့ ဒုက္ခသည်တွေကို အခြေအနေတွေ တည်ငြိမ်မှုမရှိမချင်း နေရပ်အတင်း ပြန်ပို့ဖို့ အစီအစဉ် မရှိဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့က မြန်မာနိုင်ငံက ဒုက္ခသည် ၁၆၆ ဦးကို ထိုင်းအာဏာပိုင်တွေက နေရပ် အတင်းအကျပ် ပြန်ပို့ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာကိစ္စနဲ့ ပတ်သက်လို့လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထိုင်းအစိုးရကို ကန့်ကွက်ခဲ့ပြီးနောက်မှာ ထိုင်းအာဏာပိုင်တွေဘက်က အခုလို ပြောဆို လာတာပါ။ (more…)
Posted in ဒုက္ခသည်များ အရေး, ဖြန့်ဝေခြင်း, News | Leave a Comment »
December 30, 2010
ကြာသပတေး, 30 ဒီဇင်ဘာ 2010 – VOA
ထိုင်းနိုင်ငံနဲ့ နယ်စပ် ကရင်ပြည်နယ် အရှေ့ဘက်ခြမ်းမှာ မြန်မာစစ်အစိုးရ တပ်တွေနဲ့ DKBA တပ်တွေကြား တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်လာသူ ဒုက္ခသည်တွေကို ထိုင်းအစိုးရက ဌာနေကို ပြန်လည် ပို့ဆောင်နေပေမဲ့ နယ်စပ်တလျှောက်က အုန်းဖန်၊ ဖွတ်ဖ၊ မဲဆောက် စတဲ့ဒေသတွေမှာ ဒုက္ခသည် ၈,၂၀၀ ကျော် ရှိနေပါသေးတယ်။
သူတို့ဟာ အတည်တကျ နေထိုင်ရတဲ့ ဒုက္ခသည် စခန်းတွေမှာ နေထိုင်ခွင့် မရဘဲ ယာယီစခန်းတွေမှာသာ နေနေရတာ ဖြစ်ပါတယ်။ (more…)
Posted in ဒုက္ခသည်များ အရေး, ဖြန့်ဝေခြင်း, News | Leave a Comment »
December 29, 2010
ဗုဒ္ဓဟူး, 29 ဒီဇင်ဘာ 2010 – VOA
ရွေးကောက်ပွဲအပြီး နိုဝင်ဘာလဆန်း ကတည်းက DKBA ကရင်ဗုဒ္ဓဘာသာ အဖွဲ့နဲ့ မြန်မာစစ်အစိုးရတို့ ကြားက တိုက်ပွဲတွေကြောင့် ထိုင်း၊ မြန်မာ နယ်စပ်ဘက်ကို ထွက်ပြေးလာခဲ့ကြတဲ့ တိုင်းရင်း ကရင် ဒုက္ခသည်တွေကို ထိုင်းအစိုးရက နေရပ်ရင်း ပြန်ပို့နေခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီ ဒုက္ခသည်တွေရဲ့ နေရပ်တွေမှာ မြန်မာစစ်တပ်ဘက်က တပ်စွဲထားပြီး ရွာသူရွာသားတွေရဲ့ ရိက္ခာတွေကိုလည်း ယူငင် စားသောက်နေတာကြောင့် ဒုက္ခသည်တွေဟာ နေရပ်ရင်းကို မပြန်ချင်ကြဘဲ ရှိနေပါတယ်။ (more…)
Posted in ဒုက္ခသည်များ အရေး, ဖြန့်ဝေခြင်း, News | Leave a Comment »
December 29, 2010
သန်းထိုက်ဦး Wednesday, 29 December 2010 17:03 – ဧရာဝတီ
နယ်စပ် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ တိမ်းရှောင်လာသော စစ်ပြေးဒုက္ခသည် ၁၆၆ ဦးကို ပြန်ပို့လိုက်ခြင်းနှင့် ပတ်သက်၍ အတင်းအကျပ် ပြန်မပို့ရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က ထိုင်းအာဏာပိုင်များကို တိုက်တွန်း ပြောကြားလိုက်သည်။
ယာယီဒုက္ခသည် စခန်းတွင် ထိုင်း ကျန်းမာရေး ဌာနက စစ်ပြေး ဒုက္ခသည် တဦးကို ဆေးစစ်ပေးနေစဉ်(ဓာတ်ပုံ – ဧရာဝတီ)
ယင်းစစ်ပြေး ဒုက္ခသည်များတွင် ကူးစက်ရောဂါပိုးများ ပါရှိနိုင်သည်ဟူသော ထိုင်းဒေသခံ ရွာသားများ၏ အကြောင်းပြချက်ဖြင့် ထိုင်း အာဏာပိုင်များက မြန်မာဘက်သို့ ဒီဇင်ဘာလ ၂၅ ရက်နေ့က ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။ (more…)
