Archive for the ‘အလုပ်သမားရေးရာ’ Category

ထိုင်းညီအစ်ကို ၂ ဦးကြောင့် ကရင်နီလူမျိုး တစ်ဦးသေ တစ်ဦးဒဏ်ရာရ

December 22, 2010

ကန္တာရ၀တီတိုင်း(မ်)

ဗုဒ္ဓဟူးနေ့, 22 ဒီဇင်ဘာလ 2010 18:13

အိပ်ပျော်ရင်း တန်းလန်း အလုပ်ရှင် ထိုင်းနိုင်ငံသား ညီအစ်ကို ၂ ယောက်၏ ဓားဖြင့် ၀င်ရောက်ထိုးခြင်း၊ ခုတ်ခြင်း ခံရသည်ဟု အသက်မသေပဲ လွတ်မြောက်လာခဲ့သည့် ကရင်နီလူမျိုး သျှားရယ် (ခေါ်) အနဲ အားဘိုက ပြောပါသည်။

“ကျနော်အပြင်ကို မရရအောင်ပြေးထွက်ပြီး ကူညီကြပါအုံး၊ ကူညီကြပါအုံးလို့ ကျနော်ထွက်အော်ရင်းနဲ့ပေါ့နော် ကျနော်ထွက်ပြေးသွားတယ်”

ကရင်နီပြည် လွိုင်ကော်မြို့နယ် ဒေါဥခူကျေးရွာနေ ဒေးဗစ်အသက်(၂၁)နှင့် ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာနေ သျှားရယ်(၂၄)နှစ်တို့ သူငယ်ချင်းနှစ်ဦးသည် ချင်းမိုင် စံကမ်ဖျဲန်း မြို့နယ်ရှိ ၀က်ခေါက်ကြော် သည့်အလုပ်တွင် ၀င်ရောက်လုပ်ကိုင်နေခြင်း ဖြစ်သည်။ (more…)

ရနောင်းတွင် မြန်မာ အလုပ်သမား တရာကျော် ဖမ်းဆီးခံရ

December 20, 2010

ဘစောတင် Monday, 20 December 2010 19:00 – ဧရာဝတီ

E-mail Print

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ရနောင်းမြို့သို့ ယာယီ နိုင်ငံကူးလက်မှတ် သွားလုပ်သော မြန်မာ အလုပ်သမား ၁၀၀ ကျော် ကိုပြီးခဲ့သည့် သောကြာနေ့က စာရွက်စာတမ်းအတု ကိုင်ဆောင်မှုဖြင့် ထိုင်းလူဝင်မှု ကြီးကြပ်ရေးက ဖမ်းဆီးထားကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံရခြင်းမှာ ယာယီနိုင်ငံကူး လက်မှတ်ရရှိရေး စီစဉ်ဆောင်ရွက်ပေးသော ကုမ္ပဏီ ၀န်ထမ်းများနှင့် ပွဲစားများ၏ မမှန်မကန်ပြုလုပ်ခြင်းများကြောင့် ဖြစ်သည်ဟု အခြေခံ လူ့ အခွင့်အရေး ပညာပေးဌာန(GHRE)မှ ဒါရိုက်တာ ကိုထူးချစ်က ဧရာဝတီသို့ ပြောဆိုသည်။ (more…)

ထိုင်း အလုပ်သမား လက်မှတ်အသစ် ဖွင့်ပေးရန် တောင်းဆို

December 17, 2010

အောင်မြတ်စိုး | သောကြာနေ့၊ ဒီဇင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၃၇ မိနစ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဘန်ကောက် (မဇ္ဈိမ) ။     ။ ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် အလုပ်လုပ်ခွင့် လက်မှတ် မရှိသေးသော ရွှေ့ပြောင်း အလုပ်သမားများအတွက် တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (ဘတ်အသစ်) ဖွင့်လှစ်ပေးရန် အလုပ်သမားရေး အဖွဲ့အစည်းများမှ ယနေ့တောင်းဆိုလိုက်သည်။

ထိုင်းအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်၊ ထိုင်းအလုပ်သမား သွေးစည်း ညီညွတ်ရေး ကော်မတီနှင့် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တို့ ပူးတွဲ၍ မနက်ဖြန်တွင် ကျရောက်မည့် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် တောင်းဆိုလိုက်သည်။ (more…)

