Archive for the ‘ရသ စာပေ’ Category

နယ်စည်းမခြား ဘဝများ

July 9, 2010

ညတစ္ဆေ Friday, July 09, 2010 (ဧရာဝတီ)

အချိန်ကား ၁၉၉၅ ခုနှစ် နွေဦးပိုင်း။ ထိုင်းနိုင်ငံ မဲဆောက်မြို့ တခွင်တွင် တရားမဝင် အလုပ်သမားများအား သဲသဲမဲမဲ လိုက်လံ အဖမ်းအဆီး ကြမ်းနေချိန်။ ထိုစဉ်က တရားမဝင် အလုပ်သမားများအား ယခုကဲ့သို့ တရားဝင် လုပ်ကိုင်ခွင့် လက်မှတ်များ ထုတ်မပေးသေး။

မဲဆောက် တခွင်ရှိ သိုးမွေး ဆွယ်တာ စက်ရုံကြီး၊ စက်ရုံငယ်များ အနက်မှ မြို့ပြင် ဘက်တွင် ရှိသော သိုးမွေး စက်ရုံငယ် တခုတွင် အလုပ် လုပ်နေသော ကျနော်လည်း ကျီးလန့်စာစား ဘဝဖြင့် လုပ်ကိုင် စားသောက် နေရချိန် ဖြစ်သည်။ ဘယ်အချိန်များ ကျနော်တို့ နေထိုင်ရာ စက်ရုံအနီးရှိ အလုပ်သမား တန်းလျားသို့ ရဲများ၊ အချုပ်ကားများ ရောက်လာ မလဲပေါ့။ ရင်ထဲ ကြိတ်မှိတ်ကာ ဆုတောင်း နေကြရသည်။ သို့သော် ဆုတောင်းကား ပြည့်မလာပါ။
(more…)

ညီလေးရေ …

July 1, 2010

ချောင်းကလေး Thursday, July 01, 2010 (ဧရာဝတီ)

အိမ်ကလေး ကတော့ အရင်အတိုင်းပဲ ဖြစ်သည်။ အခန်းတွေ ကလည်း အရင်ကအတိုင်း။ သူတို့အိမ်သည် အပေါ်ထပ်တွင် တည်းခိုခန်း ဖွင့်ထားပြီး အောက်ထပ်တွင် ဈေးဆိုင်ခန်းများ ဖွင့်ထားသည်။ အမေက အိမ်ရှေ့ဈေးဆိုင်ခန်းမှာ ထိုင်ခုံပုလေးနှင့် ထိုင်ကာ ဈေးရောင်းမြဲ။

အမေ့ကို သူဘယ်အခန်းမှာ အိပ်ရမလဲမေးတော့ “အရင်အခန်းပဲပေါ့ကွယ်” ဟု ဖြေသည်။ သူပြုံးမိပါသည်။ အမေသည် သူတို့ ညီအစ်ကိုနှစ်ယောက်ကို အိမ်အောက်ခန်းရှိ သူ့အိပ်ခန်းနှင့် တည့်တည့် အခန်းတွင်ထားတတ်သည်။ (more…)

ဇာတ်ညွှန်းအတုနဲ့ လူ

June 24, 2010

နေနွယ် Thursday, June 24, 2010 (ဧရာဝတီ)

ပါဘလစ်ကာ အမိုးဖွင့် ကားသစ်လေး ပေါ်မှာတော့ ကျနော့် မိသားစု လေးဟာ ပျော်လို့ရွှင်လို့ပါပဲ။ စကားတောင် စုံအောင် မပြောတတ် သေးတဲ့ သားအငယ် လေးနဲ့ သူငယ်တန်း တက်နေတဲ့ သမီးလေးတို့ဟာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး။ နေလည်းမပူ၊ လမ်းလည်းရှင်းတဲ့ ဒီလို ညချမ်းမျိုးမှာ အမိုးဖွင့် ကားသစ်လေး စီးလာရတာ ဆိုတော့ လေတဖြူးဖြူး တဟူးဟူးနဲ့။

မတွေ့ရတာကြာပြီဖြစ်တဲ့ ကျနော်တို့ မိသားစုလေးဟာ တယောက်ကိုတယောက် အရိပ်တကြည့်ကြည့်နဲ့။ ဒီနေရာမှာ အရိပ် တကြည့်ကြည့်နဲ့ ဆိုတဲ့ အသုံးကို အတိအကျ သုံးတာပါ။ ညဘက် အမိုးဖွင့်ထားတဲ့ ကားနဲ့ လမ်းမီးတိုင်တွေအောက် ဖြတ်မောင်းတဲ့အခါ မီးတိုင်နဲ့ ဝေးဝေး သွားတိုင်း အရိပ်က ကျကျလာပါတယ်။ အဲဒီကျကျလာတဲ့ အရိပ်တွေကိုပါ ကြည့်ကြည့်နေကြတာ ဖြစ်ပါတယ်။ ဘာမှ မသိတတ်သေးတဲ့ သားငယ်လေးရဲ့ အကြည့်ဟာလည်း ဖြူဖြူစင်စင်လေးပါပဲ။ ဒီနေရာမှာ ကျနော့် မိန်းမကလည်း ဖြူဖြူစင်စင်ပဲ။ အောင်ဌေးကျော်တို့ကို ကူညီခဲ့တာပါ။ ကျနော်ပုန်းနေတဲ့ နေရာကို ပြခဲ့တာပါ။ သူ ဘာမှ မသိခဲ့ပါဘူး။ အောင်ဌေးကျော်က လွဲရင် ကားပေါ်မှာ ပါလာတဲ့ လူစိမ်းသုံးယောက်ကိုလည်း ဘယ်သူမှန်း ဘာမှန်းမသိခဲ့ပါဘူး။ (more…)

