Archive for the ‘အားကစား’ Category

အာဆင်နယ် ချယ်လ်ဆီး ၃ ဂိုး ၁ ဂိုး

December 27, 2010

တနင်္လာ, 27 ဒီဇင်ဘာ 2010 – VOA

အင်္ဂါနေ့ မနက်ခင်းကြီးမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်အသင်းက ချယ်ဆီးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

အခုလို အနိုင်ရရှိသွားတဲ့အတွက် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ တော်တော်ကြီး ကစားယူရမယ့် အနေအထားကို ရောက်ရှိသွားပါတယ်။ (more…)

တတိယလုပွဲတွင် မြန်မာက ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုးဖြင့် နိုင်

December 23, 2010

ဟိန်းသူ Thursday, 23 December 2010 18:08 – ဧရာဝတီ

E-mail Print

၁၅ ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ အမျိုးသား ဘောလုံးပွဲစဉ်တွင် ပွဲချိန် ၅၇ မိနစ်၌ မြန်မာ အသင်းခေါင်းဆောင် စည်သူဇော်ဦး အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရ သော်လည်း ဗီယက်နမ်အား ၂ ဂိုး – ၁ ဂိုးဖြင့် အနိုင် ယူနိုင်ခဲ့သည်။

cm-mm-thai-ball-01အနီကတ်ဖြင့် လူတယောက် အထုတ်ခံထားရသည့်တိုင် မြန်မာက ယခုကဲ့သို့ အကြိတ်အနယ် ကန်၍ ဦးဆောင်ဂိုး ၂ ဂိုးအထိ သွင်းယူခဲ့သည် (ဓာတ်ပုံ – ဧရာဝတီ)

“ဗီယက်နမ်ကို အခုလို အနိုင်ယူလိုက်တာ လက်ရွေးစင် အသင်းကြီးအတွက် ကလဲ့စား ချေနိုင်လိုက်တာပါပဲ။ မြန်မာ ပရိသတ်တွေ အတွက် ဆက်လက်ကြိုးစားသွားပါမယ်” ဟု မြန်မာအသင်းနည်းပြ ဦးဇော်ဝင်းက ပြောသည်။ (more…)

ဘော်လ်တန်တိုက်စစ်မှူး ကလာစနစ် မုဒိမ်းမှုသံသယဖြင့် အဖမ်းခံရ၊ အင်တာမီလန် နောက်ခံလူ ချီဗူးနှင့် ပါလာမို ဥက္ကဌတို့ ဒဏ်ငွေချမှတ်ခံရ

October 29, 2010

NEJ   /   ၂၉ အောက်တိုဘာ ၂၀၁၀

ပရီးမီးယားလိဂ်ကလပ် ဘော်လ်တန်အသင်း တိုက်စစ်မှူး အိုင်ဗန်ကလာစနစ်သည် အသက် (၁၇) အရွယ်ရှိ အမျိုးသမီးတဦးကို မုဒိမ်းကျင့်မှုသံသယဖြင့် ဖမ်းဆီးခံရကြောင်း ကလပ်အသင်း တာဝန်ရှိပုဂ္ဂိုလ်များက ကြာသပတေးနေ့တွင် အတည်ပြုပြောဆိုသည်။

ယခုအပတ် အစောပိုင်းတွင် ဂရိတ်တားမန်ချက်စတာယူနိုက်တက်ရဲအဖွဲ့ (ဂျီအမ်ပီ) က အသက် (၃၀) အရွယ်ရှိ ခရိုအေးရှားလက်ရွေးစင် ကလာစနစ်ကို မုဒိမ်းမှုနှင့်ပတ်သက်၍ သံသယရှိသည့်အတွက် စုံစမ်းမေးမြန်းရန် ဖမ်းဆီးခဲ့သည်။ ထို့နောက် နောက်ထပ်စုံစမ်းစစ်ဆေးမှုများ မပြုလုပ်မီအတောအတွင်း အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ဂျီအမ်ပီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောဆိုသည်။ (more…)

ဟိုဆေးမော်ရင်ဟို (သို့မဟုတ်) စပါယ်ရှယ်ဝမ်းအကြောင်း တစေ့တစောင်း – အပိုင်း (၆ – နိဂုံး)