အလုပ်သမားအရေး ကိုင်တွယ်ရန် မလွယ်သေးကြောင်း ထိုင်းအစိုးရပြော

October 28, 2010

မြတ်ခိုင်ဦး   /   ၂၇ အောက်တိုဘာ ၂၀၁၀ – ခေတ်ပြိုင်

ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံထားသည့် အလုပ်သမားဦးရေမှာ တရားမ၀င် အလုပ်သမားဦးရေနှင့်ယှဉ်ပါက နည်းပါးနေသည့်အတွက် အစိုးရအနေဖြင့် အလုပ်သမားကိစ္စများကို ဂရုတစိုက်ကိုင်တွယ်ရန် အခက်အခဲများစွာရှိနေသေးကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ယမန်နေ့က ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံမှ ပြန်ပို့ခံရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသည့်အတွက် ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးပေးရန် ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသော အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြီးခဲ့သည့် (၂၅) ရက်တွင် တင်ပြတောင်းဆိုခဲ့သည့်အပေါ် ယခုကဲ့သို့ တုန့်ပြန်ကြေညာချက် ထုတ်လိုက်ခြင်းဖြစ်သည်။ (more…)

မလေးရှားမှ မြန်မာအလုပ်သမားများအရေး ကုမ္ပဏီက ညှိနှိုင်းဆွေးနွေး

October 26, 2010

မြတ်ခိုင်ဦး   /   ၂၆ အောက်တိုဘာ ၂၀၁၀ – ခေတ်ပြိုင်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ လျှပ်စစ်ပစ္စည်းထုတ်လုပ်သော JVC ကုမ္ပဏီ၏ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်မှုကို မြန်မာရွှေ့ပြောင်း အလုပ်သမား (၂၃) ဦးက တိုင်တန်းလိုက်သောကြောင့် အမည်ပျက်စာရင်း မဝင်ရန် ကုမ္ပဏီက အလုပ်သမားရေးအဖွဲ့များနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။

အလုပ်သမားအခွင့်အရေးများ ချိုးဖောက်မှုဖြင့် မပပအေး ဦးဆောင်သော မြန်မာရွှေ့ပြောင်းအလုပ်သမားများက ဆူဘန်းဂျာယား အလုပ်သမားရုံးသို့ ပြီးခဲ့သည့် ဇူလိုင် (၂၁) ရက်တွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
(more…)

ဘန်ကီမွန်း၏ ထိုင်းခရီးစဉ်အတွင်း အလုပ်သမားရေးအဖွဲ့များ စာပို့မည်

October 25, 2010

မြတ်ခိုင်ဦး   /   ၂၅ အောက်တိုဘာ ၂၀၁၀ – ခေတ်ပြိုင်

မနက်ဖြန် အောက်တိုဘာ (၂၆) ရက်တွင် ထိုင်းနိုင်ငံသို့ရောက်ရှိလာမည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့ အလုပ်သမားရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းကြီး (၃) ခုတို့ စုပေါင်း၍ ထိုင်းနိုင်ငံအတွင်းမှ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ဖမ်းဆီးပို့ဆောင်မှုတွင် ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား စုံစမ်း၊ တားဆီးပေးသွားရန် စာရေးသားပေးပို့မည်ဟု သိရှိရသည်။

ယနေ့ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ နိုင်ငံတော် လုပ်ငန်းကုမ္ပဏီများမှ လုပ်သားများ ပူးပေါင်းဆောင်ရွက်မှု မဟာမိတ်အဖွဲ့ (SERC)၊ ထိုင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (TLSC) နှင့် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF) တို့က မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ပြန်လည်ပို့ဆောင်ရေး အစီအစဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ သက်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီအား လိုအပ်သော စစ်ဆေးစုံစမ်းမှုများ စတင်ဖို့ညွှန်ကြားရန်နှင့် ထိုင်းတော်ဝင်အစိုးရအား ရွှေ့ပြောင်းအလုပ်သမားများ၏ လူ့အခွင့်အရေးကို တိုးမြှင့်လက်ခံလာရေး တိုက်တွန်းရန်နှင့် အနာဂတ်ကာလ ရွှေ့ပြောင်းအလုပ်သမားအရေး မူဝါဒများတွင် တိုးတက်မှုများရှိလာစေရန်တို့ ပါဝင်သော တောင်းဆိုချက်များ ပါဝင်သည်။ (more…)

ဘတ်လက်မှတ် သက်တမ်းဆက်ရန် အသိပေး

October 18, 2010

မြတ်ခိုင်ဦး   /   ၁၈ အောက်တိုဘာ ၂၀၁၀

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ဘတ်လက်မှတ် ကိုင်ဆောင်ထားသော မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို ရွှေ့ပြောင်းအလုပ်သမားများအား  မိမိတို့ကိုင်ဆောင်ထားသော အလုပ်လုပ်ခွင့် ဘတ်လက်မှတ် နောက်ထပ်တနှစ် သက်တမ်းဆက်ရန် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊  အလုပ်အကိုင်ခန့်ထားရေးဌာနမှ  အသိပေးလိုက်သည်။

