Archive for the ‘ဘာသာပြန်’ Category
December 22, 2010
နေ့သစ် – December 22nd, 2010
နိုင်ငံရေးချီတက်ပွဲ၊ ဆန္ဒပြချီတက်ပွဲ စတာတွေဟာ ဒီကနေ့ ခေတ်မှာ ကိုယ့်ဆန္ဒ ကျင့်သုံးဖို့၊ ကိုယ့်အသံ သူများကြားစေဖို့ နည်းလမ်းတခု ဖြစ်နေပြီး အပြောင်းအလဲဖြစ်ဖို့ ဖိအား လဲ ဖြစ်ပါတယ်။
အင်္ဂလန်နိုင်ငံမှာ ပထမဆုံးအောင်မြင်တဲ့ နိုင်ငံရေးချီတက်ပွဲကို ၁၈၃၄ ခုမှာ လုပ်ခဲ့ပါ တယ်။ အဲဒီတုံးက လုပ်ခလစာလျှော့မှုဆန့်ကျင်ရေးအသင်း တည်ထောင်မှုကြောင့် စိုက် ပျိုးရေးအလုပ်သမား ၆ ယောက်ကို သံခြေကျင်းခတ်ပြီး သြစတြေးလျပို့ခဲ့လို့ ဆန္ဒပြချီ တက်ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သြစတြေးလျ ပို့တာဟာ တကျွန်းပို့တဲ့ အဓိပ္ပာယ်ဖြစ်ပြီး အသက်ရှင်လျက်နဲ့ ဘဝဆုံးရတဲ့ ပြစ်ဒဏ်ဖြစ်ပါတယ်။ (more…)
Posted in ဘာသာပြန်, ဆောင်းပါး, ဖြန့်ဝေခြင်း | Leave a Comment »
December 19, 2010
နေ့သစ် – December 19th, 2010
ဘစ်စီ (Big C) ကုန်တိုက်ကြီးက ကာဖူး (Carrefour) ကုန်တိုက် ကြီးရဲ့ အစုရှယ်ယာ ဘတ် ၃၅ ဘီလျံကို ထိမ်းချုပ်လိုက်တာ ကြောင့် စားသုံးသူတွေအတွက် တခဏတာ အ မြတ်အစွန်းဖြစ်စေမှာဖြစ်ပြီး၊ ပြိုင်ဖက် Tesco Lotus နဲ့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာ တော့မှာ ဖြစ်ပါတယ်။
ဒီမှာရှိတဲ့ ကုန်တိုက်ကြီးတခုဖြစ်တဲ့ ပြင်သစ်အခြေစိုက် ကာဖူးကုန်ုတိုက်က ထိုင်းနိုင်ငံမှာ ရှိတဲ့ သူ့ကုန်တိုက် အခွဲတွေကို Big C ကုန်တိုက်ကို ရောင်းဖို့ ဆုံးဖြတ်လိုက်တာကြောင့် လက်လီလုပ်ငန်းကြီးတခုကို လှုပ်ခါသွားစေပါတယ်။ (more…)
Posted in ဘာသာပြန်, ဖြန့်ဝေခြင်း, News | Leave a Comment »
December 19, 2010
နေ့သစ် – December 19th, 2010
တကယ်လို့သာ အလုပ်သမားဝန်ကြီး ချလမ်ချိုင်းဆရီယွန် က သာ ဆက်လုပ်မယ်ဆိုရင် ကိုယ်ဝန်ဆောင် ရွှေ့ပြောင်းအလုပ် သမားတွေအားလုံးဟာ သူတို့နေရင်းတိုင်းပြည်ကို ပြန်ပို့ခံ ကြရပါလိမ့်မယ်။
ရှင်တို့သာ အဲဒီကိုယ်ဝန်ဆောင် ရွှေ့ပြောင်းအလုပ်သမားတ ယောက်ဖြစ်မယ်ဆိုရင် ဘာလုပ်မှာပါလဲ။ စဉ်းစားကြည့်ပါ ရှင်တို့မှာ ကိုယ်နဲ့တွဲနေတဲ့ သူကို ကာကွယ်မှုရှိ လိင်ဆက်ဆံမှုရအောင်ပြောဆိုနိုင်တဲ့စွမ်း အားမရှိဘူးဆိုရင်၊ ကိုယ့်ဘ၀ဟာ ဖိနှိပ်မှုတွေ အကြောက်တရားတွေကြောင့် အကြမ်းဖက် ခံရမှု၊ လိင်ပိုင်း ဆိုင်ရာအရ မတော်မတရား အပြုခံရမှုအားလုံးကို အပြုခံရနိုင်တဲ့ အခြေအနေဖြစ်နေရင် ဆိုပြီးစဉ်းစားကြည့်ပါ။ (more…)
Posted in ဘာသာပြန်, ဆောင်းပါး, ဖြန့်ဝေခြင်း | Leave a Comment »
October 14, 2010
နေ့သစ် - October 14th, 2010
