Archive for the ‘လယ်သမားရေးရာ’ Category
December 30, 2010
Thursday, 30 December 2010 09:01 KNG
မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဒိန့်ဂျန်ကျေးရွာ၌ စစ်အစိုးရနှင့် အကျိုးတူ ပူးပေါင်းနေသည့် တရုတ်ကုမ္ပဏီ စိန်နဂါးနှစ်ကောင်သည် ဒေသခံပြည်သူများ၏ လယ်ယာမြေများ မတရား သိမ်းပိုက်နေသည်မှာ ဧက ၁၀၀ ကျော် ရှိနေပြီဟု ဒေသခံတစ်ဦးမှ ပြောသည်။
“တရုတ်တွေက လယ်ဧကတွေကို လုပြီးလုပြီး သိမ်းနေတယ်၊ သီးနှံတွေလည်း အားလုံးဖျက်ဆီးနေတာ၊ ဒေသခံတွေကဘာမှ လုပ်လို့မရတော့ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက)ကို သွားတိုင်တော့လည်း တရုတ်တွေကို နိုင်ငံတော်က ချပေးတယ်လို့ပြောတယ်” ဟု လယ်ဧက ၂၅ဧက သိမ်းခံရသည့် ဒေသခံတစ်ဦးမှပြောသည်။ (more…)
Posted in လယ်သမားရေးရာ, ဖြန့်ဝေခြင်း, News | Leave a Comment »
December 28, 2010
12/28/2010
နိရဉ္စရာ
ရခိုင်ပြည်သူများက မရဏ မီးရထားလမ်းဟု ခေါ်ဆို သမုတ်ထားသော စစ်တွေ- အမ်း မီးရထားလမ်း ဖေါက်လုပ်နေမူကြောင့် ဒေသခံ ပြည်သူများမှာ သူတို့ပိုင် လယ်မြေများကို လက်လွတ် ဆုံးရှုံးနေကြရကြောင်း သိရသည်။
အမည်မဖေါ်လိုသူ ကျောက်တော်မြို့နယ်မှ လယ်သမားကြီး တဦးက သူ့တွင် ဘိုးဘွားလက်ကတည်းက ပိုင်ဆိုင်လာခဲ့သော လယ် ၆ ဧကတွင် ၃ ဧကမှာ ရထားလမ်းဖေါက်လုပ်ရာတွင် ပါဝင်သွားကြောင်း သူက ယခုကဲ့သို့ ပြောဆိုသည်။ (more…)
Posted in လယ်သမားရေးရာ, ဖြန့်ဝေခြင်း, News | Leave a Comment »
December 25, 2010
2010-12-25 – RFA
ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်က လယ်သမား ၃၆ ဦးရဲ့ လယ်ယာမြေ ဧက ၁ ရာ သိမ်းဆည်းခံလိုက်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်တွေက မနေ့က ညနေပိုင်းက ခေါ်ယူတွေ့ဆုံပြီး လယ်မြေနေရာ အစားထိုးပေးမယ့် အကြောင်း ကမ်းလှမ်းချက်ကို လယ်သမား ၃၆ ဦးက ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။
လယ်သမားတဦး ကဋ္ဋဲတရဉြ်ူးဖင့် လယ်ထန်ြနေပုံဖစ်ပၝသည်။ (Photo: AFP)
ပန်းတနော်မြို့နယ် ကြုံတိုင်းကြီး ကျေးရွာအုပ်စုအတွင်းက လယ်သမား ၃၆ ဦး ပိုင်တဲ့ လယ်ဧက ၁ ရာကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရတဲ့ ရေချိုငါး လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးငြိမ်းမြိုင်က ပြီးခဲ့တဲ့နှစ်က သိမ်းယူခဲ့ပြီး ငါးမွေးမြူရေးကန် တူးဖော်နေခဲ့တာပါ။ (more…)
Posted in လယ်သမားရေးရာ, ဖြန့်ဝေခြင်း, News | Leave a Comment »
December 24, 2010
2010-12-24 – RFA
