Archive for the ‘အတ္ထုပ္ပတ္တိ’ Category

မိုးတပေါက်နဲ့လည်း ပိတောက်ပွင့်နိုင်တယ်

April 9, 2010

ငြိမ်းဝေ Thursday, April 08, 2010 (ဧရာဝတီ)

E-mail Print

“ပန်းဝေဝေ” စာအုပ် အငှားဆိုင် ကလေးထဲက မီးရောင်က ဆိုင်အပြင်ဘက် ကိုက်အနည်းငယ် အကွာအထိ လင်းနေသည်။ ရထား လမ်းနှင့် စာအုပ်ဆိုင် ကလေးကြားက မြေကွက်လပ် ပေါ်မှာလည်း မီးရောင်က ရောက်နေသည်။

လွန်ခဲ့သည့်နာရီဝက် ခန့်ကတော့ ထိုမြေကွက်လပ်ရှိ စားပွဲဝိုင်းကလေးဘေးမှာ လူတချို့ထိုင်နေခဲ့ကြ သေး၏။ စာရေးဆရာ တက္ကသိုလ်တင်မြင့်၊ ဆရာ ဦးရမ်းမဂျိ၊ ကိုခင်မောင်ကြည်နှင့်အတူ သူလည်းပဲ လက်ဖက်ရည်ဝိုင်းဖွဲ့ ထိုင်နေခဲ့ ၏။ ဇေယျဝတီမြို့ သကြားစက် ဝန်းကြီးထဲဝင်ရာ ကားလမ်းက စာအုပ်ဆိုင်ကလေးနှင့် ကိုက် ၃၀ ခန့်အကွာတွင် ရထားလမ်းကို ကန့်လန့် ဖြတ်ပြီး ရှိနေ၏။ (more…)

(၉၀) ပြည့် ဆရာဒဂုန်တာရာ၏ အတ္ထုပ္ပတ္တိ

May 10, 2009

(မြန်မာ့အွန်လိုင်းစွယ်စုံကျမ်းမှ ရယူပါသည်)

မွေးသက္ကရာဇ် – ၁ဝ၊ ၅၊ ၁၉၁၉
အမည်ရင်း – ဦးဌေးမြိုင်
မိဘအမည် – ဦးဘအုန်း + ဒေါ်ဖွားရှင်
မွေးဖွားရာဒေသ – ထိုင်ကူမြစ်တန်းရွာ (မွန်ရွာ)၊ ကျိုက်လတ်မြို့နယ်
ကလောင်အမည်ခွဲများ – မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦး တိုး၊ မောင်လင်းထက်၊ ဗညားသီဟ၊ ဦးဒဂုန်
ထင်ရှားကျော်ကြားမှု – မြန်မာ့သမိုင်းဆိုင်ရာတွင် အားကိုးလောက် သော ကျမ်းများကို အင်္ဂလိပ်၊ မြန်မာဘာသာများဖြင့် ပြုစုခဲ့၊ ရာထူး စည်းစိမ်ကို ငဲ့ကွက်ခြင်းမရှိဘဲ ပညာရှင် ပီသစွာ ရပ်တည်မှုကြောင့် အ ထူးကျော်ကြား။

ဆရာဒဂုန်တာရာသည် ရန်ကုန်မြို့ (၇) လမ်းရှိ အောင်ဇေယျမင်္ဂလာ မြန်မာစာသင်ကျောင်းတွင် ပညာသင် ကြားသည်။ ထို့နောက် ကျိုက်လတ်အမျိုးသားကျောင်း (၁၉၂၇ – ၃၆) တွင် လည်းကောင်း၊ ရန်ကုန် ရေကျော် မက်သဒစ်ကျောင်း (၁၉၃၆ – ၃၇) တွင် လည်းကောင်း ပညာဆက်လက်သင်ကြားသည်။ ၁၉၃၇ ခုနှစ်တွင် ဆယ်တန်းအောင်သည်။ (၁၉၃၇ – ၄ဝ) ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဆက်လက်ပညာသင်ကြားခဲ့သည်။
(more…)


Follow

Get every new post delivered to your Inbox.