October 28, 2010

NEJ   /   ၂၇ အောက်တိုဘာ ၂၀၁၀

မော်ရင်ဟို အင်တာမီလန်အသင်းကို ကိုင်တွယ်နေချိန်တွင် ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က ထိပ်တန်းလိဂ်ပြိုင်ပွဲများ၌ ယှဉ်ပြိုင်နေကြသည့် ကလပ်အသင်းကြီးများအား သက်ဆိုင်ရာနိုင်ငံများမှ ငယ်မွေးခြံပေါက် ဘောလုံးသမားများကို ပိုမိုအသုံးပြု ကစားစေရန် စတင်တွန်းအားပေးနေသည့်အလျောက် မော်ရင်ဟိုသည် အသက် (၁၈) နှစ်အရွယ် အီတလီတိုက်စစ်မှူး ဘာလိုတယ်လီကို အသင်းတွင် ပုံမှန်ကစားခွင့်ပြုခဲ့ပြီး အင်တာမီလန်အသင်း၏ လူငယ်စီမံကိန်းမှ ပေါ်ထွက်လာသည့် ဘောလုံးအကယ်ဒမီဆင်း နောက်ခံလူ ဒါဗီဒီစန်တန်ကို ပထမအသင်းကြီးသို့ အမြဲတမ်းကစားသမားအဖြစ် ခေါ်ယူမြှင့်တင်ပေးခဲ့ခြင်းဖြင့် ယခင်က နိုင်ငံခြားသားကစားသမားအများစု ကြီးစိုးနေသည့် အသင်းကြီးတသင်းတွင် အီတလီလူငယ်ဘောလုံးသမားနှစ်ဦးကို အထိုင်ချပေးခဲ့သည်။ (more…)

နယူးကာဆယ်ကို ဂိုးပြတ်ချေမှုန်းကာ အာဆင်နယ်အသင်း ကားလင်းဖလား ကွာတားသို့ တက်ရောက်

October 28, 2010

NEJ   /   ၂၈ အောက်တိုဘာ ၂၀၁၀

ဗုဒ္ဓဟူးနေ့က အင်္ဂလန်နိုင်ငံ၊ စိန့်ဂျိမ်းစ်ပတ်ခ် အားကစားကွင်း၌ ယှဉ်ပြိုင်ကစားသည့် ကားလင်းဖလား (လိဂ်ဖလား) စတုတ္ထအဆင့် ဘောလုံးပွဲစဉ်တွင် အာဆင်နယ်အသင်းက အိမ်ရှင် နယူးကာဆယ်အသင်းကို (၄) ဂိုး – ဂိုးမရှိဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားသည်။

ပထမပိုင်း (၄၅) မိနစ်တွင် အာဆင်နယ်တိုက်စစ်မှူး သီအိုဝေါလ်ကော့ ကန်တင်သည့် ဘယ်ထောင့်ကန်ဘောမှတဆင့် ခေါင်းအဆင့်ဆင့်တိုက်ပြီး ဂိုးဆီသို့ တည့်တည့်ဝင်လာသည့် ဘောလုံးကို နယူးကာဆယ်အသင်း နောက်ခံလူတဦး ခေါင်းတိုက်ဖျက်ထုတ်ရာ ဘောလုံးက နယူးကာဆယ် ဂိုးသမား တင်မ်ကားလ်နှင့်ထိပြီး ဂိုးထဲပြန်ဝင်သွားသဖြင့် အာဆင်နယ်အသင်း အဖွင့်ဂိုး စတင်ရရှိသည်။ တင်မ်ကားလ် ကိုယ့်ဂိုးကိုယ်သွင်းသည့် ဂိုးဖြင့် အာဆင်နယ်အသင်း ပထမပိုင်းကို ဦးဆောင်နေသည်။ (more…)

