Archive for the ‘ဝတ္ထုတို’ Category

ဘကုန်းနဲ့ ဘပြီး ဝလုံးနဲ့ ဝတဲ့ ဘဝ

December 20, 2010

ဘကုန်းနဲ့ ဘပြီး ဝလုံးနဲ့ ဝတဲ့ ဘဝ
မန်းလေပြေညင်း
ကိုယ့်နိုင်ငံက အစိုးရ အသုံးမကျလို့ သူများနိုင်ငံမှာ မျက်နှာငယ်ခံပြီး အောက်ကျနောက်ကျ လာကျွန်ခံနေရ တာပါ။ ဘယ်သူက နေချင်မှာလဲ။ ကိုယ့်နိုင်ငံမှာ အလုပ်လုပ်ရင် ပိုက်ဆံရတယ်ဆိုပေမယ့် စားမလောက်ဘူး။ ဝင်ငွေ ထွက်ငွေ မမျှဘူး။ ထိုင်းမှာတော့ စွန့်ပစ်ပစ္စည်းတွေ လိုက်ကောက်တာတောင် တွက်ခြေကိုက်တယ်။ မိ သားစု ဗိုက်ဝတယ်။ ကုန်ဈေးနှုန်းပေါ့။ နှစ်ဘက်စလုံးမှာ ကုန်ဈေးနှုန်းတွေ တက်တယ်ဆိုပေမယ့် ထိုင်းမှာ အ သက်ရှူလို့ ရသေးတယ်။ ဘာသာစကား အခက်အခဲ၊ လုံခြုံရေးအကျပ်အတည်းကြားမှာ ရုန်းကန်နေရပေမယ့် ကိုယ့်တိုင်းပြည်ထက်တော့ သာတာပဲ။ ကိုယ့်နိုင်ငံက လက်လုပ်လက်စားတွေက စားဖို့အတွက် ဆန်ကို ဘူးနဲ့ ပဲ ဝယ်စားနေရတဲ့အချိန်မှာ ဒီဘက်က လက်လုပ်လက်စားတွေက ပုံးနဲ့ ဝယ်စားနိုင်တယ်။ မရှိဘူးဆိုရင်တောင် တကီလိုလောက်တော့ ဝယ်စားနိုင်ပါတယ်။ ဝင်ငွေနဲ့ ထွက်ငွေ မျှတမှုရှိတယ်လို့ ဆိုရမှာပါ။ (more…)

နိဂုံးရဲ့နိဒါန်း

December 12, 2010

နိဂုံးရဲ့နိဒါန်း
သုည

ကျနော် ဗိုလ်လောင်းသင်တန်း စတက်စအချိန်ပေါ့။ ရင်ထဲမှာလည်း ဘဝင်လေဟပ်နေတယ်။ အဲဒီအချိန်က ဗိုလ်သင်တန်းဆိုတာ တော်တန်ရုံလူ တက်နိုင်တာမဟုတ်ဘူး။ အမှတ်မီမှ တတ်နိုင်တာပါ။ အမှန်တကယ်တော့ ကျနော့်အမှတ်က မီရုံတင်မကဘူး၊ ကျော်တောင်နေသေးတယ်။ အများကြီး ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ အဖွား က ဆေးတက္ကသိုလ်တက်ပြီး ဆရာဝန်လုပ်စေချင်တယ်။ အမေကတော့ အင်ဂျင်နီယာ လုပ်တဲ့။ အဖေကတော့ ဘာမှမပြောပါဘူး။ အဖေလည်း တပ်မတော်အငြိမ်းစားပဲ။ အဖေက ဘာကြောင့် စစ်ထဲဝင်ခဲ့လဲတော့ မသိဘူး။ ကျနော်ကတော့ စစ်ဗိုလ်ဖြစ်ချင်တာ တပိုင်းကိုသေရော။ ဆရာဝန်တို့၊ အင်ဂျင်နီယာတို့ဆိုတာ စစ်သား လောက် မမြင့်မြတ်ဘူးလို့ ထင်တယ်လေ။ ဒါကြောင့် အားလုံးကို (အဖေက လွဲပြီး) အတိုက်အခံလုပ်ပြီး ဗိုလ် သင်တန်းတက်ခဲ့တာပါ။ ပိုက်ဆံကတော့ ဘာကုန်သလဲမမေးနဲ့။ (more…)

