Archive for the ‘အပစ်ရပ် အဖွဲ့များ သတင်း’ Category

ဒီကေဘီအေ တပ်ဖွဲ့က နအဖ တပ်သားတဦးကို ဖမ်းမိ

December 30, 2010
နေ့သစ် – December 30, 2010

တိုက်ပွဲတွေဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ ဝေါ်လေဒေသထဲမှာ ဒီကေဘီအေ တပ်ဖွဲ့က နအဖ တပ်သား တဦးကို မနေ့က ဖမ်းဆီးရရှိခဲ့ပါတယ်။

နအဖ တပ်သားကို ဖမ်းဆီးမိတဲ့ နေရာက အော့ကလေးထရွာ ပတ်ဝန်းကျင်က မော်သုထတောင်ကျောနေရာမှာ ဖြစ်ပြီး ဒီကေဘီအေ ဗိုလ်မော်ကဲကဲ ဦးစီးတဲ့ တပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့တာဖြစ်ပါတယ်။ (more…)

စစ်အစိုးရနှင့် မွန်ပြည်သစ်တို့၏ လက်ရှိအခြေအနေ

December 29, 2010

December 29th, 2010

နိုင်မာန် - လွတ်လပ်သောမွန်သတင်းအေဂျင်စီ

စစ်အစိုးရဘက်မှ နောက်ဆုံးဖိအားပေးမှုအပေါ် မွန်ပြည်သစ်ပါတီအနေနှင့် လက်မခံကြောင်း ငြင်းဆိုပြီးနောက်ပိုင်း နောက်ထပ် ဖိအားတစုံတရာ ပေးလာခြင်းမရှိမှုအပေါ် သံတယဖြစ်စရာဖြစ်ကြောင်း ပါတီဝင်တွေက ပြောသည်။

“ကျနော်တို့ ပါတီဝင်တွေအပေါ် ဘာဖိအားမှ ပေးလာတာမရှိဘူး၊ ကျနော်တို့က အဖွဲ့ငယ်တွေဖြစ်လို့ အေးဆေးတဲ့သဘောနဲ့ လွှတ်ထားတာလား ဒါမှမဟုတ် မွန်ပြည်သစ်ပါတီနဲ့ သေနတ်သံကြားရင် ပြည်တွင်းကိုပါ ကူးသွားမှာကိုဆိုးလို့လား ကျနော်တို့လည်း အကဲခတ်လို့မရဘူးဖြစ်နေတယ်၊ ကျနော်တို့အပေါ် နောက်ထပ် ဖိအားမပေးလာတာက ထူးတော့ ထူးဆန်းနေတယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။ (more…)

ထိုင်းနယ်စပ်အနီး တိုက်ပွဲတွေဆက်ဖြစ်

December 25, 2010

သောကြာ, 24 ဒီဇင်ဘာ 2010 – VOA

ထိုင်း-မြန်မာနယ်စပ် မြ၀တီခရိုင်ထဲက ဖလူးကြီးဖလူလေးရွာဘက်မှာ မြန်မာစစ်အစိုးရတပ်တွေနဲ့ ဒီကေဘီအေ ခေါ် တိုးတက်သော ကရင်ဗုဒ္ဒဘာသာတပ်တွေ တိုက်ပွဲဖြစ်တာဟာ မနက် ၆ နာရီကနေ နေ့လည် ၁ နာရီလောက်အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်က ထိုင်းဘက်ခြမ်းကနေ ကွေ့ဝင်ပြီး နောက်ကျောဘက်ကနေ လာရောက် ပစ်ခတ်မူတွေပါ လုပ်လာတယ်လို့ ဒီကေဘီအေက ပြောပါတယ်။

အဲဒီ ပစ်ခတ်မူတွေကြောင့် မင်းလက်ပံရွာသားတချို့ ထိခိုက်မူတွေ ရှိနေကြပြီး ဖလူးကြီးဖလူလေးနဲ့ မင်းလက်ပံရွာက ရွာသားတွေ ရာနဲ့ချီပြီး ထိုင်းဘက်ကို ပြန်လည် တိမ်းရှောင်လာနေကြပါတယ်။ (more…)