Bkk ဒီမိုကရေစီကျောက်တိုင်
ကြာသာပတေးနေ့က ၁၉၇၃ ခုနှစ် လူထုအုံကြွမှု၊ ၃၇ နှစ် မြောက်နေ့ကို အထိမ်းအမှတ်ပြုတဲ့ အခမ်းအနား တက် ရောက်ဖို့အတွက် ဒီမိုကရေစီကျောက်တိုင်မှာ ပြည်သူ လူထုတွေ စုဝေးကြပါတယ်။
မနက်ခင်းမှာ ဘာသာရေးအခမ်းအနားအဖြစ်ကျင်းပပြီး ဘုန်းတော်ကြီးတွေကို ဆွမ်းကပ် လှူပါတယ်။ အခမ်းအ နား တစိတ်တပိုင်းအနေနဲ့ ဒီအရေးအခင်းတုန်းက ဇတ်လမ်းတွေ၊ ဓါတ်ပုံတွေပါတဲ့ ပြပွဲ တခုကို ကျောက်တိုင်ခြေရင်းမှာ လုပ်ခဲ့ပါတယ်။ (more…)
Posted in ဘာသာပြန်, News | Leave a Comment »
October 14, 2010
နေ့သစ် – October 14th, 2010
အမျိုးသားလုံခြုံရေးနဲ့အစိုးရတည်ငြိမ်ရေးဆိုတာ ဆက်လည်းဆက်စပ်၊ တသီးတခြားစီ လည်းဖြစ်တဲ့ ကိစ္စ ၂ ရပ်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒီ၂ခုရောယှက်နေတာကသာ တ ခုမှ မဖြေရှင်းဘဲ မထင်မှတ်တဲ့ အပြောင်းအလဲတွေကို တွန်းအားပေးတာ ဖြစ်လို့ပါ။
ဒါပေမဲ့ ထိုင်းနိုင်ငံဟာ ပြဿနာအတော်များများကြုံနေတာကြောင့် ကိစ္စနှစ်ရပ်ဟာ မှုံဝါး သွားတယ်။ ညွန့်ပေါင်းအစိုးရနဲ့ အတိုက်အခံပါတီထဲက နိုင်ငံရေးသမားတွေဟာ နိုင်ငံ တော်ယန္တရားကို သူတို့အုပ်စုအကျိုးအမြတ်အတွက် ကြိုးကိုင် ချယ်လှယ်ဖို့ ကြိုးစားနေ တယ်။ ဒါကို ဆက်ခွင့်ပြုမယ်ဆိုရင် ဒီမိုကရေစီရဲ့အနာဂတ်ဟာ အန္တရာယ် အကြီးအ ကျယ် တွေ့တော့မှာ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ လုံခြုံရေးယန္တရားအတွက် အလွန်အ ရေးကြီးတဲ့ တပ်မတော်ဟာ နိုင်ငံရေး ညီမျှဖို့ဆိုတာမှာ မပါမဖြစ် ပါလာရမယ့် အကြောင်း အချက် ဖြစ်လာတော့မှာ မိုလို့ပါ။ အာဏာသိမ်းတယ် ဆိုတာကလည်း ဒီမိုကရေစီမှာ အဓိကကျတဲ့ မကောင်းမှုတခုပါ။ (more…)
Posted in ဘာသာပြန်, ဆောင်းပါး, ဖြန့်ဝေခြင်း | Leave a Comment »
October 6, 2010
ဝင်းတင် / ၀၅ အောက်တိုဘာ ၂၀၁၀ – ခေတ်ပြိုင်
ကုလသမဂ္ဂအခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီပီလေးက မြန်မာနိုင်ငံမှာ မကြာမီကျင်းပပြုလုပ်တော့မယ့် ရွေးကောက်ပွဲကြီးကို လွတ်လပ်ပြီး တရားမျှတမှုရှိမရှိ ကမ္ဘာကြီးက “အစွမ်းကုန်သတိထားစောင့်ကြည့်” ဖို့လိုတယ်ဆိုပြီး မကြာသေးမီက ပြောကြားသွားခဲ့ပါတယ်။
ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အဖြေမဟုတ်ပါဘဲလျက် မြန်မာနိုင်ငံအတွက် အရေးကြီးသယောင် လေ့လာစောင့်ကြည့်ဖို့ လိုအပ်သယောင် အဲဒီရွေးကောက်ပွဲအပေါ် အာရုံစိုက်ပြောကြားတာမျိုးကို ကျနော်တို့ ဘ၀င်မကျလှပါဘူး။
(more…)
Posted in ဘာသာပြန်, ဆောင်းပါး, ဖြန့်ဝေခြင်း | Leave a Comment »
October 3, 2010