အငတ်စာ – မောင်လှဝင်း (မြင်းခြံ) – နိဂုံးပိုင်း

December 2, 2010

နေ့သစ် – December 2nd, 2010

http://www.naytthit.net/wp-content/uploads/2010/12/mghlawin2.jpg

“ဒီမှာ ကိုဘညွန့် … ကြည့်စမ်းပါဦးဗျာ” ဦးဖြူမင်းက လှမ်းပြော သဖြင့် ကျွန်တော်သူ့ဘက်သို့ လှည့်လိုက်ရသည်။
“မျောက်စာထုပ်တဲ့ … ဘာတွေပါသလဲလို့ ကျုပ် ဖြေကြည့်လိုက်တာ … ကြည့်စမ်းပါဦး ဗျာ၊ ပြောင်းဖူးစေ့ ဆယ်စေ့လောက်၊ မြေပဲစေ့က ခုနစ်စေ့ ရှစ်စေ့လောက်နဲ့ ကျန်တာက အဖိုးမတန်တဲ့ ပဲကလေးတွေ ကတော့ထိုးပြီး ထည့်ထားတာ … ကျုပ် ရှစ်ထောင် တ သောင်း ဖိုးဝယ်တာ ဘယ်လောက်မှလည်း များများမရဘူး … မျောက်စာတထုပ်မှာပါတဲ့ ပဲစေ့ ပဲဆန်တွေကလည်း နည်းနည်းလေးပါတာ၊ ကျုပ်နည်းနည်းမှ မကျေနပ်ဘူးဗျာ … ကျုပ်ပိုက်ဆံတွေ မျောက်စာအတွက် ပေးလိုက်ရတာ မဟုတ်ဘူး၊ လူစာအတွက် ပေး လိုက်ရတာဗျ … သိလား … လူစာအတွက်” (more…)

မေတ္တာတရား ရှာပုံတော်

November 30, 2010

နေ့သစ် – November 30th, 2010

(၁) “မေမေ ဒီနေ့အားလားဟင်”

“မအားဘူး သမီးရဲ့၊ မေမေ သွားစရာရှိတယ်”

“မေမေကလဲ အမြဲတမ်း အလုပ်တွေနဲ့ ပြည့်နေတာချည်းပဲ”

“ဒီနေ့က အစည်းအဝေးရှိလို့ပါ သမီးရယ်။ သမီး ဘာလုပ်ချင်လို့လဲ”

“မေမေနဲ့တူတူ မုန့်သွားစားမယ်လေ။ —– ဆိုင်က ဖက်ထုပ်ကြော်က အရမ်းကောင်း တာ မေမေရ”

“မုန့်သွားစားတာပဲ သမီးရယ်။ သူငယ်ချင်းတွေနဲ့ သွားစားလေ။ သမီးက ကိုးတန်း ကျောင်းသူကြီးတောင် ဖြစ်နေပြီပဲ။ ကိုယ့်ဘာသာကိုယ် ပိုက်ဆံကို ကိုင်သုံးလို့ ရနေပြီပဲ ဟာ။ ဘာလဲ- ဖွားဖွားဆီက မုန့်ဖိုးမတောင်းရသေးလို့လား။ ရော့- မေမေ့ဗီဒိုသော့။ ကြိုက်သလောက်ယူသွား” (more…)