ILO ကမ္ဘာ့ အလုပ်သမားအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ Mr. Steve Marshall နဲ့ တွေ့ဆုံပြီး အခက်အခဲတွေ တင်ပြခဲ့ကြတဲ့ အောင်လံမြို့နယ်က လယ်သမားတွေကို သူတို့ စိုက်ပျိုးထားတဲ့ လယ်မြေတွေထဲ မဝင်ရတော့ဘူး ဆိုပြီး ကပစ (၁၅) စစ်တပ်က ပိတ်ပင် တားမြစ်လိုက်တဲ့အတွက် ရန်ကုန် ILO ရုံးကို လယ်သမားတွေ ဒီကနေ့ သွားရောက် တိုင်တန်းခဲ့ကြပါတယ်။
အဲဒီ လယ်သမားတွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း စစ်တပ်က မြေသိမ်းတာ ခံရသလို၊ စီမံကိန်းသီးနှံ အဖြစ် နွေစပါး၊ ဝါ စတာတွေ စိုက်ဖို့ အတင်းအကြပ် ခိုင်းစေခံခဲ့ကြရတယ်လို့ ဆိုပါတယ်။ ဒီလို စိုက်ပျိုး လုပ်ကိုင်ပေးနေရင်း သီးနှံ အောင်မြင်မှု နည်းရင် မြေအသိမ်းခံရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်က ခိုင်းတဲ့ လုပ်အားပေး ဆိုတာတွေလည်း လုပ်ကိုင်ပေးရတယ်လို့ ပြောပါတယ်။ (more…)
Posted in လယ်သမားရေးရာ, ဖြန့်ဝေခြင်း, News | Leave a Comment »
December 23, 2010
12/23/2010
ထွန်းထွန်း – နိရဉ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူ ခရိုင် အတွင်းရှိ ရမ်းဗြဲကျွန်း ပတ်ပတ်လည်တွင် တည်ရှိသော ကျွန်းငယ်များနှင့် ကျေးရွာများမှ လယ်မြေများကို ဂတ်စ်နှင့် ရေနံပိုက်လိုင်း စီမံကိန်းကြောင့် ဒေသခံ လယ်သမားများက လက်လွှတ် ဆုံးရှုံး နေကြရကြောင်း လယ်သမားများက ပြောသည်။
မဒေးကျွန်းမှ တရုတ် ရေနက်ဆိပ်ကမ်း စီမံကိန်း
ကျောက်ဖြူ အနောက်ဘက် ၈ မိုင်ခန့်တွင်ရှိသည့် မဒေးကျွန်း၌ နိုင်ငံတကာ အဆင့်မီ ရေနံတင် ဆိပ်ကမ်း တစ်ခုကို ဆောက်လုပ်နေပြီး အဆိုပါ ဆိပ်ကမ်း အတွက် လိုအပ်သော မြေများကို နိုင်ငံခြား ကုမ္ပဏီများက ဒေသခံ အာဏာပိုင်များနှင့် ပူပေါင်းကာ မရောင်းမနေရ ၀ယ်ယူနေသဖြင့် လယ်သမားများ အနေဖြင့် လယ်မြေများ ဆုံးရှုံးနေကြရခြင်း ဖြစ်သည်။
(more…)
Posted in လယ်သမားရေးရာ, ဖြန့်ဝေခြင်း, News | Leave a Comment »
December 22, 2010
December 22nd, 2010
ကျလွန်းထော – လွတ်လပ်သောမွန်သတင်းအေဂျင်စီ

စပါးရိတ်သိမ်းချိန် အချိန်အခါမဟုတ်မိုးရွာပြီးသည့်အတွက် ရိတ်သိမ်းပြီးစပါးများတလင်းထဲရောက်ရန် ကြိုးစားနေချိန်တွင် လယ်သမားများထံတွင် တပ်ရိက္ခာအတွက်ဟုဆိုပြီး လယ်တစ်ဧကလျှင် စပါးတစ်တင်းပေးရန် အာဏာပိုင်များက တောင်းခံနေသည်။
မယကဥက္ကဌမှ တပ်အတွက် စပါးတောင်းရန် ကျေးရွာဥက္ကဌထံ အကြောင်းကြားထားပြီး ကျေးရွာဥက္ကဌမှ လယ်သမားများထံ မကောက်ခံရသေးကြောင်း မုဒုံမြို့နယ်ရှိ ကျေးရွာဥက္ကဌနှင့် နီးစပ်သူတစ်ဦးကထံမှ သိရသည်။ (more…)
Posted in လယ်သမားရေးရာ, ဖြန့်ဝေခြင်း, News | Leave a Comment »
December 20, 2010
ခင်ဦးသာ Monday, 20 December 2010 16:56 – ဧရာဝတီ