Posted in ဒုက္ခသည်များ အရေး, ဖြန့်ဝေခြင်း, News | Leave a Comment »
December 28, 2010
အင်္ဂါ, 28 ဒီဇင်ဘာ 2010 – VOA
ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံက ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေကို ပြန်ပြီး နှင်ထုတ်ခဲ့တဲ့ ထိုင်းနိုင်ငံကို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး (UNHCR) ရုံးက မနေ့က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။
ဂျီနီဗာ အခြေစိုက် UNHCR ရုံးက ဒုက္ခသည် မြန်မာနိုင်ငံသား အမျိုးသမီး၊ အမျိုးသား၊ ကလေးငယ် ၁၆၆ ယောက်ကို ထိုင်းနိုင်ငံ တပ်ခ်ခရိုင် ဒုက္ခသည်စခန်း တခုကနေ ပြီးခဲ့တဲ့ စနေနေ့က ဦးနှောက် အမှေးယောင်ရောဂါ ကူးစက်မှာ စိုးရိမ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နှင်ထုတ်ခဲ့ပါတယ်။ (more…)
Posted in ဒုက္ခသည်များ အရေး, ဖြန့်ဝေခြင်း, News | Leave a Comment »
December 18, 2010
ကန္တာရ၀တီတိုင်း(မ်)
စနေနေ့, 18 ဒီဇင်ဘာလ 2010 18:11
ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်သို့ စစ်ပြေးဒုက္ခသည်အဖြစ် ထွက်ပြေးရောက်ရှိနေကြသည့် ကရင်နီဒုက္ခသည်များ ရွေးကောက်ပွဲကျင်းပကြသည်။ဒုက္ခသည်များအတွက် စခန်းတွင်းရှိ ရပ်ကွက်မှူးများ၊စခန်းအုပ်ချုပ်ရေးကော်မီတီဝင်များနှင့် ဒုက္ခသည်ပင်မကော်မီတီဝင်သစ်တရပ် ဖြစ်မြောက်လာနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်မှ လွို့ဝှက်မဲပေးမှုစနစ်ဖြင့် အမှတ်-၁ ဒုက္ခသည်စခန်းတွင် ရွေးကောက်ပွဲကျင်းပပေးခြင်းဖြစ်သည်။
(more…)
Posted in ဒုက္ခသည်များ အရေး, ဖြန့်ဝေခြင်း, News | Leave a Comment »
December 17, 2010
ဒီမင်း -ကန္တာရ၀တီတိုင်း(မ်)
သောကြာနေ့, 17 ဒီဇင်ဘာလ 2010 12:43
ကျောင်းသားလူငယ်များ အချင်းချင်း စည်းလုံးခြင်းကို ဖော်ဆောင်ခြင်း ဆိုသည့် ရည်ရွယ်ချက်ဖြင့် ထိုင်းမြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းတွင် စုပေါင်းကျောင်းသားအား ကစားပွဲတော်ကို ကျင်းပကြသည်။

ကရင်နီဒုက္ခသည် စခန်းမှ နှစ်တိုင်းကျင်းပလေ့ရှိတဲ့ ကျောင်းသူကျောင်းသား ပွဲတော် ဖွင့်ပွဲအခန်းအနား
လူထုဗဟို စာသင်ကျောင်းမှ ဆရာမ ရိုစီက “ဘယ်လိုကောင်းကျိုးကို ရှိမလဲဆို ပူးပေါင်းမှုတွေ ရှိမှာပေါ့နော နောက်ပြီးမှ တစ်ကျောင်းနဲ့ တစ်ကျောင်း ညီညွတ်မှုရှိ နောက်မှ အတွေ့အကြုံတွေလည်း တစ်ကျောင်းနဲ့ တစ်ကျောင်း share (ဝေမျှ) ကြမယ် အဖော်တွေလည်းအသစ်ရမယ် ပူးပေါင်းပြီး ဘယ်လိုအလုပ်လုပ် ရမယ်ဆိုတာ ပိုသိလာတာပေါ့နော” ဟု ပြောပါသည်။ (more…)
Posted in ဒုက္ခသည်များ အရေး, ဖြန့်ဝေခြင်း, News | Leave a Comment »
November 24, 2010
ကျော်ခ | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၂၄ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၅၇ မိနစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် ဂီရိမုန်တိုင်းသင့်သူများအတွက် ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဒေသခံ လူမှုကယ်ဆယ်ရေး အဖွဲ့များမှ တဆင့် ဒေါ်လာ ၃ သိန်း လှူသွားမည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။