အငတ်စာ – မောင်လှဝင်း (မြင်းခြံ) – ၁

November 27, 2010

နေ့သစ် – November 27th, 2010

http://www.naytthit.net/wp-content/uploads/2010/11/mghlawin2.jpg

“ခင်ဗျားရဲ့ ပုဂံပြတိုက်က ဝန်ထမ်းအမျိုးသမီးတွေကတော့ VIP တွေလာရင် ရှင်းပြဖို့ အ တွက်ခန့်ထားတာ ထင်ပါရဲ့ဗျာ … လူကြီးတွေလာမှ ‘ပဲများပြီး’ ပျာယာခတ်နေကြတာ၊ ရုပ်သံလွှင့်တဲ့ မင်းသမီးတွေလို သမိုင်းကြောင်းကို ဟန်လုပ် ရှင်းပြတတ်တာ။ သာမန် ပြည်သူတွေ လာရင်တော့ မဂ္ဂဇင်း အဖတ်မပျက်၊ အတင်းတုတ်တာ မပျက် … နည်းနည်း လေးမှ အရေးမလုပ်ဘူး၊ ပြည်သူတွေ အရုပ်တွေ လျှောက်ကြည့်ရုံကလွဲပြီး ဘာအသိအ မြင်မှ မရပါဘူးဗျာ” (more…)

အငတ်စာ

November 25, 2010

နေ့သစ် – November 25th, 2010

တရပ်တည်းသားပေမယ့် ကျွန်တော်နှင့် ဦးဖြူမင်းကတော့ နည်းနည်းမှ အစေးမကပ်။ သူ က အဖြူဆို ကျွန်တော်က အမည်း။ ကျွန်တော်က အရှေ့ဆို သူက အနောက်။ ကျွန်တော်နဲ့သာ မဟုတ်၊ သူက ဘယ်သူနဲ့မှ သိပ်အစေးမကပ် လှတဲ့ လူ့ဂွ(ခွ)စာကြီး။ သူများတွေက ‘ဝ’ လုံး ရေးထားလျှင်တောင်မှ သူက လမင်းကြီးနဲ့ တူတယ်ဆိုပြီး ‘လ’ လို့ ဖတ်တတ်သည့် သူ။
ငယ်ငယ်ကတည်းက တရပ်တည်းနေလာကြသူတွေမို့ တယောက်အကြောင်း တ ယောက် အူမချေးခါးမကျန် သိကြသည်။ ရပ်ကွက်ဘောလုံးသင်းမှာဆိုလျှင် သူက ‘လူညစ်’ တွေနဲ့သာ ပေါင်းသင်းတတ်သူ။ (more…)

နာရီဆိုးများအောက်မှာ

November 10, 2010

နေ့သစ် – November 10th, 2010

(၁)

ဒက် … ဒက် … ဒက် … ဒက်

စက်သေနတ်သံတွေကြားထဲမှာ

ဒေါက် … ဒေါက် … ဒေါက်

စစ်ဖိနပ်တွေရဲ့အောက်မှာ

ပြားပြားမှောက်ခဲ့ရတဲ့ တို့တတွေရဲ့ဘဝတွေ၊ တို့ပြည်သူတွေရဲ့ဘဝတွေ စက္ကန့်၊ မိနစ်၊ နာရီမှသည် ရက်၊ လ၊

နှစ်၊ သက္ကရာဇ်တွေဆီ ခရီးဆက် ဆယ်စုနှစ်အလီလီကုန်ခဲ့ပေါ့။ တခါးခေါက်သံကြား တိုင်း ထိတ်လန့်စွာနိုးခဲ့ရ အိပ်မက်ဆိုးညများ၊ နာရီဆိုးများအောက်မှာ။ (more…)

လှုပ်ရှားနေသော တောင်တန်းစိမ်းများ (၄)