မြန်မာပြည်မှာ ကျင်းပဖို့နီးကပ်နေပြီဖြစ်တဲ့ ရွေးကောက်ပွဲကို လွတ်လပ်မျှတရေး သေချာအောင်လုပ်ဖို့ တကမ္ဘာလုံး အစွမ်းကုန် နိုးနိုးကြားကြား လက်တွေ့ လုပ်ဆောင်ရမယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နဗီးပီလေးက မကြာသေးမီက ပြောကြားခဲ့ပါတယ်။
ဒီရွေးကောက်ပွဲဟာ မြန်မာပြည်အတွက် ဖြေရှင်းနည်းမဟုတ်ပါဘဲနဲ့ ကျနော်တို့ တိုင်းပြည်အတွက် အရေးကြီးသလိုလို၊ စောင့်ပြီးကြည့်နေဖို့ ထိုတ်တန်တဲ့ ရွေးကောက်ပွဲပါလို့ အလေးပေးထားတဲ့ ဒီလို သုံးသပ်ချက်မျိုးကို ကျနော်တို့ စိတ်ပျက်ပါတယ်။ (more…)
Posted in ဘာသာပြန်, ဖြန့်ဝေခြင်း | Leave a Comment »
October 3, 2010
နေ့သစ် - October 2nd, 2010
မြောက်ကိုရီးယား အုပ်ချုပ်ရေး ယန္တရားကို ထိန်းချုပ်ထားသည့် အာဏာရှင်အစိုးရ၏ နည်းနာများ
North Korean
ကင်အီဆွန်း အုပ်ချုပ်ရေး ယန္တရားသည် ရုရှမှ ကူညီ ထောက်ပံ့ပေးခြင်းကို ရပ်ဆိုင်းလိုက် ပါက မြောက်ကိုရီး ယား စီးပွားရေးအထိန်းအကွပ်မဲ့စွာနဲ့ ပျက်ဆီးခြင်း ကိန်း ဆိုက်ရောက် လိမ့်မည်ဟု စောင့်ကြည့်အကဲခတ် လေ့လာ သူအများစု ၁၉၉ဝ ပြည့်လွန်နှစ် အစောပိုင်း ကာလတွေမှာ ကြိုတင်မှန်းဆတွက်ချက်ထားခဲ့ကြတယ်။
၁၉၉၄ ခုနှစ် ဖခင်အရိုက်အရာ ကို အောင်မြင်စွာ ဆက်ခံခဲ့သည့် ကင်ဂျုံအီး သြဇာတ္တိက မ အားနည်းနေချိန်နှင့် ၁၉၉၆-၉၇ ခုနှစ် တသန်းအထက်ရှိသော မြောက်ကိုရီးယားနိုင်ငံ သူ နိုင်ငံသားတွေ ဒုဗ္ဘိက္ခန္တရ ကပ်ဆိုက်ရောက်ပြီး အသက်ဆုံးရှုံးရသည့်ကာလများတွင် အုပ်ချုပ်ရေးယန္တရား ပြိုလဲ ပျက်ဆီးခြင်းဆိုက်မည်ဆိုသည့် ထင်ကြေးတွေလည်းထပ်မံ ထွက်ပေါ်လာခဲ့လေရဲ့။ (more…)
Posted in ဘာသာပြန်, ဖြန့်ဝေခြင်း | Leave a Comment »
August 11, 2010

(မြန်မာပြည်အစိုးရက ဗီဇာပိတ်ပင်ထားသော ဂျာနယ်လစ်တဦးဖြစ်သူ Pico Iyer ၏ The Man, The Men at the Station ကို ဆိုလိုရင်းမိအောင် ဘာသာပြန် ထားသည်။ မူရင်းကို ဖတ်ရှုလိုပါက 2009 May လတွင် ထုတ်ဝေခဲ့သော Burn This Book စာမျက်နှာ ၄၂ တွင် ကြည့်ရှုပါ)
+++++
မန္တလေးဘူတာကြီးကို ရထားဆိုက်ပါပြီ။
တညလုံးစီးလာခဲ့ရတဲ့ ရထားပေါ်ကလည်း ဆင်းလိုက်ရော – ဟာ ကျနော့်ကို အလုအယက် ဝိုင်းဆွဲကြတော့တာ ပါပဲ။ ဆိုက္ကားဆရာတွေလေ။ သူ့ငှားပါ – ငါ့ငှားပါပေါ့။ တရွတ်တိုက်ပြီး တောက်တဲ့ကပ် ကပ်တော့တာပါပဲ။ အကွက်မပေါ်နဲ့ အင်္ကျီနဲ့ ပုဆိုးတွေနဲ့။ အိပ်ရေးမဝတဲ့ ပြူးကြောင်ကြောင် မျက်လုံးတွေနဲ့။ ချွေးနံ့တွေနဲ့။ (တညလုံး သူတို့ဆိုက္ကားပေါ်မှာ အိပ်ပြီး ဒီရထားကို စောင့်နေကြဟန် တူပါတယ်) (more…)
Posted in ဘာသာပြန်, ဝတ္ထုတို | Leave a Comment »