ရန်ကုန်သားတာတေ Wednesday, 29 December 2010 19:34 – ဧရာဝတီ
ကျွန်ုပ် ရန်ကုန်သားတာတေသည် တပတ်တပတ် ဗုဒ္ဓဟူးနေ့ ရောက်လေတိုင်း ထွေရာလေးပါး ကဏ္ဍအတွက် ခေါင်းစားရသည့် အဖြစ်ကို များစွာ စိတ်ပင်ပန်းလျက်ရှိလေသည်။ ယခုတခါ နှစ်ကုန်ခါနီးအချိန် ဒေဝါလီမဂ္ဂဇင်း ရုံးပိတ်ရက် နီးလာ ပြန်သော ကြောင့် ရုံးပိတ်မည်ကို မျှော်တွေး လက်ချိုးရေရင်း ဟိုယောင်ယောင် သည်ယောင်ယောင်နှင့် အချိန်က ကုန်မှန်းမသိ ကုန်သွား ပြန်လေရာ … ထွေရာလေးပါးကဏ္ဍ ပြန်စရမည့် ဗုဒ္ဓဟူးနေ့သို့ ပြန်လည်ရောက်ရှိလာတော့မှ ဘာရေးရမှန်းမသိ ဖြစ်နေလေရာ ဘာမှ မရေးတော့ဘဲ ချင်းမိုင်က မြန်မာ ထမင်းဆိုင် အသစ်တွင် စားလို့ရတာမှန်သမျှ မှာယူ စားသောက်ရင်း ကုန်ကြမ်း ရှာချင်ယောင် ဆောင်နေလိုက်လေသည်။
ထိုစဉ် ကျွန်ုပ်ရှေ့သို့ ဇာတ်လိုက်ကျော် ဖိုးရှုပ်နှင့်ကြွက်စုတ်တို့ စကားတပြောပြောနှင့် ရောက်လာလေသည်။ သူတို့ နောက်မှာတော့ ခပ်ငိုင်ငိုင် မျက်နှာပေးနှင့် ဦးရုက္ခစိုးဖြစ်၏။ သူတို့ ၃ ဦးစလုံး ကျွန်ုပ်တာတေကို မမြင်ကြပေ။ (more…)




ထိုင်းက အားပေးရန် ငှားထားသည့် တီးဝိုင်းဆရာများမှာ တဝုန်းဝုန်း နားညည်းလောက်အောင် တီးနေကြသကဲ့သို့ ချင်းမိုင်ရောက်မြန်မာများကလည်း မြန်မာအသင်းကို အားကြိုးမာန်တက် သံကုန် အော်ဟစ် အားပေးကြသည်။


ထို့ကြောင့် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် ဦးရုက္ခစိုးကြီးသည်လည်း အဲဇလုံမစီးဘဲ မြန်မာပြည်သို့ နတ်တို့တန်ခိုးဖြင့် နှစ်ဆတိုးကာ ခရီးပျော့ နှင်လိုက်ရလေတော့သည် (စကားချပ် – နတ်တန်ခိုးနှင့် ဖြစ်သောကြောင့် ခရီးက မပြင်းဘဲ ပျော့သွားခြင်း ဖြစ်သည်)