Archive for the ‘ဗွီဒီယို သတင်း’ Category
May 10, 2010
10 May 2010 (VOA)
အမေရိကန်ပြည်ထောင်စုအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် ဆောင်ရွက်လုပ်ကိုင်နေသူတွေနဲ့အတူ လက်တွဲ ရပ်တည်သွားမယ့်အကြောင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Kurt Campbell က ပြောဆိုပါတယ်။
မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လက်ရှိ စစ်အစိုးရ တာဝန်ရှိသူတွေ၊ NLD ခေါင်းဆောင်တွေအပြင် ရွေးကောက်ပွဲဝင်ကြဖို့ ပြင်ဆင်နေကြတဲ့ နိုင်ငံရေး အဖွဲ့အစည်းတချို့ကို Mr. Kurt Campbell တွေ့ဆုံခဲ့ပါတယ်။
Posted in ဗွီဒီယို သတင်း, ဖြန့်ဝေခြင်း | Leave a Comment »
May 8, 2010
07 May 2010 (VOA)
စစ်တပ်ခေါင်းဆောင်တွေ တပ်က အနားယူပြီး အရပ်သားအဖြစ် နိုင်ငံရေးပါတီထောင်ဖို့ ပြင်ဆင်တာဟာ မြန်မာစစ်အစိုးရ ကိုယ်တိုင် ပြဌာန်းထားတဲ့ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖေါက်ရာရောက်သလို တရားမျှတတဲ့ ရွေးကောက်ပွဲ ပေါ်ပေါက်လာရေးကိုလည်း အဟန့်အတားဖြစ်စေတယ်လို့ ရန်ကုန်မြို့ ခံများက သုံးသပ်ဝေဖန် ပြောဆိုနေကြပါတယ်။ အကြောင်းစုံကို မနန္ဒာချမ်း က တင်ပြထားပါတယ်။
Posted in ဗွီဒီယို သတင်း, ဖြန့်ဝေခြင်း, ၂၀၁၀ ရွေးကောက်ပွဲ | Leave a Comment »
May 6, 2010
05 May 2010 (VOA)
နှစ်စဉ် ဇွန်လမှာသာ ကျင်းပလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲအတွက် မွေးနေ့ပွဲအကြိုနဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေကို ပညာသင်ထောက်ပံ့ကြေးပေးတဲ့ အခမ်းအနားများကို မေလ (၅) ရက်နေ့မှာ NLD ဌာနချုပ်မှာ ကျင်းပပြုလုပ်ပါတယ်။ ဒီလို အခမ်းအနားတွေ ကျင်းပခွင့်နဲ့ တရားဝင်ပါတီ တခုအဖြစ် ရပ်တည်ခွင့် မရှိတော့ရင်တောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ လူထု အကျိုးပြုလုပ်ငန်းတွေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်ခွင့်ရအောင် ကြိုးပမ်းသွားမယ်လို့ NLD ခေါင်းဆောင်တွေက ပြောပါတယ်။ အကြောင်းစုံကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။
Posted in ဗွီဒီယို သတင်း, ဖြန့်ဝေခြင်း | Leave a Comment »
May 4, 2010
03 May 2010 (VOA)
ကမ္ဘာတ၀ှမ်းမှာရှိတဲ့ သတင်းဌာနတွေဟာ တားမြစ်ကန့်သတ်မှုတွေနဲ့ ကြုံတွေ့နေရသလို သတင်းသမားတွေဟာလည်း အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေကြရတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် သတင်း လွတ်လပ်ခွင့် လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Freedom House က လေ့လာစမ်းစစ်ထားတဲ့ အစီရင်ခံစာမှာ ထုတ်ပြန် ပြော ဆိုလိုက်ပါတယ်၊ ၂၀၀၉ ခုနှစ် သတင်းလွတ်လပ်ခွင့် အစီရင်ခံစာအရ သတင်း လွတ်လပ်မှုတွေဟာ ပိုပြီး ကျဆင်း သွား တာကိုလည်း တွေ့ရပြီး မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က သတင်းလွတ်လပ်ခွင့် အချိုးဖေါက်ခံနေရဆုံး နိုင်ငံတွေထဲမှာ တခု အပါအဝင်ဖြစ်နေပါတယ်။ ဗီအိုအေ သတင်းထောက် Robert Raffaele ရဲ့ သတင်းကို ဒေါ်ခင်မျိုးသက် က တင်ပြပေးထားပါတယ်။