ဒီကေဘီအေနှင့် ပစ်ခတ်မှုတွင် နအဖဘက်မှ ထိခိုက်သေဆုံးမှု များပြားနေ

December 25, 2010
ဒီဇင်ဘာလ ၂၅ ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဂွင် ဖလူးလေးကျေးရွာရှိ နအဖတပ်ဖွဲ့အား ယမန်နေ့မနက်က ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့ဝင်များ သွားရောက်ပစ်ခတ်ခဲ့ရာ နအဖဘက်က ၆ဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ မနက် ၇နာရီကျော်အချိန်တွင် ဒီကေဘီအေ တပ်မဟာ(၅) ကလိုထားဘောဗျူဟာမှ ဗိုလ်ဘလာနာ့ ဦးဆောင်သည့်အဖွဲ့သည် ဖလူး လေးဘုန်းကြီးကျောင်းရှိ နအဖ ခလရ(၂၃၀)တပ်ရင်းအား လက်နက်ကြီးငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာတွင် ကျေးရွာအနီးရှိ ခမရ(၅၄၇)၊ ခမရ(၃၅၆)တပ်ရင်းတို့များလည်း လက်နက်ကြီးငယ်များဖြင့် အချိန်အတော်ကြာ တန်ပြန်ပစ်ခတ်ခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောသည်။ (more…)

ဒီကေဘီအေနှင့် ပစ်ခတ်မှုတွင် နအဖဘက်မှ ထိခိုက်သေဆုံးမှု များပြားနေ

December 25, 2010
ဒီဇင်ဘာလ ၂၅ ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဂွင် ဖလူးလေးကျေးရွာရှိ နအဖတပ်ဖွဲ့အား ယမန်နေ့မနက်က ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့ဝင်များ သွားရောက်ပစ်ခတ်ခဲ့ရာ နအဖဘက်က ၆ဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ မနက် ၇နာရီကျော်အချိန်တွင် ဒီကေဘီအေ တပ်မဟာ(၅) ကလိုထားဘောဗျူဟာမှ ဗိုလ်ဘလာနာ့ ဦးဆောင်သည့်အဖွဲ့သည် ဖလူး လေးဘုန်းကြီးကျောင်းရှိ နအဖ ခလရ(၂၃၀)တပ်ရင်းအား လက်နက်ကြီးငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာတွင် ကျေးရွာအနီးရှိ ခမရ(၅၄၇)၊ ခမရ(၃၅၆)တပ်ရင်းတို့များလည်း လက်နက်ကြီးငယ်များဖြင့် အချိန်အတော်ကြာ တန်ပြန်ပစ်ခတ်ခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောသည်။ (more…)

ဖာပွန်မြို့နယ်အခြေစိုက် နယ်ခြားစောင့်တပ်ရင်းတရင်း မာနယ်ပလောဒေသသို့ စစ်ကူအဖြစ်သွား

December 25, 2010
ဒီဇင်ဘာလ ၂၅ ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဒွယ်လိုးမြို့နယ် ကတိုင်တိ(ကတဲတိ)ကျေးရွာအုပ်စုတွင် အခြေစိုက် လှုပ်ရှားနေသည့် အင်အား ၂၀၀၀န်းကျင် ရှိ နယ်ခြားစောင့်တပ်(BGF) (၁၀၁၄)တပ်ရင်းသည် ယွန်းစလင်းချောင်း အရှေ့ဘက်ခြမ်းကို ဖြတ်ကူး၍ မာနယ်ပလောဒေသ သို့ စစ်ကူအဖြစ် ယမန်နေ့က စတင် ထွက်ခွာသွားသည်ဟု သိရသည်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ မာနယ်ပလောဒေသဘက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသောကြောင့် အဆိုပါ BGF တပ်ရင်းက သွားရခြင်းဖြစ်နိုင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ် ဒို့က ယခုလို ပြောသည်။ (more…)

အပစ်ရပ်သျှမ်းတပ်ဖွဲ့နယ်မြေသို့ နအဖတပ် အင်အားထပ်ဖြည့်

December 24, 2010

Friday, 24 December 2010 15:47 သျှမ်းသံတော်ဆင့်

E-mail Print

ယမန်နေ့က သျှမ်းပြည်တပ်မတော် အပစ်ရပ်တပ်မဟာ ၁ နယ်ဘက်သို့ နအဖစစ်တပ် ၅ ရင်း ခန့်အင်အား တိုးချဲ့ဖြည့်ထားကြောင်း တရုတ်နယ်စပ် သတင်းရပ်ကွက်ကဆိုသည်။

“မိုင်းရယ်က ခမရ ၃၂၅၊ ဟိုယက ခလရ ၆၇၊ နောင်တော် (နမ္မတူ) က ခလရ  ၁၄၇၊ သီပေါက ခလရ ၂၃ နဲ့ ဆိုင်းခေါင် (တန့်ယန်း) က ခလရ ၂၂ လက်အောက်ခံတပ်ခွဲတွေပေါ့၊ တခြားဒေသမှာ သွားလှုပ်ရှားနေတဲ့တပ်ခွဲတွေ ဒီဘက်ကို ပို့လိုက်တဲ့သဘော၊ အင်အားက စုစုပေါင်း ၃၀၀ ကျော်ရှိမယ်လို့ခန့်မှန်းရတာဘဲ” – ဟု တပ်မဟာ ၁ မိသားစုဝင်တဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ (more…)