လတ်တလောတွင် မုန်တိုင်းဒဏ်အဆိုးဆုံး ခံလိုက်ရသည့် မြေပုံမြို့နယ်တွင် သောက်သုံးရေ ပြတ်လပ်နေပြီး ဝမ်းရောဂါနှင့် မျက်စိနာ ရောဂါများဖြစ်ပွားနေကြောင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။ (more…)
Posted in ဒုက္ခသည်များ အရေး, ဖြန့်ဝေခြင်း, News | Leave a Comment »
November 23, 2010
2010-11-23 – RFA
ဂီရိမုန်တိုင်းဒုက္ခသည်ကူညီရေးအတွက် ရန်ကုန်မြို့  အခြေစိုက် အမေရိကန် သံရုံးက အမေရိကန် ဒေါ်လာ ၃ သိန်း ကူညီမယ်လို့  ပြည်သူ့  လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှုး ဦးအေးသာအောင်ကို ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
တောင်ကြီးဟု အဓိပ္ပာယ်ရသည့် ဂီရိ အမည်ရှိ မုန်တိုင်း မြန်မာနိုင်ငံ၊ ကျောက်ဖြူဒေသကို အောက်တိုဘာ ၂၂ ရက် သောကြာနေ့က ဝင်ရောက်သည့် အခြေအနေပြ မြေပုံ ဖြစ်ပါသည်။ တွက်ချက် ခန့်မှန်းချက်များအရ သောကြာနေ့ည ၁၁ နာရီတွင် အဆင့် ၂ မုန်တိုင်း၊ စနေနေ့ နံနက် ၁၁ နာရီတွင် အပူပိုင်းဒေသ မုန်တိုင်းအဖြစ်သို့ ပြောင်းလဲကာ စနေနေ့ ည ၁၁ နာရီတွင် လျော့ပါးသွားမည့် အနေအထားကို ပြသနေပါသည်။ (RFA Graphic; Source: Weather Underground)
မုန်တိုင်း ဒုက္ခသည်တွေ အတွက် ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ဝင်တွေရဲ့ လှုဒါန်းကူညီမှုကို စုစည်းပြီး ဦးအေးသာအောင်တို့ က ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာ ကိုယ်တိုင် သွားရောက် ကူညီခဲ့တာပါ။
(more…)
Posted in ဒုက္ခသည်များ အရေး, ဖြန့်ဝေခြင်း, News | Leave a Comment »
November 17, 2010
2010-11-17 – RFA
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့လက ဂီရိ ဆိုင်ကလုံး မုန်တိုင်း တိုက်ခိုက်ခဲ့တာကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရသူ လူဦးရေ တသိန်းကျော်ရှိနေပြီး၊ ဒုက္ခသည်တွေကို အကူအညီပေးရေး လုပ်ငန်းတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ အဖွဲ့ကြီးက သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ကမ်းရိုးတန်းသို့ အောက်တိုဘာ ၂၂ ရက်က ဆိုင်ကလုံး ဂီရိ မုန်တိုင်း တိုက်ခတ်ပြီးနောက် လေဘေးဒုက္ခသည်များ ကျောက်ဖြူမြို့ရှိ ဘုန်းကြီးကျောင်းတခုသို့ စုရုံး ရောက်ရှိလာပုံ ဖြစ်ပါသည်။ (Photo: RFA Listener)
မုန်တိုင်းဒဏ်ကြောင့် ဒေသခံတွေရဲ့ ကောက်ပဲသီးနှံနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း အများအပြား ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့လည်း ကုလသမဂ္ဂဆိုင်ရာ လူသားချင်းစာနာထောက်ထားရေးရုံး (OCHA) က ပြောပါတယ်။ (more…)
Posted in ဒုက္ခသည်များ အရေး, ဖြန့်ဝေခြင်း, News | Leave a Comment »