မူကထ

June 18, 2010

မောင်ဟန်ပိုင် Friday, June 18, 2010 (ဧရာဝတီ)

E-mail Print

ကြိုက်ရာ အသားတွေကို မီးသွေး မီးဖိုလေးပေါ် ကင်ရင်း ပင်လယ်စာ တွေနဲ့ ဟင်းသီး ဟင်းရွက် တွေကိုပါ စိတ်ကြိုက် ပြုတ်စားနိုင်တဲ့ ထိုင်းလို “မူကထ” လို့ခေါ်တဲ့ ဆိုင်လေးတွေကို ထိုင်းနိုင်ငံ နေရာ တော်တော် များများမှာ တွေ့ နိုင်ပါတယ်။ မိတ်ဆွေ အချင်းချင်း ယမကာလေးတွဲဖက်လို့ စားသောက် စကားပြောချင်ရင်ဖြစ်စေ၊ မိသားစုအလိုက် ညစာကို တမျိုး တဘာသာ ထွက်စားချင်လို့ ဖြစ်စေ ဒီဆိုင်လေးတွေကို သွားရောက်တတ်ကြတာကြောင့် ညဘက်ဆိုရင် မီးခိုးငွေ့ တွေ ဝေ့၀ဲနေပြီး အသားကင်ညှော်နံ့ တထောင်းထောင်း ထနေတတ်တဲ့ မူကထဆိုင် လေးတွေမှာ လူစည်ကားနေ တတ်ပါတယ်။

အသားတွေ ကင်လိုက်၊ တူးမှာစိုးလို့ ဟိုဘက်ဒီဘက် လှန်လိုက်၊ ထည့်ထားတဲ့ ရေတွေ ခန်းသွားရင် ပြည်ဖြည့်လိုက်၊ အသားတွေ မကပ်အောင် တင်ထားတဲ့ ၀က်ဆီတုံး ကုန်ရင် လဲပေးလိုက်၊ အသားပြုတ် ရေတွေ ဆူရင် ထည့်ထားတဲ့ အသီး အရွက်တွေ အကျက် မလွန်ခင် ခပ်စားလိုက်နဲ့ အေးအေးလူလူ မစားရတာရယ်၊ စားပြီးလို့ အိမ်ပြန်ရင်လည်း အသားကင် ညှော်နံ့တွေ တကိုယ်လုံးစွဲနေလို့ ရေပြန်ချိုးရ တာရယ်ကြောင့် ကျနော်ကတော့ မူကထ ဆိုင်ကို တော်ရုံတန်ရုံ ရောက်ခဲပါတယ်။ ဒါ့အပြင် ကျနော် သွားမစားချင်တဲ့ တခြား အကြောင်းတွေ ကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ (more…)

အရည်အချင်း ပြည့်မီသောနေ့

June 3, 2010

ကျော်သိင်္ခ Thursday, June 03, 2010 (ဧရာဝတီ)

E-mail Print

ကျနော် ငယ်စဉ်က နယ်တွင် နေသည်။ နယ်ဟု ဆိုသော်လည်း ရန်ကုန်နှင့် သိပ်ပြီးတော့ မဝေးလှ။ ကျနော်တို့ မိသားစုလေးက အင်မတန် ပျော်စရာ ကောင်းသော မိသားစုလေး ဖြစ်သည်။ ကျနော်တို့ မိသားစုတွင် အဖေ၊ အမေ နှင့် ကျနော် အပါအ၀င် မွေးချင်း ၁၂ ယောက်၊ ပေါင်း ၁၄ ယောက်ရှိသည်။ အဖေ၏ ညီ၊ ဦးလေး ဆိုလျှင် မွေးချင်း သားသမီးမွေးထားတာချည်း ၁၅ ယောက်ရှိသည်။ မိသားစု ၂ စုခွဲ၍ ဘောလုံး နှစ်သင်းဖွဲ့ပြီး ချိန်းကန်၍ရသည်။

