Archive for the ‘အမှတ်တရ’ Category

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (နိဂုံးပိုင်း)

April 9, 2011
“ဒီလို အဖြစ်ဆိုးတွေဟာ တကယ်ပဲဖြစ်ခဲ့တယ်။ ကြေကွဲစရာတွေ တကယ်ပဲ ကြုံခဲ့တယ်။ ဒီလို မကြုံအောင် ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုသွားကြမလဲ၊ အဲသလို ကျနော်တို့ စဉ်းစားတာပါ။ စဉ်စားတယ်ဆိုတဲ့နေရာမှာ အနာစိတ်ပေါ်မှာ အရင်းမခံဘဲနဲ့ အဖြစ်ဆိုးကို ပြန်မကြုံရဖို့ ရင့်ကျက်မှုကို လေ့ကျင့်ယူမယ်။ ဆိုလိုတာကတော့ဗျာ ပြဿနာတွေကို ရင်ဆိုင်တွေ့ဆုံပြီးတော့ ဆွေးနွေးချင်တယ်။ မဖြစ်သင့်တာ မဖြစ်အောင် ကာကွယ်ရာလည်း ရောက်ပါတယ်။ ရင့်ကျက်မှုကို လေ့ကျင့်ယူရာလည်းကျပါတယ်။ ဒီလို ကျနော် မြင်ပါတယ်ဗျာ …”

“ကျောင်းသားထု စခဲ့တဲ့ အရေးတော်ပုံကို ကျောင်းသားထုကရော ကျောင်းသားထု ပါဝင်နိုင်တဲ့ အခန်းကဏ္ဍကနေပြီးတော့ ထိုက်သင့်သလို ငြိမ်းချမ်းစွာ ရှာဖွေသွားမယ်။ ငြိမ်းချမ်းစွာနဲ့ ကျနော်တို့ရဲ့ခရီးကို ရအောင် ချီတက်မယ်။

ကျန်တဲ့ အဖွဲ့အစည်းတွေ ကျန်တဲ့ အင်အားစုတွေကလည်း ကိုယ့်အလုပ်ကို လုပ်ပြီးတော့ ကိုယ့်တာဝန် ကိုယ်ကျေကြမယ်လို့ ကျနော် မျှော်လင့်ပါတယ်” (more…)

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၁၀)

April 9, 2011
https://lh5.googleusercontent.com/-1QEXxnWInBk/TYwLWjzm9xI/AAAAAAAAIhU/gePDKExDRqQ/s1600/march+88a.jpg
“ဒီမိုကရေစီမြတ်နိုးတဲ့ ပြည်သူတွေအနေနဲ့ တိုးတက်တဲ့ အပြောင်းအလဲတခုကို မျှော်နေကျတဲ့သူတွေအနေနဲ့ဆိုရင် ကျနော်တို့ဟာ လူပုဂ္ဂိုလ်တဦးချင်းအပေါ်မှာ မှီပြီးတော့ မျှော်လင့်မနေဘဲ မိမိတို့ကိုယ်တိုင် ဘာလုပ်နိုင်မလဲဆိုတဲ့ အချက်ကိုပါ ဝိုင်းပြီးတော့ စဉ်းစားထားကြဖို့ လိုတယ်”

အဲဒီတော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ကောင်းအောင် ဒီထက်မက ပြောရမယ်ဆိုရင် ကမ္ဘာကြီးတခုလုံးကောင်းအောင် ကျနော်တို့ ကြိုးစားကြတာပဲ၊ အဲဒီလိုမျိုးကောင်းအောင်လို့ လူ့အဖွဲ့အစည်းကြီးတခုလုံးကို ကောင်းအောင်လို့ စေတနာနဲ့ ကြိုးစားကြတယ်၊ အလုပ်လုပ်ကြတယ် ဆိုတဲ့နေရာမှာ စစ်သားကပဲ တိုင်းပြည်ကို ချစ်တာတော့ မဟုတ်ဘူးဗျ။

ကျနော်တို့သမိုင်းကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ကျောင်းသားတွေက စောသလား၊ စစ်သားက စောသလားဆိုတာတော့ ဒါလေးတော့ သမိုင်းကို နည်းနည်းလေး တီးမိခေါက်မိတဲ့သူတွေ ပိုသိပါလိမ့်မယ်။ (more…)

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၉)

April 9, 2011
“ဒေါက်တာ လှရွှေ ပြောသလိုပေါ့ဗျာ။ လွတ်လပ်ရေးရဖို့အတွက် အရိုးတောင်လိုပုံမှ ရမယ်ဆိုရင် ငါတို့ကျောင်းသားတွေရဲ့ အရိုးဟာ အောက်ဆုံးအလွှာမှာ ရှိနေမယ် တဲ့။ အဲဒီတော့ ကျောင်းသားတွေဟာ မိမိရဲ့ ပုဂ္ဂလိက အကျိုးစီးပွားအတွက် မဟုတ်ပါဘူး။ ကျောင်းသား ဆိုတာဟာ လူထုကနေပြီးတော့ မွေးဖွားလာတဲ့ လူထုရဲ့အစိတ်အပိုင်းဖြစ်တယ်။ လူထုရဲ့အရေးဟာ ကျောင်းသားတွေရဲ့အရေးပဲ ဖြစ်တယ် … ”

