ယမထာ / ၂၁ အောက်တိုဘာ ၂၀၁၀ – ခေတ်ပြိုင်
ဉာဏ်ကြီးရှင်တချို့ကတော့ ဒီလောကကြီးဟာ ဆန့်ကျင်ဘက်တရားတွေနဲ့ ဖွဲ့စည်းထားတဲ့ လောကကြီးလို့ ဆိုပါတယ်။
အပူနဲ့အအေး၊ အကြီးနဲ့အသေး၊ အနီးနဲ့အဝေး၊ အပေါ့နဲ့ အလေး၊ အမြန်နဲ့ အနှေး၊ အနိမ့်နဲ့အမြင့်၊ အကောင်းနဲ့အဆိုး၊ အတက်အကျ၊ ချမ်းသာဆင်းရဲ၊ အဖြောင့်နဲ့ အကောက်၊ အချိုနဲ့အခါး၊ မြင့်မြတ်ခြင်းနဲ့ ယုတ်ညံ့ခြင်း၊ အသစ်နဲ့အဟောင်း၊ နုပျိုမှုနဲ့ အိုးမင်းရင့်ရော်မှု၊ ဖိနှိပ်မှုနဲ့ တော်လှန်မှု၊ အမှန်နဲ့အမှား၊ ဓမ္မနဲ့ အဓမ္မ။
“မှားတယ်” လို့ ပြောကြတဲ့ “အမှား” ကို “ကြက်ခြေခတ်” နဲ့ သင်္ကေတပြုပြီး “မှန်တယ်” လို့ ပြောကြတဲ့ “အမှန်” ကိုတော့ တစ်ဆယ်ချိုး အမြီးတန်းလေးဆွဲခြစ် (Â) သင်္ကေတပြုကြပါတယ်။
“အမှန်” လို့ခေါ်တဲ့ “တရား”ကို လူအများစုကြီးက နှစ်သက်လိုလားကြတယ်ဆိုတာ အားလုံးအသိ။ ဒီနိုင်ငံမှာ ကျုပ်က နံပါတ်တစ်ပဲ။ “အမှန်”ကို အနှစ်ခြိုက်အလိုလားဆုံး ပုဂ္ဂိုလ်ဟာလည်း ကျုပ်ပဲပေါ့။ ကျုပ်က “မှန်တာ” ကိုပဲ မြင်ချင်တွေ့ချင် ကြားချင်တဲ့လူ။ “အမှား” တွေကို ကျုပ်မုန်းတယ်။ မုန်းတယ်။ မုန်းတယ်။ “အမှား” တွေက ကျုပ်တို့ တစုလုံးကို မျက်ဖြူဆိုက်အောင် လုပ်ခဲ့ဖူးသေးတာပေါ့။ အဲဒီတုန်းက အခြေအနေကို ပြန်တွေးမိတိုင်း ကြက်သီးတွေ ထ ထသွားခဲ့တာ ခဏခဏ။ (more…)