ဟာနန်ဒက်ဇ်၏ နောက်ကျဂိုးဖြင့် မန်ချက်စတာယူနိုက်တက် လိဂ်ဖလား ကွားတားတက်

October 28, 2010

NEJ   /   ၂၇ အောက်တိုဘာ ၂၀၁၀

အင်္ဂါနေ့က အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့၊ အိုးထရက်ဖို့ဒ် အားကစားကွင်း၌ ယှဉ်ပြိုင်ကစားသည့် ကားလင်းဖလား စတုတ္ထအဆင့်ပွဲစဉ်တွင် အိမ်ရှင် မန်ချက်စတာယူနိုက်တက်အသင်းက ၀ူလ်ဗာဟမ်ပ်တန် ၀မ်းဒါးရားစ်အသင်းကို (၃) ဂိုး – (၂) ဂိုးဖြင့် အနိုင်ရရှိပြီး ကွားတားဖိုင်နယ်သို့ ရောက်ရှိသွားသည်။

ပထမပိုင်းတွင် ဂိုးမရှိသရေကျနေပြီး ဒုတိယပိုင်း (၅၆) မိနစ်တွင် မန်ယူအသင်းမှ ပေါ်တူဂီ တောင်ပံတိုက်စစ်မှူး ဘီဘီ ဂိုးဧရိယာအတွင်း ညာဘက်ခြမ်းမှ ကန့်လန့်ဖြတ် ကန်သွင်းသည့် ဘောလုံးအား ၀ူလ်ဗာဟမ်ပ်တန် နောက်ခံလူတဦးက ဂိုးအတွင်းမှ ခေါင်းတိုက်ဖျက်ထုတ်သည်ကို စည်းကြပ်ဒိုင်က မြင်ပြီး ဂိုးပေးခဲ့သဖြင့် မန်ယူအသင်း အဖွင့်ဂိုး စတင်ရရှိသည်။ (more…)

ရော်ဘင်ဟို၊ မိုဗစ်တို့၏ ဂိုးများဖြင့် လက်ရှိချန်ပီယံ အင်တာကို အေစီ ကျော်ဖြတ်

October 26, 2010

NEJ   /   ၂၆ အောက်တိုဘာ ၂၀၁၀

တနင်္လာနေ့က အီတလီနိုင်ငံ၊ နေပယ်လ်မြို့၊ စန်ပါလိုအားကစားကွင်း၌ ယှဉ်ပြိုင်ကစားသည့် စီးရီးအေပွဲစဉ် (၈) လက်ကျန်ပွဲစဉ်တွင် အေစီမီလန်အသင်းက အိမ်ရှင် နာပိုလီအသင်းကို (၂) ဂိုး – (၁) ဂိုးဖြင့် အနိုင်ရရှိသည်။

ပထမပိုင်း (၁၅) မိနစ်တွင် အေစီမီလန်အသင်းမှ ဘရာဇီးတိုက်စစ်မှူး ရော်ဘင်ဟို ဂိုးဧရိယာအပြင်ဘက်နားမှ အပြင်းကန်သွင်းသော်လည်း နာပိုလီ ဂိုးသမား ဖမ်းမိသွားသည်။ (၂၂) မိနစ်တွင် နာပိုလီဂိုးဧရိယာအတွင်း ညာဘက်အစပ်နားမှ အေစီညာနောက်ခံလူ မက်ဆီမိုအော့ဒို နောက်ပြန်ချိုးပေးသည့် ဘောလုံးကို ပြေးဝင်လာသည့် ရော်ဘင်ဟိုက ဘယ်ခြေဖြင့် ကန်သွင်းရာ ဘောလုံးက ဂိုး၏ ဘယ်ဘက်ထောင့်သို့ ၀င်သွားသဖြင့် အေစီမီလန်အသင်း အဖွင့်ဂိုး စတင်ရရှိသည်။ (more…)

(၁၀) ယောက်ကျန် မန်စီးတီးကို အာဆင်နယ်က (၃) ဂိုးပြတ်ဖြင့် အနိုင်ကစား

October 25, 2010

NEJ   /   ၂၅ အောက်တိုဘာ ၂၀၁၀

တနင်္ဂနွေနေ့က အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့၊ အိစ်လဲန်းအားကစားကွင်း၌ ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ် ပွဲစဉ် (၉) တွင် အိမ်ရှင် မန်ချက်စတာစီးတီးအသင်းက အာဆင်နယ်အသင်းကို (၃) ဂိုး – ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