၁၇ နှစ်တာကာလ ဖြတ်သန်းပြီးချိန်မှာ အတိတ်က အားနည်းချက် အားသာချက်တွေကို ပြန်လည် သုံးသပ်နိုင်ခဲ့တယ်လို့ ကျောင်းသားခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။

အတိတ်ကို ပြန်လည်သုံးသပ်နိုင်ခဲ့ပြီဆိုတော့ ဒီကနေ့ ပစ္စုပ္ပန်ကာလကနေ ရှေ့အနာဂတ်နဲ့ပတ်သက်လို့ရော ကျောင်းသား ခေါင်းဆောင်တွေအနေနဲ့ ဘယ်လိုရှုမြင်ထားကြပါသလဲ။

ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်နဲ့ ကိုမင်းဇေယျာတို့ရဲ့အမြင်ကို ကျနော်တို့ နားဆင်ကြည့်ရအောင်လား ခင်ဗျာ။

(more…)

ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၂ နှစ်ပြည့်

December 27, 2010

(ဓာတ်ပုံ – AP)

ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၂ နှစ်မြောက်ခဲ့ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနားကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်မှာ ဒေါ်အောင်ဆန်းစုကြည် ရွှေတိဂုံဘုရားလမ်းရှိ ဒေါ်ခင်ကြည်ရဲ့ အုတ်ဂူကို သွားရောက် ဂါရဝပြုပါတယ်။ သတင်း အသေးစိတ်ကို ဒီမှာ ဖတ်နိုင်ပါတယ်။ (more…)

ချမ်းဆောင်းမြမြ၊ မန္တလေးတခဏနဲ့ အမေ့ဆီက ရခဲ့ဖူးတဲ့ အဖိုးတန်ပျော်ရွှင်မှု

November 30, 2010

ချမ်းဆောင်းမြမြ၊ မန္တလေးတခဏနဲ့ အမေ့ဆီက ရခဲ့ဖူးတဲ့ အဖိုးတန်ပျော်ရွှင်မှု
ဒေါက်တာလွဏ်းဆွေ
မန္တလေးဘူတာကြီးကို ရထားဆိုက်တော့ မနက် (၇) နာရီကျော်ကျော်ပဲ ရှိသေးသည်။ ရန်ကုန်ကနေ ညနေ (၅) နာရီထွက်လာသည့် အမှတ် (၅) အဆန်အမြန်ရထား အချိန်မှန်ဆိုက်ရောက်သည်ဟု ပြောရမည်။ ဖေဖော် ၀ါရီလထဲမို့လားမသိ။ ရထားပေါ်က ဆင်းဆင်းချင်း လာရောက်ပွေ့ဖက် နှုတ်ဆက်သည့် မန္တလာသူ ဆောင်း အပျိုမက အတော်ပင် ဥရောပဆန်နေသည်။ ရန်ကုန်ကနေ အနွေးအင်္ကျီနှစ်ထည် ယူလာမိလို့ တော်သေး သည်။ အတွင်းမှာ ဆွယ်တာတထပ်၊ အပြင်က ကုတ်အင်္ကျီတထပ်။ ဒါတောင်မှ မေးက ခိုက်ခိုက်တုန်ချင်နေ သည်။ ဘူတာအပြင်ဘက်တွင် နှင်းတွေ ဖွေးပိတ်နေသည်။ အခါတိုင်း ဘူတာအထွက် အ၀ရောက်သည်နှင့် ရှေ့တည့်တည့် လမ်း ၃၀ အတိုင်း မျှော်ငေးမိတတ်သည့် ရှမ်းရိုးမကြီးကို ယခုမတွေ့ရ။ ချမ်းလွန်း၍ ဂွမ်းစောင် အဖြူပွပွကြီး ခေါင်းမြီးခြုံကာ ကွေးနေသည်ထင်သည်။ ရေးတေးတေးပင် မမြင်ရ။ (more…)

သင်္ကေတကမ္ဘာ

November 29, 2010

သင်္ကေတကမ္ဘာ

ကမာပုလဲ
လူသားဆိုတာ
ကမ္ဘာမြေရဲ့ သက်ရှိသင်္ကေတ
၂၁ ရာစု တိုင်ခဲ့ပြီဖြစ်တယ်။

သမိုင်းဦးဘုံမြေခေတ်
ကျေးပိုင်ကျွန်ပိုင်ခေတ်
မြေရှင်ပဒေသရာဇ်ခေတ်
ဖက်ဆစ်၊ နယ်ချဲ့အရှင်းရှင်ခေတ်
အဲဒီခေတ်တွေဟာ
ကမ္ဘာမြေ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းရဲ့သင်္ကေတ။ (more…)