ကျနော် သူငယ်တန်း စတက်ခါစက … ကျောင်းတွင် ဆရာ၊ ဆရာမ၊ သူငယ်ချင်း ကျောင်းသား မိဘတွေက “ဟဲ့ … ကျော်သိင်္ခ၊ နင့်မှာ မောင်နှမ ဘယ်နှစ်ယောက်ရှိလဲ” ဟု မေးလျှင် ကျနော် အပိုအလို ကြွားပြီးမပြောတတ်ပါ။ မှန်ရာကိုပဲ ဆိုပါသည်။ (more…)

နတ်ပြည်ရောက်ပြီး မိုးရွာချပေးသူ

May 27, 2010

ကိုရွှေအောင် Thursday, May 27, 2010 (ဧရာဝတီ)

E-mail Print

“သိတယ်မို့လား”
၁၉၇၀ ကျော် ကာလတွေက ဒီစကား တက္ကသိုလ် ကျောင်းသား လူငယ်တွေကြား ခေတ်စား လှသည်။ သူရေးသည့် နာမည်ကြီး “အချစ်” လုံးချင်း ဝတ္ထုပါ အာလုပ်စကား၊ သူ့ကို မိမိ စတင် သတိထား နှစ်သက်မိသည်က လမ်းပေါ်က ကျောက်ခဲကို ပိတ်ကန် လိုက်သည့် ဇာတ်ဝင်ခန်းပါ “နှောင်းတမြေ့မြေ့”။ ထို့နောက် “အကြင်တို့လင်မယား” “ခုနစ်စဉ်အလွမ်း” (မှတ်မှတ်မှတ်ရရ ထိုဇာတ်ကား သွားကြည့်တော့ ဇနီးသည်က သမီးကြီး ကိုယ်ဝန်လွယ်ထားချိန်)

ထိုအချိန်အထိ ပိတ်ကားပေါ်မှာ၊ စာမျက်နှာတွေပေါ်မှာ မိမိ သူ့ကိုသိနေ ရုံမျှသာ။ သူသီချင်းတွေ ဆိုတာကိုတော့ “ပန်းတွေနဲ့ဝေ” ဇာတ်ကား ကတည်းက သတိပြုမိသည်။ နောင်မှာ သူ့အစ်ကိုရေးသည့် ဆောင်းပါးတပုဒ် ဖတ်ရတော့ သူ သီချင်း ညည်းနေသံကြားပြီး သူ့အစ်ကိုက ဒီဇာတ်ဝင်သီချင်း သူ့ကိုဆိုခိုင်းစေမှန်း သိရသည်။ (more…)

သတင်းထောက်တဦး၏ ကဗျာဖြစ်သွားသော မှတ်စုများ

May 21, 2010

ငြိမ်းဝေ Friday, May 21, 2010 (ဧရာဝတီ)

E-mail Print

အိပ်ရာထစောတဲ့ ဥသြငှက်ဟာ
နေရောင်တံစက်မြိတ်မှာ
ပိတ်ထားတဲ့ လောကတံခါးကို
သီချင်းနဲ့ တွန်းဖွင့်လိုက်တယ်…..။

နေရောင်ခြည်များက အလျင်အမြန်ရုပ်သိမ်းနေကြပြီ။ ကျနော်တို့ လူသိုက် ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းကြရသည်။ မယ်ညောခီးတောင်ခြေမှ နံနက် ၉နာရီ ထမင်းစားပြီးကတည်းက ခရီးနှင်လာခဲ့ပြီး ညနေ ၅ နာရီတွင် ဖလံတောင်ရွာနားရောက်ကာမှ ခရီးတကြောင်းထပ်ပြီး ဆက်နေကြရပြန်သည်။ (more…)

အမှောင်တွင်းက အလင်းစက်

May 13, 2010

စိုးနေလင်း Thursday, May 13, 2010 (ဧရာဝတီ)

E-mail Print

အိပ်မပျော်နိုင်သူ တဦးအဖို့ ညတာသည် ရှည်လျားမြဲ ဖြစ်တတ်ပါသည်။ မည်သူမဆို အိပ်မပျော်နိုင်ခဲ့သော ညများကို ဖြတ်သန်းဖူးကြမည်ဟု သူထင်ပါသည်။
သူငယ်စဉ် ကျောင်းသားဘ၀က အကြောင်းတစုံတရာကြောင့် အိပ်၍ မပျော်နိုင်သော ညများရှိခဲ့ပါသည်။အိပ်ပျော်အောင် ကြိုးစား၍ မရနိုင်သော အခြေအနေသို့ ရောက်လာပါက သူ့လိုပင် အိပ်မပျော်နိုင်သူ သူငယ်ချင်း တဦးဦးကို ခေါ်၍ မိုးလင်းပေါက် ဖွင့်တတ်သော ကျောင်းကင်တင်းများ ရှိရာသို့ လမ်းလျှောက်၍ ၀က်ခြေထောက်စွပ်ပြုတ်၊ ဆံပြုတ် သို့မဟုတ် ထမင်းကြော် စသဖြင့် မှာယူစားသောက်ရင်း စကားစမြည် ပြောလေ့ရှိပါသည်။ (more…)


Follow

Get every new post delivered to your Inbox.