တနင်္လာ, 27 ဒီဇင်ဘာ 2010 – VOA
ကုန်လွန်ခဲ့တဲ့ နှစ်ရဲ့  အဆိုးအကောင်းကို ပြန်ပြောင်းသုံးသပ်ပြီး ဒီလာမယ့်နှစ်သစ်မှာ ဘာတွေလုပ်ကြမလဲဆိုတာကို ပြင်ဆင်မှန်းထားကြသူများ ရှိကြမှာပါ။ ဒီလို အခြေအနေမျိုးမှာ အသုံးပြုပြောဆိုနိုင်တဲ့ အီဒီယံအသုံးအနှုန်းက take stock of ဖြစ်ပါတယ်။
Take = ယူဆောင်သည်၊ Stock = သိမ်းဆည်းထား၊ လှောင်ထားသည် ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ သိမ်းဆည်းထားတဲ့ လက်ကျန်ကုန်ပစ္စည်းတွေ ဘယ်၍ဘယ်မျှ ကျန်ရှိနေလည်းဆိုတာကို သိရအောင် စာရင်းကောက်ယူလုပ်ဆောင်ခြင်းလို့ ဖြစ်ပါတယ်။ အီဒီယံအသုံးမှာတော့ ဖြစ်ခဲ့တဲ့အခြေအနေကို အရှိအရှိအတိုင်း သုံးသပ်ကြည့်ခြင်း ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။ နှစ်သစ်ရောက်လာတဲ့အခါ လူအများလုပ်နေကြ ထုံးစအတိုင်းဖြစ်ပါတယ်။ (more…)