လူထုအမေသို့ အလွမ်းစာ

November 29, 2010

လူထုအမေသို့ အလွမ်းစာ
ဒေါက်တာလွဏ်းဆွေ
“အမေ နေကောင်းလား” လို့
ခရီးရောက်မဆိုက် ကျနော်တို့ ပြေးတွေ့တော့
ခပ်နွေးနွေး ရင်ငွေ့က
ကျနော်တို့ဆီ ပြန်ပြေးလာ
“ငါ့သားတို့ ဘယ်ရထားနဲ့ လာကြလဲကွဲ့
ထိုင်ကြ … ထိုင်ကြ” တဲ့
နွေးထွေးတဲ့ အမေ့နှုတ်ဆက်သံ
ကြည်မွေ့တဲ့ အမေ့အပြုံး
ကျနော်တို့ကို ဖုံးလွှမ်း
ခရီးပန်းသမျှ
ကျနော်တို့ လန်းဆန်းခဲ့ရပါတယ် အမေ …။ (more…)

အမှတ်တရ … မဆလ (သို့မဟုတ်) စက်တင်ဘာ မိုးရေ … (မောင်မောင်စိုး)

October 6, 2010

၁။ ရှင်းလင်းချက်

စက်တင်ဘာလ ဆိုတာ အမှတ်တရများစွာ ပြည့်နှက်လို့နေတဲ့လ တလ ဖြစ်ပါတယ်။ ဒီအချိန်မှာမှ မဆလ (ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ) ကိုမှ အမှတ်ရနေရလား။ ဒီငတိတော့ ကြောင်သွားပြီလို့ အပြစ်မတင်ခင် ကျနော် ရှင်းပြပါရစေ။ အဖြစ်မှန် သတိရနေတာက ရှစ်လေးလုံးမျိုးဆက် သူရဲကောင်းတယောက် ကိုပါဗျာ။

ဒီလိုပါ … ကျနော်တို့ တပ်ရင်း(စောထစခန်း) မှာ မဆလ နှစ်ယောက် ရှိပါတယ်။ တယောက်က ကျောက်တံခါးက ရဲဘော် မြင့်ဆွေ၊ သူကိုတော့ တိုက်ပုံနဲ့ဘာနဲ့ ဆိုက်ဂိုက်က မဆလ ကောင်စီလူကြီးပုံပေါက်နေလို သူ့ကို မဆလကြီး လို့ ခေါ်ပါတယ်။ နောက်တယောက်ကတော့ တောင်ငူက ဆောက်လုပ်ရေး အင်ဂျင်နီယာ ရဲဘော်ဆန်းလင်းပါ။ (more…)

ရိုးမအနောက်ခြမ်းက အာဇာနည် – နီလွင်သွေး (ဒဿနိက)

October 5, 2010

ကြယ်တပွင့်

လွင့်လို့ကြွေ
နွေဦးကိုဆွတ်ခူးရင်း။

ဧရာဝတီ
စုစည်းညီညွတ်
ခွပ်လက်ပြင်လော့။ (more…)

ဆရာကိုမိုးဟိန်းသို့ အမှတ်တရ

September 29, 2010

မိုးသီးဇွန် (နေ့သစ်)

U Moe Hein

တစ်။

ဆရာကိုမိုးဟိန်းတယောက် လည်ချောင်းကင်ဆာနဲ့ ဆုံးသွားပြီကြားတော့ ကျနော် အထူး စိတ်မကောင်း ဖြစ်မိတယ်။ ကင်ဆာရောဂါကလည်း ကျနော်အချစ်ဆုံး မိတ်ဆွေတွေ ဝိဥာဉ်ကို ထုတ်နေတာတွေ့ရတော့ “ဟယ် .. ကင်ဆာကျဆုံးပါစေ’’ လို့ ပြည်တိုင်းတုန် အောင် ဟစ်ကြွေးလိုက်ချင်လာတယ်။ သူ့အကြောင်း ကိုနေနွယ်နဲ့ ကျနော် ဒီမနက် ပြောမိကြတယ်။ ကိုနေ နွယ်က နိုင်ငံရေးအကျဉ်သားဟောင်းတဦးနဲ့ အယ်ဒီ တာတဦး။ သူ့ဆီ မှာ အင်္ဂလိပ်စာသင်ခဲ့တဲ့အကြောင်းနဲ့ သူ့ဆီကရခဲ့တဲ့ အဖိုးမဖြတ်နိုင်တဲ့ပညာတွေ ရခဲ့တဲ့ အကြောင်းကို ကိုနေနွယ်ကို ကျနော် ပြောပြမိတယ်။ ကိုနေနွယ်ကလည်း ဆရာကိုမိုး ဟိန်းနဲ့ ရင်းနှီးတယ်။ သူက ”အေးဗျ သီ လ၊ သမာဓိ၊ ပညာပြည့်ဝလှတဲ့သူတွေနဲ့ ပြော ကြတဲ့အခါမှာ သူတို့ရဲ့ပြည့်ဝမှုက တခြား သူကို ကူးဆက်နိုင်စွမ်းရှိတယ်” လို့ ဆိုတယ်။ သူပြောတာဟုတ်ပါတယ်။ ဆရာမိုးဟိန်းဟာ ကျနော့်ကို စွမ်းအားတွေပါ ပေးခဲ့တယ်။ (more…)


Follow

Get every new post delivered to your Inbox.