Archive for the ‘သတင်းဆောင်းပါး’ Category

အတု မိမယ် သတိထား

October 14, 2010

October 14th, 2010 – မမခင်

စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ညီလာခံအတုကလာတဲ့ ဖွဲ့စည်းပုံ အတုကြီးဆိုတာတော့ လူတိုင်းသိနေပြီးသားပါ။ လူတိုင်းသိပြီးသားဆိုပေမဲ့ သမာဒိဌိ – အမြင်ကြည်လင်သူတိုင်း သိတာကို ဆိုလိုပါတယ်။ အမြင်မှား အာရုဏ်မှား အတွေးမှားများနဲ့ မောဟတိမ်သလ္လာဖုံးနေသူများကတော့ အတုကို အစစ်ထင်နေချင် နေကြမှာပါဘဲ။

တကယ်တော့ စစ်အစိုးက အာဏာလွဲမပေးချင်လို့ လုပ်နေတဲ့ လမ်းပြမြေပုံတခုလုံးက လမ်းလွဲပြ မြေပုံအတုကြီးပါဘဲ။ ပြည်သူလူထု သွားချင်တာက လွတ်လပ်ပွင့်လင်းပြီး လူ့အခွင့်အရေးနဲ့ ပြည့်စုံတဲ့ ဒီမိုကရေစီ ခရီးလမ်း၊ စစ်အစိုးရက ဖေါ်ဆောင် ခေါ်ဆောင်နေတာက အာဏာကို အကြွင်းမဲ့ ထိန်းချုပ်တဲ့ စစ်ကျွန်ပြုရေးလမ်း၊ လမ်း (၂) လမ်းက လားရာမတူ၊ ဦးတည်ရာမတူ၊ direction မတူ၊ အရှေ့နဲ့ အနောက်၊ တောင်နဲ့ မြောက်၊ ထက်အောက်ဖီလာ ဆန့်ကျင်နေတာ သေချာပါတယ်။ (more…)

ရှပ်နီဆန္ဒပြပွဲတွေကို ရံပုံငွေထောက်ပံ့နေတဲ့ နိုင်ငံရေး

June 26, 2010

ဇွန် ၂၅၊ ၂၀၁၀ (ဘန်ကောက်ပို့စ်)

Saturday, June 26, 2010

အရေးပေါ်အခြေအနေဆုံးဖြတ်ရေးဌာနက ကုမ္ပဏီတွေနဲ့လူပုဂ္ဂိုလ်တွေကို မကြာသေးခင်ကဖြစ်ခဲ့တဲ့ ရှပ်နီဆန္ဒပြပွဲတွေကို ဘဏ္ဍာရေး ထောက်ပံ့နေသူတွေအဖြစ် စွပ်စွဲလိုက်ပြီး လူဆိုးစာရင်းသတ်မှတ်လိုက်တာဟာ အံ့သြစရာ မဟုတ်ပါဘူး။ (more…)

ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး

June 5, 2010

စနေ, 05 ဇွန် 2010 (VOA)

တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူချက် (၁၅) ခုကို နေပြည်တော်မှာ လက်မှတ်ထိုးလိုက်တာဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်နိုင်တာ ဖြစ်တယ်လို့ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် (Wen Jiabao) က ပြောဆိုကြောင်း တရုတ်အစိုးရ ရှင်ဟွာ သတင်းအရ သိရပါတယ်။

တရုတ်အစိုးရဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်ဆံရာမှာ ကူညီထောက်ပံ့တဲ့နည်းကို သုံးပါတယ်။ ငွေကြေးထောက်ပံ့မှု၊ စစ်လက်နက်ပစ္စည်း ရောင်းချမှု၊ ယဉ်ကျေးမှု ဖလှယ်မှု၊ ကုန်သွယ်ရေး တိုးချဲ့ မှု စသည်တို့နဲ့ မိမိအကျိုးစီးပွားကို မြှင့်တင်ဖို့ တရုတ်က အမြဲတမ်း ကြိုးစားနေပါတယ်။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေးမှာလည်း တရုတ်ကို ပါဝင်စေချင်ကြပါတယ်။ (more…)

နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားကြခြင်း

April 19, 2010

Monday, 19 April 2010 20:11 တူမောင်ညို (ရိုးမ ၃)

၂၀၁၀ ပြည့်နှစ်၊ မတ်လ (၈) ရက်နေ့တွင် (နအဖ) စစ်အစိုးရက အောက်ပါဥပဒေ (၅) ရပ်ကိုထုတ်ပြန်ကြေညာခဲ့ပါသည်။

- ဥပဒေအမှတ် (၁/၂၀၁၀)  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ

- ဥပဒေအမှတ် (၂/၂၀၁၀)  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ

- ဥပဒေအမှတ် (၃/၂၀၁၀)  ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ

- ဥပဒေအမှတ် (၄/၂၀၁၀)  အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ

- ဥပဒေအမှတ် (၅/၂၀၁၀)တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ (more…)