November 2, 2010

ဦးအိုက်စံက ကြိုတင်ပြုလုပ်ထားသော ဝါးဖောင်တစီးကို ဖွက်ထားရာမှ ယူလာခဲ့သည်။ ဖောင်ပေါ်တွင် ဝါးပိုးကို ထွင်းခုတ်ထားသော လှော်တက်များနှင့် ချိတ်တပ်ထားသော အလုံးသေးသေးတောင့်တောင့် ဝါးကိုင်းရှည်တချောင်း ပါသည်။ သူတို့သည် ပါလာသော ပစ္စည်းများကို ဝါးဖောင်အလယ်တွင် စုချည်ကာ နှီးဖြင့် တုပ်နှောင်လိုက်သည်။

“အားလုံး တချည်တည်း ရမလား”

ဦးအိုက်စံ ခေါင်းညိတ်ပြသည်။ လူခြောက်ယောက် တက်စီးလိုက်သဖြင့် ဝါးဖောင်သည် ရေတွင်ပေါ်ရုံသာ ရှိတော့သည်။

“ကဲ ထွက်မယ်”

သူတို့ထဲတွင် ရေကူးတတ်သူရော မကူးတတ်သူရော ပါသည်။ ရေကူးတတ်သူကလည်း ကန်တော်ကြီး၊ အင်းလျား စသည့် ရေသေတွင်သာ ကူးဖူးသူများဖြစ်သဖြင့် ရေစီးကြမ်းသော ဝါခေါင်လ ဒုဋ္ဌဝတီနဂါးမင်းနှင့် အပြိုင်ကူးဖို့ မဝံ့ချေ။

ဖောင်ကလေးသည် ရေစီးကြောင်းအတိုင်း တဟုန်ထိုး စီးမျောသွားပေပြီ။ ရွှံ့ရေဖြင့် ရိုက်ပုတ်မှုကြောင့် သူတို့အားလုံး စိုရွှဲကုန်ကြပြီ။ ရေကန်သာမှာ လှေအပျော်စီးခြင်းမဟုတ်။ ယောက်ျားဖောင်စီး မိန်းမမီးနေ ဆိုသည့် စကားကို သူတို့ လက်တွေ့ကြုံနေရသည်။

“လှော်ပါဟ လှော်ပါ”

“မျောပြီ မျောပြီ ဖိလှော်ပါဟ ရှေ့မှာ ဝဲရှိတယ်”

ကြောက်ကြောက်ရွံ့ရွံ့နှင့် ငုပ်တုတ်ထိုင်နေသူများသည် ခြေစုံရပ်ကာ တတ်သလောက် မှတ်သလောက် အားကုတ်ထုတ် လှော်ကြတော့၏။ သို့ရာတွင် ဖောင်သည် ရေလယ်မှမခွာ ရေစီးအတိုင်း တဟုန်ထိုး မျောလေသည်။ ဖောင်ဦးမှ လှော်နေသည့် ဦးအိုက်စံကို လှမ်းကြည့်လိုက်တော့ စိုးရိမ်ပူပန်သည့် အရိပ်အယောင်ကို မြင်ရသည်။

“လှော်ဟေ့ လှော်ဟေ့ အားစိုက်လှော်ကြ”

“ဝုန်း”

ဦးအိုက်စံသည် မပြောမဆို ရေထဲခုန်ချကာ ဖောင်ဦးမှနေ၍ အားစိုက်ကာ ဖောင်ကို ရေစီးကြောင်းအတွင်းမှ ဆွဲထုတ်သည်။ ဆွဲရင်း လှော်ရင်း ရုန်းရင်း ကန်ရင်း ဖောင်သည် ကမ်းတဖက်သို့ ကပ်သည်ထက် ကပ်လာခဲ့သည်။

သို့ရာတွင် တဖက်ကမ်းမှ ရေစီးက ပုတ်ထုတ်နေသဖြင့် ဖောင်သည် ကမ်းသို့ တော်တော်နှင့်ကပ်၍မရ၊ ဆက်၍ မျောပြန်သည်။