Posted in ဗွီဒီယို သတင်း, ဖြန့်ဝေခြင်း | Leave a Comment »
May 2, 2010
01 May 2010 (VOA)
ကမ္ဘာပေါ်က စစ်ဘေးစစ်ဒဏ်နဲ့ တခြား အကြောင်းအမျိုးမျိုးတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေ ၁၂ သန်းလောက် ရှိနေပြီးတော့ အဲဒီအထဲက ၇ သန်းလောက်ဟာ ဒုက္ခသည်စခန်းတွေထဲမှာပဲ ၁၀ နှစ်ကျော်မက နေနေ ကြရပါတယ်။ သူတို့ဟာ တခြားသူတွေလို ပြင်ပမှာ နေထိုင်ရပ်တည် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ခွင့်တွေ ပိတ်ပင် ခံထားရပြီးတော့ ဒုက္ခသည်စခန်းတွေအတွင်းမှာပဲ နှစ်ပေါင်းများစွာ သောင်တင်နေကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အရှေ့ခြမ်းက တိုင်းရင်းသား ဒုက္ခသည်တွေဆိုရင်လည်း ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေအတွင်းမှာ အနှစ် ၂၀ လောက် နေထိုင်နေကြရတဲ့အကြောင်းကိုတော့ နော်ရှိုးက တင်ပြထားပါတယ်။ (more…)
Posted in ဗွီဒီယို သတင်း, ဖြန့်ဝေခြင်း, News | Leave a Comment »
May 1, 2010
30 April 2010 (VOA)
မြန်မာနိုင်ငံအတွင်း နာဂစ်မုန်တိုင်းဒဏ် အကြီးအကျယ်ခံခဲ့ရတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်နေရာတွေက ဒေသခံ ပြည်သူတွေဟာ မုန်တိုင်း ဘေးသင့်ခဲ့တာ (၂) နှစ် ကာလရှိလာခဲ့ပေမယ့် အကူအညီတွေ လိုအပ်နေဆဲဖြစ်သလို ဘ၀ရပ်တည်ရေးအတွက်လည်း ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှား ရပ်တည်နေရဆဲ ဖြစ်တဲ့အကြောင်း မုန်တိုင်းဒဏ် ခံခဲ့ရသူတွေနဲ့ အကူအညီ ပေးနေသူတွေက ပြောဆိုကြပါတယ်။ အပြည့်အစုံကို မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။
Posted in ဗွီဒီယို သတင်း, ဖြန့်ဝေခြင်း | Leave a Comment »
April 23, 2010
23 April 2010 (VOA)
ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်တဲ့ အကျီအနီဝတ် (red shirts) ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့ရဲ့  စီးပွားရေးအရ အချက်အခြာကျတဲ့ နေရာတွေကို ရက်ရှည် သိမ်းပိုက်ထားတဲ့အတွက် ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေ အကြီးအကျယ် အထိနာနေပါတယ်။ အစိုးရကို ထောက်ခံတဲ့သူတွေရဲ့ တန်ပြန် ဆန္ဒပြပွဲတွေလည်း ဘန်ကောက်မြို့မှာ ပေါ်ပေါက်လာနေပါတယ်။ ဆန္ဒပြသူ အကျီအနီဝတ်တွေကို နှိမ်နှင်းရေးနဲ့ ပတ်သက်လို့ ထိုင်းစစ်တပ်အတွင်းမှာ သဘောကွဲလွဲမှုတွေ ရှိနေ တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဘန်ကောက်မြို့ကနေ ဗွီအိုအေ ၀ိုင်းတော်သား ကိုသားညွန့်ဦးက သတင်းပေးပို့ တင်ပြထားပါတယ်။