ဒေါ်အောင်ဆန်းစုကြည်ပြီးရင် နယ်ခြားမစောင့်တဲ့ ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

September 2, 2009

Wednesday, 02 September 2009 12:12 မင်းထက်အောင်

E-mail Print

“တကမ္ဘာလုံးက အသိအမှတ်ပြုလေးစားခံရတဲ့ ဗမာပြည်ရဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးတောင်မှ ခင်ဗျားတို့ အဲလောက်အထိ လုပ်ရက်နိုင်သေးတယ်။ ကျနော်တို့က ခင်ဗျားတို့နဲ့ သွေးမတော် သားမစပ်၊ လူမျိုး/ဘာသာစကားလည်း မတူဘူး၊ ကျနော်တို့အလားအလာက သူမထက်ပိုဆိုးသွားနိုင်တယ်။ တကယ်လို့ ကျနော်တို့ ခေါင်းညိတ်လိုက်မယ်ဆိုရင် နောင်တချိန် အစွယ်ကျိုး အဆိပ်မဲ့ဖြစ်သွားတဲ့ ကျုပ်တို့ကို ခင်ဗျားတို့ ဖမ်းမယ်ဆီးမယ် လုပ်လာရင် အကျဉ်းထောင်မပြောနဲ့ ကြက်တွေဝက်တွေလိုလှောင်တဲ့  ခြင်း/တောင်းတောင် လောက်မှာမဟုတ်ဘူး” နယ်ခြားစောင့်တပ်ဖွဲ့ ကိစ္စနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ဇွန်လလယ် လောက်မှာ UWSA ခေါင်းဆောင်တစ်ဦးက နအဖအကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ကို ပြောဆိုခဲ့တာ သျှမ်းသံတော်ဆင့်အင်တာနက်မှာ ဖတ်ရှုခဲ့ရတာကို ပြန်လည်အမှတ်ရနေမိပါတယ်။ (more…)

ပြည်သူက မြစ်တစင်း၊ စစ်အစိုးရက ရေခွက်ငယ်

May 19, 2009
E-mail Print

မြန်မာ စစ်အစိုးရဟာ သူတို့ရဲ့ လမ်းပြမြေပုံ (၇) ချက်ထဲက ၂၀၁၀ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် အတိုက်အခံ နိုင်ငံရေးသမားတွေကို ပါဝင်ခွင့်မရအောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားဖယ်ရှင်းနေပြီ ဖြစ်ပါတယ်။ ဒီအထဲမှာ နောက်ဆုံးလုပ်ရပ်ကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမဲ့အချိန်မှာ နောက်ထပ်ဖမ်းဆီးထားနိုင်အောင် လုပ်ကြံဇာတ်လမ်းတခု ဖန်တည်းပြီး အင်းစိန်ထောင်ကို ပို့၊ နောက်တော့ ရာဇဝတ်ပြစ်မှု ပုဒ်မ (၂၂) နဲ့ တရားစွဲဆိုလိုက်ပြန်တာပါပဲ။

ဒီလုပ်ရပ်ဟာ ပြည်သူလူထုထောက်ခံမှု အပြည့်အဝရထားတဲ့ လူထုခေါင်းဆောင်ကို လူထုနဲ့ မထိတွေ့နိုင်အောင် စီမံတဲ့ အစီအမံ အကောက်ကြံမှုတခုသာ ဖြစ်တယ်ဆိုတာ မြန်မာပြည်သူပြည်သားတွေသာမက ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံတကာကပါ သိသာမြင်သာတဲ့ ကိစ္စဖြစ်ပါတယ်။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ ရာဇဝတ်ပုဒ်မ (၂၂) ဟာ တားဆီးပိတ်ပင်မှုကို ဖောက်ဖျက်တယ်ဆိုတဲ့ ပုဒ်မဖြစ်ပါတယ်။ (more…)

ထိုင်းဝန်ကြီးချုပ် အာဘီဆစ်နှင့် ကျည်ကာကား

April 29, 2009

သတင်းထောက် ဟန်တင်အောင် / ၂၃ ဧပြီ ၂၀၀၉

ထိုင်းနိုင်ငံမှာ အနီဝတ်ဆန္ဒပြသူများ၏ အကြမ်းဖက်မှုနောက်ပိုင်း ထူးခြားသည့်အချက်မှာ ကျည်ကာ ကားများ ခေတ်စားလာခြင်းဖြစ်သည်။ ကားကုမ္ပဏီများကလည်း မိမိတို့ကျည်ကာကား မည်မျှအစွမ်းထက်ကြောင်း ထိုင်းနိုင်ငံရေးသမားတွေကို အလုအယက် ကြော်ငြာကြသည်။

