Monday, 29 November 2010 10:37 သျှမ်းသံတော်ဆင့်
ကျမကို ဒီလို တာဝန်ပေးတဲ့အတွက် အများကြီးပဲ ဂုဏ်ယူပါတယ်။နောက်ပြီးတော့ တာဝန်ဆိုတာ အမြဲပဲကြီးမား တဲ့ကိစ္စ တခုပါ။ တာဝန်ကိုထမ်းရတယ်။ ထမ်းရတယ်ဆိုကတည်းက လေးတယ်ဆိုတဲ့ အဓိပ္ပါယ်တော့ရှိတာပေါ့။တာဝန်သေးသေး ဆိုရင်တော့ ခပ်ပေါ့ပေါ့ပဲ ထမ်းရမယ်။ဒီဟာကတော့ တာဝန်ကြီးကြီးဖြစ်လို့ ကျမ အင်မတန်မှ လေးလေးနက်နက် စိတ်ထဲမှာ ထားလို့ တာဝန်ကျေပွန်အောင်ကြိုးစားပါ့မယ်။
ဒါပေမယ့်ဒီလိုကျမတာဝန်ကျေပွန်အောင်လုပ်တဲ့အချိန်မှာ ကျမ ကိုဝန်းရံပြီးတော့ ကူညီပေးဖို့လိုပါတယ်။ ကျမတို့ လူကြီးတွေကလည်းအကြံဉာဏ် ပေးဖို့၊ဆုံးမစရာရှိတာဆုံးမဖို့၊ ကျမတို့ အထူးသဖြင့် ကျမတို့တိုင်းရင်းသားတွေဟာ ကျမတို့ လုပ်ဖော်ကိုင်ဖက် ဟုတ်ရဲ့လားဆိုတာကို ကျမတို့ကို ပြဖို့၊ တချိန်လုံး တယောက်နဲ့ တယောက် တဘက်နဲ့တဘက်စကားပြောဆွေးနွေးပြီးတော့ ဒီတာဝန်တွေကိုထမ်းဆောင်သွား ရမှာပါ။ (more…)