အစိုးရသစ်ကို ၀အဖွဲ့ စကားပြောမည်

December 23, 2010

ကြာသပတေး, 23 ဒီဇင်ဘာ 2010 – VOA

တရုတ်၊ မြန်မာ နယ်စပ်ဒေသက ၀ပြည် သွေးစည်းညီညွတ်ရေး ပါတီက နောက်တက်လာမယ့် အစိုးရသစ်နဲ့ ဆွေးနွေးဖို့နဲ့ ၀ပြည်နယ် သီးခြားဖွဲ့စည်းဖို့ အပါအ၀င် သူတို့ရဲ့ အခြေခံမူ ၆ ချက်ကို ထုတ်ပြန်လိုက်ပါတယ်။ အခုရက်ပိုင်းအတွင်း ကျင်းပနေတဲ့ ခရိုင် ပါတီညီလာခံ တခုမှာ ဒီအခြေခံမူတွေကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဝပြည်သူတွေကို ကာကွယ်ဖို့အတွက် စစ်တပ် ဆက်လက်ထားရှိဖို့ ဆိုတာလည်း ပါဝင်ပါတယ်။ ၀ပြည် သွေးစည်းညီညွတ်ရေး ပါတီဟာ မြန်မာစစ်အစိုးရက ကမ်းလှမ်းထားတဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတဲ့ ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ရဲ့ မိခင်ပါတီ ဖြစ်သလို အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အတွင်းမှာ အင်အား အတောင့်တင်းဆုံးအဖွဲ့ ဖြစ်ပါတယ်။ (more…)

UWSA ၅ ရက်ကြာ ခရိုင်ညီလာခံကျင်းပပြီးစီး

December 23, 2010

2010-12-23 – RFA

ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (ဝသပ) UWSA ရဲ့ ခရိုင်အဆင့် ညီလာခံကို မိုင်းမောခရိုင်မှာ ၅ ရက်ကြာ ကျင်းပပြီး၊ ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ပြီးဆုံးခဲ့ပါတယ်။ အဲဒီ ညီလာခံကို ပါတီဝင် ကိုယ်စားလှယ် အင်အား ၂၅၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် အင်အားအကောင်းဆုံး ဝပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) ၂၀ဝ၉ ဧပြီ ၁၇ရက် ဝပြည်နယ် ငြိမ်းချမ်းရေးနေ့ နှစ် ၂၀ပြည့်အခမ်းအနားတွင် စစ်ရေးပြနေပုံ ဖြစ်ပါသည်။ (Photo: Courtesy of UWSA)

ညီလာခံကနေ နောက်တက်လာမဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အစိုးရနဲ့ ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားဖို့နဲ့ အခု အခြေအနေအတိုင်း လက်နက်ကို ဆက်လက် ကိုင်စွဲပြီး ကိုယ့်ဒေသကိုယ် ကာကွယ်ဖို့ အချက်တွေ အပါအဝင်တဲ့ အချက် ၆ ချက် ရှိတဲ့ ရှေ့လုပ်ငန်းစဉ် ချမှတ်နိုင်ဖွယ် ရှိတယ်လို့ ပါတီခေါင်းဆောင်ပိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ (more…)

နအဖ တပ်က DKBA ကို ထိုင်းမြေပေါ်မှ တိုက်ရန် ကြိုးစား

December 23, 2010

ဧရာဝတီ Thursday, 23 December 2010 18:49

E-mail Print

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဖလူးဒေသတွင် တပ်စွဲထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗျူဟာ (၁) နှင့် ဗျူဟာ (၂) တပ်ဖွဲ့ဝင်များကို ချေမှုန်းရန် ထိုင်းနိုင်ငံ တဖက်ကမ်းမှ တဆင့် ၀င်ရောက်လာမည့် နအဖ တပ်ဖွဲ့ဝင် (၅၀) ခန့်ကို ယမန်နေ့ညက လက်ဦးမှုယူ၍ DKBA က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

DKBA ဗျူဟာ(၁)မှူး ဗိုလ်မှူးကြီး ကျော်သက်က”ဖလူးရွာမှာ အခြေစိုက် တပ်က အင်အား(၅၀) မနေ့ည(၈)နာရီမှာ ထိုင်း ဘက်ခြမ်း မဲဆောက်အပိုင် မဲ့ကိုကင်းရွာကနေ ကူးပြီး ကျနော်တို့ကို တိုက်ဖို့ ဆင်းလာတာကို သိလို့ ပြန် တိုက်ထုတ် လိုက်ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။ (more…)


Follow

Get every new post delivered to your Inbox.