လာမည့်ဖေဖေါ်ဝါရီလ (၂၀) နှင့် (၂၈) ရက်နေ့တို့တွင် သက်တမ်းကုန်ဆုံးမည့်  နိုင်ငံသားစိစစ်မှု လုပ်ထားဆဲ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအစိုးရက သက်တမ်းတိုးပေးမည် ဖြစ်သဖြင့် ပေးအပ်ထားသော ကာလအတွင်း သက်တမ်းတိုးရမည်ဖြစ်ကာ ဘတ်လက်မှတ်သက်တမ်း ပြန်မဆက်သောသူများအား နိုင်ငံအတွင်း နေထိုင်ခွင့် ပြုမည်မဟုတ်ဟု အလုပ်အကိုင်ခန့်ထားရေးဌာန ညွှန်ကြားရေးမှူး ခွန် ဂျီယာဆတ် ဆူခွန်သာက အောက်တိုဘာ (၁၄) ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။   (more…)

ပျောက်ဆုံးသွားရမယ့် ဆန္ဒများ

October 18, 2010

October 18th, 2010

မရော့နန္ဒာလွတ်လပ်သောမွန်သတင်းအေဂျင်စီ

ပြည်ပ ထိုင်းနိုင်ငံတွင် မွန်အလုပ်သမားအများဆုံး အလုပ်လုပ်နေကြတဲ့ မဟာချိုင်မြို့နယ်အတွင်း စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေတဲ့ အသက် “၃၅” ဝန်းကျင်ရှိ မွန်အလုပ်သမား နိုင်ဖိုင်က မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ စားဝတ်နေရေးအတွက် အလုပ်ခွင်မှာ အချိန်ကုန်သွားခဲ့ရပါတယ်၊ ဒါတောင်မကဘူး တချို့ရက်တွေမှာ အပိုဝင်ငွေရဖို့အတွက် ညပိုင်းအချိန်မှာတောင် အလုပ်ဆက်လုပ်နေရပါသေးတယ်။ (more…)

ငါးဖမ်းပိုက်စက်ရုံက မြန်မာအလုပ်သမားတွေ အလုပ်အကိုင်သစ်ရရှိ

October 17, 2010

2010-10-17 – RFA

ထိုင်းနိုင်ငံမြောက်ပိုင်း Khon Kaen မြို့က Dechapanich ငါးဖမ်းပိုက်ကွန် စက်ရုံမှာ အလုပ်ရှင်နဲ့ တင်းမာမှုဖြစ်ပြီး ထွက်ခွာလာခဲ့ကြတဲ့ ရာနဲ့ချီတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ငါးပုစွန် စက်ရုံမှာ အလုပ်အကိုင်သစ် ရသွားကြပြီလို့ သိရပါတယ်။

ထိုင်းနိုင်ငံ ဆိပ်ကမ်းတခုတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့ကို ရောက်ရှိနေတဲ့ မြန်မာအလုပ်သမား ၃ ရာကျော်အတွက် အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ အစည်း တာဝန်ရှိသူတွေက အလုပ်ရှင်နဲ့ ဒီကနေ့ ဆွေးနွေးခဲ့ကြတဲ့အကြောင်း၊ ဒီအလုပ်သမားတွေကို အလုပ်ခန့်ဖို့  အလုပ်ရှင်က သဘောတူ လက်ခံလိုက်ပြီဖြစ်ကြောင်း အလုပ်သမား ကိုယ်စားလှယ်တဦးဖြစ်တဲ့ ကိုထွန်းထွန်းလွင်က RFA ကို ပြောပါတယ်။ (more…)

ဆန္ဒပြ မြန်မာအလုပ်သမား ၃၀၀ ကျော် မဲဆောက်သို့ ရောက်

October 16, 2010

ဘစောတင် Saturday, October 16, 2010 – ဧရာဝတီ

E-mail Print

Share/Save/Bookmark ထိုင်း-လာအိုနယ်စပ် Khong Kean မြို့ရှိ Dechapanich ငါးဖမ်း ပိုက်ကွန် စက်ရုံတွင် အလုပ်ရှင်၏ မတရားမှုကို မကျေနပ်သဖြင့် ၁ လကျော် ဆန္ဒပြနေ ခဲ့ကြသော မြန်မာ အလုပ်သမားထဲမှ ၃၆၉ ဦးသည် ယနေ့ နံနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့သို့ ရောက်ရှိလာကြကြောင်း သတင်းရရှိသည်။

Khonkent-MM-Workres-Strikeမဲဆောက်သို့ ရောက်ရှိလာသော Khong Kean မြို့ရှိ ငါးဖမ်းပိုက်ကွန်စက်ရုံမှ အလုပ်သမားများ (ဓာတ်ပုံ – ဧရာဝတီ)

မိမိတို့၏ လုပ်ခများနှင့် ယာယီနိုင်ငံကူးလက်မှတ် အပါအ၀င် စာရွက်စာတမ်းများ ပြန်လည်ရရှိရေးအတွက် စက်တင်ဘာလ ၇ ရက်နေ့မှ စတင်၍ အလုပ်သမား ၉၀၀ ကျော် ဆန္ဒပြခဲ့ကြသည်။ (more…)


Follow

Get every new post delivered to your Inbox.