Posted in ဗွီဒီယို သတင်း, ဖြန့်ဝေခြင်း | Leave a Comment »
April 23, 2010
23 April 2010 (VOA)
သင်္ကြန်အကြတ်နေ့ ကန်တော်ကြီး ကန်ပတ်လမ်း X2O ရေကစားမဏ္ဍပ်မှာ ဗုံးသုံးလုံးပေါက်ကွဲခဲ့လို့ လူအနည်းဆုံး (၈) ယောက်ကျော်သေ၊ (၁၇၀) ဦး ဒဏ်ရာရခဲ့ပြီး နောက်ပိုင်း ရန်ကုန်မြို့အတွင်း ဗုံးလန့်မှုတွေ မကြာခဏဖြစ်ပေါ်နေသလို လူအများစုဟာလည်း ဘယ်မှ မသွားရဲ မလာရဲ ကျီးလန့်စာစား အခြေအနေမျိုးမှာ ရောက်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောဆိုပါတယ်။ နောက်ထပ် ဗုံးခွဲတိုက်ခိုက်မှုတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်ပြီး လူတွေ သိပ်အပြင် မထွက်ကြတဲ့အတွက် သင်္ကြန်အပြီး ရန်ကုန်မြို့အခြေအနေဟာ ခြောက်ကပ်ကပ် ဖြစ်နေတယ်လို့လည်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ အကြောင်းစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
Posted in ဗွီဒီယို သတင်း, ဖြန့်ဝေခြင်း | Leave a Comment »
April 21, 2010
20 April 2010 (VOA)
မြန်မာစစ်အစိုးရအနေနဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့ တွေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး သဘောကွဲလွဲချက်တွေအပေါ် တပ်အင်အားကိုသုံးပြီး စစ်ရေးအရ ဖြေရှင်းမယ်ဆိုရင် အမှားကြီးမှားလိမ့်မယ်လို့ KIA ကချင်လွတ်မြောက်ရေး တပ်မတော် ခေါင်းဆောင်တွေက ပြောဆိုပါတယ်။ KIA အနေနဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ဧပြီလ ၂၈ ရက်နေ့မှာ နောက်ဆုံးထား အကြောင်းပြန်ဖို့ စစ်အစိုးရက ပြောဆိုထားပါတယ်။ KIO ဘက်ကတော့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံပဲ ပြည်ထောင်စု တပ်မတော်ထဲမှာ တပ်တခု အနေနဲ့ ပါဝင်လိုတဲ့ အကြောင်း တုံ့ပြန် ပြောဆိုနေပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
Posted in ဗွီဒီယို သတင်း, ဖြန့်ဝေခြင်း | Leave a Comment »
April 16, 2010
15 April 2010 (VOA)
ဗုံးပေါက်ကွဲမှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မှာ အာဏာပိုင်တွေဘက်က သင်္ကြမဏ္ဍပ်တွေကို ရေပေးတာ စောပိတ်လိုက်သလို မိဘတွေလည်း စိုးရိမ်ပြီး သားသမီးတွေကို နောက်နေ့မှာ အပြင်ထွက် ရေမကစားဖို့ တားမြစ်နေကြပါတယ်။ အာဏာပိုင်တွေဘက် စည်းကမ်းသတ်မှတ်ချက်တွေ အများကြီး ထုတ်ပြန်ခဲ့တဲ့ ဒီနှစ်သင်္ကြန်ဟာ ဒီနှစ်ပိုင်းတွေအတွင်း အခြောက်ကပ်ဆုံး သင်္ကြန်တခုလို့လည်း ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။ မစုမြတ်မွန်က ဆက်ပြီး တင်ပြပါလိမ့်မယ်။
Posted in ဗွီဒီယို သတင်း, ဖြန့်ဝေခြင်း | Leave a Comment »