“ချိတ် ချိတ် … ချိတ်နဲ့ဆွဲ”

ဦးအိုက်စံသည် အသင့်လုပ်ထားသော ဖောင်ပေါ်ပါလာသည့် ဝါးချိတ်ဖြင့် တယောက်က ကမ်းစပ်နီးရာ သစ်ကိုင်း သစ်ခက်များသို့ ချိတ်ဖြင့် လှမ်းဆွဲသည်။ သုံးလေးချက်မျှ ကြိုးစားလိုက်တော့မှ သစ်ကိုင်းတကိုင်းနှင့် ချိတ်မိပြီး မျောနေသော ဖောင်သည် တုံ့ခနဲ တန့်သွားသည်။ ဝါးကိုင်းကိုဆွဲကာ ဖောင်ကို ကမ်းသို့ကပ်ရသည်။

ခုမှ အားလုံးစိတ်အေးသွားသည်။ ရေထဲမှ ပြန်တက်လာသော ဦးအိုက်စံ၏ မျက်နှာသည် ယခုမှ ပုံမှန်အတိုင်း ဝင်းပလာကာ နှစ်ခြိုက်စွာ ပြုံးလိုက်သည်။ သူ့အပြုံးတွင် တာဝန်ကြီးတရပ် ပြီးဆုံးသွား၍ စိတ်ချလက်ချ ဖြစ်သွားသည့်အသွင် ပေါ်လွင်လှပေသည်။ လွတ်လပ်မှုအပြုံးသည် အားလုံးသို့ ကူးစက်သွား၏။ ရိုးသားသော တာဝန်ယူစိတ်ကြီးသော တောင်ပေါ်သား ရှမ်းအမျိုးသားကြီးအပြုံးကို သူတို့ ဘယ်တော့မှ မေ့နိုင်ကြတော့မည် မဟုတ်ချေ။

“ရှေ့မှာ ကွေ့ရှိတယ်။ ကျောက်ဆောင်လည်း ပေါတယ်။ ဝဲတွေလည်း ပေါတယ်။ ဆက်မျောသွားရင် ဗမာ (စစ်တပ်) တပ်စခန်းလည်း ရှိတယ်”

ဦးအိုက်စံက စိုးရိမ်စွာပြောသည်။ ထိုစဉ်က ကမ်းပါးတလျှောက် ချုံနွယ်များကို တိုးဝှေ့လာသော သစ်ရွက်စိမ်း ယူနီဖောင်းဝတ် ရဲဘော်တယောက် ပေါ်လာသည်။ သူနဲ့အတူ ရဲဘော်တချို့ပါလာသည်။

“စိုးရိမ်လိုက်တာဗျာ။ ခင်ဗျားတို့ တော်တော် မျောသွားသလားလို့”

“ရေစီးတော်တော် ကြမ်းတယ်ဗျို့။ ဦးအိုက်စံ ကောင်းပေလို့”

သူတို့ နှစ်ဖာလုံလောက် မျောခဲ့သည် ထင်သည်။ တဖက်ကမ်း သူတို့ထွက်လာသော နေရာကို လျှပ်ရောင်တွင် အတော်ဝေးဝေးမှာ မြင်ရသည်။ လာကြိုသည့် ရဲဘော်ကြီးမှာ ၁၉၆၂ ဇူလိုင် ၇ အရေးအခင်းကာလက အညာသား ကျောင်းသား ရဲဘော်ဟောင်းကြီး တယောက်ဖြစ်မှန်း နောင်မှသိရသည်။