ဝန်ကြီးချုပ် အာဘီဆစ်၏ BMW ကားကို ပတ္တယားမြို့မှာ အနီဝတ်တွေ တိုက်ပြီးနောက်ပိုင်း ထိုင်းဝန်ကြီးချုပ် အတွက် အစိုးရက၀ယ်ထားသည့် ကျည်ကာကားကို အာဘီဆစ်က ပြောင်းစီးသည်။ ပြည်ထဲရေးဝန်ကြီးဌာနမှာ အာဘီဆစ်စီးသည့် ကျည်ကာကားကို အကြမ်းဖက်သူတွေက ပန်းအိုးများ၊ ကျောက်ခဲများ၊ တုတ်များဖြင့် ပစ်ပေါက်ခဲ့ သော်လည်း ၀န်ကြီးချုပ် အာဘီဆစ်ကို မထိခိုက်ခဲ့ပေ။ ကျည်ကာကားက ကြံ့ကြံ့ခံနိုင်ခဲ့သည်။ ထိုမြင်ကွင်းကို ရုပ်မြင်သံကြားလိုင်းမျိုးစုံက မကြာခဏပြခဲ့သည်မှာ အာဘီဆစ်၏ ကျည်ကာကားကို ကြော်ငြာပေးနေသလား မှတ်ရသည်။ ပီအေဒီခေါင်းဆောင် ဆွန်ထိကိုပါ လက်နက်ကိုင်အုပ်စုက သေနတ်ဖြင့် ၀ိုင်းဝန်းပစ်ခတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ကျည်ကာကားကို ထိုင်းခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေ မျက်စိကျလာသည်။ (more…)

လှိုင်သာယာ Daiko Myanmar အအေးခန်းစက်ရုံ လုပ်ငန်းများရပ်ဆိုင်း

April 9, 2009

အောင်ထက် / ဧပြီလ(၈) ရက်၊ ၂၀၀၉

ကမ္ဘာ့စီးပွားရေးကျဆင်းမှုသည် နိုင်ငံတိုင်း ထိပ်တိုက်ရင်ဆိုင်နေရသလို နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများ ကြောင့် မြန်မာနိုင်ငံ အအေးခန်းစက်ရုံ မြောက်မြားစွာထဲမှ နာမည်ရစက်ရုံတရုံ ဖြစ်သည့် လှိုင်သာယာစက်မှုဇုန် (၃)၊ ကျန်စစ်သား လမ်းမပေါ်ရှိ Daiko Myanmar အအေးခန်းစက်ရုံသည် ကုန်ကြမ်းပြတ်လပ်၍ ဆိုကာ မတ် (၃၁) ရက်နေ့က လုပ်ငန်း ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။ (more…)

အိုဘားမားနှင့် ဂျိန်းစဘွန်းကား

April 7, 2009

သတင်းထောက် ဟန်တင်အောင် / ဧပြီလ(၆) ရက်၊၂၀၀၉

အမေရိကန်သမ္မတ အိုဘားမားအတွက် သီးသန့်ထုတ်လုပ်ထားသည့် The Beast ကားကြီးကို မကြာခင်က လန်ဒန် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲမှာ စီးပြလိုက်သည့်ပြင် အဆိုပါကား၏ စွမ်းရည်တချို့ကို အနောက်နိုင်ငံ သတင်းစာများ က ထုတ်ဖော် လိုက်သည့်အတွက် ကမ္ဘာ့ပြည်သူအများ စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။

ဂျိန်းစဘွန်းကားကဲ့သို့ စွမ်းရည်ထက်မြက်သည့် ကားကြီးကို လန်ဒန်မှာသာမက ပြင်သစ်နိုင်ငံ စတရက်ဘာ့၊ ချက်နိုင်ငံ ပရပ်နှင့် တူရကီနိုင်ငံ အစ္စတန်ဘူထိ အိုဘားမား ခရီးဆက်ခဲ့သည့်အတွက် The Beast မှာ သွားလေရာ ပိုလူသိများလာသည်။ (more…)

ကော့သောင်းယုဇနဆီအုန်းစိုက်ပျိုးရေးစီမံကိန်းမှ အဓမ္မခိုင်းစေမှုများ

April 7, 2009

အောင်ထက်/ ဧပြီလ(၆) ရက်၊၂၀၀၉

ကော့သောင်းမြို့နယ် ယုဇနဆီအုန်းစိုက်ပျိုးရေးခြံ၌ စရိတ်ငြိမ်းတနေ့ (၅,၀၀၀) ကျပ်ရမည်၊ ပြန်လိုက အချိန်မရွေး ပြန်နိုင် စသည်ဖြင့် မြန်မာနိုင်ငံ အောက်ခြေကျေးလက်များအထိ ယုဇနဆီအုန်းကိုယ်စားလှယ်များက လိုက်လံ စည်းရုံးသိမ်းသွင်းနေသော်လည်း ကော့သောင်းမြို့ ဆီးအုန်းခြံသို့ရောက်ပြီးနောက် ကိုယ်စားလှယ်များပြောသလို တခုမှမဟုတ်ဘဲ စနစ်တကျ အကွက်ဆင်လိမ်လည်ခေါ်ယူနေခြင်းသာဖြစ်ကြောင်း ထွက်ပြေးလာသည့် အလုပ်သမားများက ပြောသည်။ (more…)


Follow

Get every new post delivered to your Inbox.