ရခိုင်ပြည်နယ် အတွင်း ဖောက်လုပ် နေသော မီးရထားလမ်း စီမံကိန်းကြောင့် ဒေသခံ လယ်မြေများ အသိမ်းခံရသည့် အပြင် စိုက်ခင်းတချို့လည်း ဖျက်ဆီးခံနေ ရကြောင်း သိရသည်။
“လယ်မြေတွေ သိမ်းတာ လျော်ကြေးမပေးတဲ့ အပြင် အသိလည်းမပေးပါဘူး။ ရထားလမ်းကြောင်းမှာ ပါတဲ့ ရော်ဘာခင်း တချို့လည်း ဖျက်ဆီးတာ ခံနေရတယ်” ဟု ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။ (more…)
Posted in လယ်သမားရေးရာ, ဖြန့်ဝေခြင်း, News | Leave a Comment »
December 15, 2010
ကိုထွေး Wednesday, 15 December 2010 11:34 – ဧရာဝတီ
စီးပွားရေး လုပ်ငန်းရှင် ဦးဌေးမြင့်၏ ယုဇန ကုမ္ပဏီက ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနီး ကျေးရွာများမှ မြေယာများ သိမ်းယူခဲ့ပြီးနောက် ဒေသခံများ အသစ်ရှာဖွေ လုပ်ကိုင်ထွန်ယက် စိုက်ပျိုးနေသည့် လယ်ယာမြေများကိုပါ မြေတူးစက်ဖြင့် ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း တောင်သူများက ပြောသည်။
ကချင်ပြည်နယ် ရွာတခုအနီးတွင် မြေများကို တူးဖြို ရှင်းလင်းနေစဉ်။ (ဓာတ်ပုံ – independent.co.uk)
ယခုကဲ့သို့ ယုဇန ကုမ္ပဏီ၏ လုပ်ရပ်ကြောင့် ရာပေါင်းများစွာသော တောင်သူများ အခက်အခဲ ဒုက္ခနှင့် ကြုံနေကြရကြောင်း ဖားကန့်မြို့နယ် ဘန်ကောက် ရွာသားတဦးက ပြောသည်။ (more…)
Posted in လယ်သမားရေးရာ, ဖြန့်ဝေခြင်း, News | Leave a Comment »
December 14, 2010
ခင်ဦးသာ Tuesday, 14 December 2010 16:24
မွန်ပြည်နယ် ကျိုက်မရော မြို့နယ်အတွင်းရှိ လယ်မြေဧက ၄၀၀ ခန့်ကို ဇေကမ္ဘာကုမ္ပဏီက သိမ်းယူထားသည့် အတွက် ဒေသခံများက ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တိုင်ကြားရန် ပြင်ဆင် နေကြောင်း သိရသည်။
ဘိလပ်မြေစက်ရုံတည်ရန် ဇေကမ္ဘာကုမ္ပဏီက သိမ်းယူထားသည့် မွန်ပြည်နယ် ကျိုက်မရော မြို့နယ် အတွင်းရှိ ပျားတောင်ပတ်ဝန်းကျင်ဒေသ (ဓာတ်ပုံ – ကောင်းဝါ)
အဆိုပါ လယ်မြေများအား ဇေကမ္ဘာကုမ္ပဏီ ပိုင်ရှင်ဦးခင်ရွှေက ဘိလပ်မြေ စက်ရုံတည်ရန် လွန်ခဲ့သည့် လအနည်းက သိမ်းယူခဲ့သည်။ (more…)
Posted in လယ်သမားရေးရာ, ဖြန့်ဝေခြင်း, News | Leave a Comment »
December 7, 2010
December 7th, 2010
နိုင်မာန် – လွတ်လပ်သောမွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်အတွင်း လာရောက်အလုပ်လုပ်ကိုင်နေကြသည့် အထက်မြန်မာပြည်မှ အလုပ်သမားများ
မွန်ပြည်နယ်အတွင်း နေရပ်အသီးသီးမှ အလုပ်လာလုပ်သူများ နေရပ်သို့ ပြန်ကုန်ခြင်းနှင့် အလုပ်သမားရှားပါးလာမှုကြောင့် လယ်ပိုင်ရှင်များ အလုပ်သမား အခက်အခဲဖြစ်နေကြသည်။ (more…)
Posted in လယ်သမားရေးရာ, ဖြန့်ဝေခြင်း, News | Leave a Comment »