မြစ်တဖက်ကမ်းသည် ပြောက်ကျားအခြေခံဒေသ၊ တစိတ်တပိုင်း လွတ်မြောက်ဒေသဟု ပြောနိုင်သည်။ သူတို့သည် စကားတပြောပြောနှင့် တောင်ပေါ်လမ်းအတိုင်း တက်ခဲ့ကြသည်။ ယခုမှပဲ စိတ်ချလက်ချ လွတ်မြောက်သွားတော့သည်။ ကချင်က ခုန်ချင်ခုန် အော်ချင်အော် ဟစ်ချင်ဟစ်၊ ဝရမ်းပြေးနှင့် ထောင်ထွက်များသည် ပြည်သူ့တပ်မတော်သား ပြောက်ကျား ရဲဘော်သစ်လွင်များ ဖြစ်သွားကြလေပြီ။

ဆက်လက်ဖော်ပြပါမည်။

ကိုသီလနှင့် သူ့ကလေးများ၏ စာစီစာကုံးများ

October 28, 2010

ကမာပုလဲ

ရှေ့မှာ ပြောခဲ့သလို ကိုသီလဆိုတဲ့ မိုင့်ဂရင့် ကျောင်းဆရာလေးရဲ့ ဇာတ်လမ်းတွေက ထူးပေမယ့် မဆန်းတဲ့ ဇာတ်လမ်းတွေပါပဲ။ မဆန်းရင်လည်း ဘာလို့ ရေးပြ၊ ပြောပြနေသလဲလို့ အမနာပ ချီးမွမ်းကဲ့ရဲ့ရင်လည်း ခံရမှာ ပါပဲ။ အဖြေကတော့ ရှင်းပါတယ်။ ကိုသီလက သူ့အတွေ့အကြုံတွေထဲကနေ သိပ်ပြောပြချင်တဲ့ ဇာတ်လမ်းက လေးတွေကို မမျိုနိုင်၊ မသိပ်နိုင်လွန်းလို့ ခုလို ပေထက်အက္ခရာတင် ပြောဖြစ်နေတာပါ။ ခုပြောမယ့် ဇာတ်လမ်း ကလေးကလည်း ကိုသီလရဲ့ မြန်မာစာ စာသင်ခန်းထဲက ကလေးတွေရဲ့ စာစီစာကုံးကလေးတွေကို ဖတ်ရှုအ ကဲခတ်ရင်း ကိုသီလရဲ့ရင်ထဲမှာ နင့်ကနဲ၊ လှိုက်ကနဲ၊ လွမ်းမောဖွယ်၊ ကြည်နူးဖွယ်၊ အလှတရား … စတဲ့ ခံစား မှုရသတွေကို မပြောရရင် မနေနိုင်လွန်းလို့ ခုလိုပြောပြဖို့ ကြိုးစားခဲ့တာပါ။ စာနာနားလည် ခံစားတတ်တဲ့ နှလုံး သားနဲ့ နာပါလေ …။ (more…)

ပျံသန်းနိုင်စွမ်း တောင်ပံများနှင့် နှင်းဖြူဇီးကွက်များ

October 24, 2010

ပျံသန်းနိုင်စွမ်းတောင်ပံများနှင့် နှင်းဖြူဇီးကွက်များ

မျိုးမြင့်ချို

မည်သူ ဖွင့်လိုက်သည်မသိ။ အခန်းထဲတွင် “လှောင်ချိုင့်ထဲက တေး” သီချင်းသံ လွင့်ထွက်လာ၏။ ကျနော့် စိတ်အလျဉ်က ရုတ်တရက် တုန့်ကနဲ ရပ်သွားသလိုလို။ ထို့နောက် သီချင်းသံကို ကြားတချက်မကြားတချက်။ ဖတ်လက်စ စာအုပ်နှင့် သီချင်းသံအကြား အတွေးများ စုန်ချီဆန်ချီ ကူးလျက်။ သည်အခြေအနေသည် တိုက် ဆိုင်မှုတရပ်သာဖြစ်သည်ဆိုလျှင်လည်း အတော်ထူးခြားသည့်တိုက်ဆိုင်မှုဟုသာ ပြောရမည်ဖြစ်သည်ထင်၏။ (more…)


Follow

Get every new post delivered to your Inbox.