ပထမပိုင်း (၅) မိနစ်တွင် မန်စီးတီးအသင်း နောက်ခံလူ ဒဲဒရစ်ဘိုယာတာက အာဆင်နယ်တိုက်စစ်မှူး ချာမက်ကို ကြမ်းတမ်းစွာ ဖျက်ထုတ်သည့်အတွက် တိုက်ရိုက်အနီကတ်ပြ အထုတ်ခံရသဖြင့် မန်စီးတီးအသင်း တပွဲလုံးနီးပါး (၁၀) ယောက်ဖြင့် ကစားခဲ့ရသည်။

ပထမပိုင်း မိနစ် (၂၀) တွင် အာဆင်နယ်အသင်း ကွင်းလယ်လူ နာဆရီက အဖွင့်ဂိုး သွင်းယူပြီး မိနစ် (၄၀) တွင် အသင်းခေါင်းဆောင် ဖာဘရီဂက်စ် ကန်သွင်းသည့် ပင်နယ်တီကို မန်စီးတီးအသင်း ဂိုးသမား ဂျိုးဟတ် ကာကွယ်နိုင်ခဲ့သည်။ (more…)

မန်ယူတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးသော်လည်း ရွန်နီ၏ အနာဂတ် ရှင်းရှင်းလင်းလင်း မသိရသေး

October 22, 2010

NEJ   /   ၂၂ အောက်တိုဘာ ၂၀၁၀

အင်္ဂါနေ့တွင် မန်ချက်စတာယူနိုက်တက်ကလပ်အသင်း တာဝန်ရှိပုဂ္ဂိုလ်များနှင့် ၀ိန်းရွန်နီ၏ ကိုယ်စားလှယ်များအကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ၀ိန်းရွန်နီ၏ အနာဂတ်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်မချရသေးကြောင်း ကလပ်အသင်းက ကြေညာချက်ထုတ်ပြန်သည်။

“ဒီဆွေးနွေးပွဲတွေရဲ့ ရလဒ်က သိပ်မကြာခင် ရှင်းရှင်းလင်းလင်း ဖြစ်လာတော့မှာပါ။ ဒီအချိန်မှာတော့ ပရိသတ်တွေအနေနဲ့ စိတ်ရှည်သည်းခံပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု မန်ယူကလပ်အသင်းက ကြေညာချက်တွင် ဖော်ပြသည်။ (more…)

ချန်ပီယံလိဂ်တွင် စပါးတောင်ပံလူ ဂရက်သ်ဘေးလ် ဟက်ထရစ်သွင်းသော်လည်း အင်တာမီလန်ကို (၄) ဂိုး – (၃) ဂိုးဖြင့် ရှုံးနိမ့်

October 21, 2010

NEJ   /   ၂၁ အောက်တိုဘာ ၂၀၁၀

ဗုဒ္ဓဟူးနေ့က အီတလီနိုင်ငံ၊ မီလန်မြို့၊ မီယက်ဇ်ဇာအားကစားကွင်း၌ ယှဉ်ပြိုင်ကစားသည့် ချန်ပီယံလိဂ် အုပ်စု (က) ပွဲစဉ်တွင် လက်ရှိချန်ပီယံ အင်တာမီလန်ကလပ်အသင်းက ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်ဟော့စပါးအသင်းကို (၄) ဂိုး – (၃) ဂိုးဖြင့် အနိုင်ရရှိသည်။

ပထမပိုင်း (၂) မိနစ်တွင် စပါးအသင်း ကွင်းတ၀က်မှ ထိုးပေးသည့် ဘောလုံးကို ဘယ်တောင်ပံမှ ပြေးဝင်လာသည့် အင်တာမီလန်အသင်းခေါင်းဆောင် ဂျေဗီယားဇနက်တီက ဂိုးဧရိယာအတွင်းသို့ အရောက်တွင် ဂိုး၏ ညာဘက်ထောင့်သို့ ဘယ်ခြေဖြင့် အပြင်းကန်သွင်းယူလိုက်သဖြင့် အိမ်ရှင်အသင်း အဖွင့်ဂိုး စတင်ရရှိသည်။ (more…)


Follow

Get every new post delivered to your Inbox.