Archive for the ‘နိုင်ငံတကာရေးရာ’ Category

အိုင်ဗရီကို့စ်မှာ ပြည်တွင်းစစ်ဖြစ်နိုင်ဟု ကုလအတွင်းရေးမှူးချုပ် သတိပေး

December 31, 2010

သောကြာ, 31 ဒီဇင်ဘာ 2010 – VOA

အိုင်ဗရီကို့စ်နိုင်ငံက လက်ရှိသမ္မတ လော့ရင့်ဘက်ဘို (Laurent Gbagbo) ရဲ့  နိုင်ငံရေးပြိုင်ဘက်ဖြစ်တဲ့ အာဆင်းဝါတရာ နေနေတဲ့ ဟိုတယ်ကို တိုက်ခိုက်မှုတွေ သွားမလုပ်ကြဖို့ သမ္မတဘက်ဘိုကို ထောက်ခံသူတွေကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက သတိပေးလိုက်ပါတယ်။

တိုက်ခိုက်မှုတခုလောက် ရှိလာတာနဲ့ နိုင်ငံအတွင်းပြည်တွင်းစစ် ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။ (more…)

ပန်နစ်နဲ့ ၆ ယောက်ကို ကမ္ဗောဒီးယားက အရေးယူ

December 31, 2010
နေ့သစ် – December 31, 2010

ဝန်ကြီးချုပ် အဖိဆစ်ဝေ့ချာချီဝက ချွင်းချက်မရှိချက်ခြင်းလွှတ်ပေးဖို့ တောင်းတာတောင်မှ ကမ္ဗောဒီးယား တရားရုံးက ဒီမို ကရက်ပါတီအမတ် ပန်နစ်ဝီကစ်ဆရဲ့သ်နဲ့ ရှပ်ဝါတက်ကြွလှုပ်ရှားသူ ၆ ယောက်ကို ပိုင်နက် နယ်မြေအတွင်း တရားမ၀င်, ၀င်ရောက်မှုအတွက် တနေ့က အပြစ်ပေးအရေးယူခဲ့ပါတယ်။

ဖမ်းထားသူတွေလွှတ်ပေးဖို့အတွက် ကမ္ဗောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဟောနမ်ဟုန်နဲ့စေ့စပ်ဆွေးနွေးဖို့ ထိုင်း နိုင်ငံခြား ရေးဝန်ကြီး ကဆစ်ပီရိုမြကို တနေ့က ဖနွမ်းပင်ကို လွှတ်ပါတယ်။ ကမ္ဗောဒီးယားတရာစီရင်ရေးကို လေးစားကြောင်း ဒါပေ မဲ့ တရားစီရင်တာတွေ မြန်မြန်ဆန်ဆန်လုပ်ပြီး မကြာမီမှာ လွှတ်ပေးမယ်လို့ မျှော်လင့်ကြောင်း ဖနွမ်းပင်က အာဏာပိုင် တွေကို တောင်းဆိုခဲ့တယ်လို့ ကဆစ်က ပြောပါတယ်။ (more…)

အသံလွှင့်ရုံစီးနင်းမှုနဲ့ ပဒဖ အဖွဲ့ဝင် ၈၂ ယောက် ထောင်ချ

December 31, 2010
နေ့သစ် – December 31, 2010

Thai red-shirts breached parliament

၂၀၀၈ ခုနှစ် သြဂုတ်လက နိုင်ငံတော်ပိုင် ထိုင်းနိုင်ငံအမျိုးသားအသံလွှင့်ရုံကို ၀င်ရောက်စီးနင်းခဲ့တဲ့ ပြည်သူ့ဒီ မိုကရေစီ မဟာမိတ်အဖွဲ့ (ပဒဖ) ၀င် ၈၂ ယောက်ကို တရားရုံးက ထောင်ဒဏ် ၂ နှစ်ခွဲအထိ ကျခံဖို့ တနေ့က ဆုံးဖြတ်လိုက်ပါတယ်။

အသံလွှင့်ရုံသိမ်းပိုက်ရာမှာ ပါဝင်ခဲ့တဲ့အရေးမပါသူ ၃ ယောက်ကိုလည်း ဆိုင်းငံ့ပြစ်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါ တယ်။ ဒီ ၃ ယောက်ပါရင် စုစုပေါင်း ၈၅ ယောက်ဖြစ်ပါတယ်။ (more…)

အ၀ါဝတ် ဆန္ဒပြသူ ၈၀ ခန့် ထိုင်းတရားရုံးက ပြစ်ဒဏ်ချမှတ်

December 30, 2010

ကြာသပတေး, 30 ဒီဇင်ဘာ 2010 – VOA

လွန်ခဲ့တဲ့ ၂ နှစ်က ၀န်ကြီးချုပ် သက်ဆင်ကို ဖြုတ်ချဖို့ ကြိုးစားမှု တရပ်အဖြစ် နိုင်ငံတော်ပိုင် ရုပ်မြင်သံကြား သတင်းဌာနကို ၀င်ရောက်စီးနင်းခဲ့သူ အ၀ါရောင်ဝတ် ဆန္ဒပြသူ အမျိုးသားရေးဝါဒီ ၇၉ ယောက်ကို ထောင်ဒဏ်ချမှတ်လိုက်ပါပြီ။

အဲဒီ အ၀ါရောင်ဝတ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြခဲ့သူ ၇၉ ယောက်ကို တရားမ၀င် စုရုံးမှု၊ ပိုင်နက်ကျူးလွန်မှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့ တရားမ၀င် လက်နက် ကိုင်ဆောင်မှု စတဲ့ အမှုတွေနဲ့ ထောင်ဒဏ် ၆ လကနေ ၂ နှစ်ခွဲအထိ ချမှတ်ခဲ့တာပါ။ တခြား နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အများအပြားကိုလည်း ဆိုင်းငံ့ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ပါတယ်။ (more…)

တရားမ၀င် အင်တာနက် တယ်လီဖုန်း တရုတ်နှိမ်နင်း

December 30, 2010

ကြာသပတေး, 30 ဒီဇင်ဘာ 2010  – VOA

အင်တာနက်ပေါ်ကနေ တရားမ၀င် ဖုန်းဆက်သွယ်မှု ၀န်ဆောင်မှု ပေးနေတာတွေကို တရုတ်နိုင်ငံမှာ ပိတ်ဆို့လိုက်ပြီလို့ တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။

လူကြိုက်များပြီး ဈေးသက်သာလှတဲ့ အမေရိကန် ကုမ္ပဏီကြီး SKYPE လို အင်တာနက် ဖုန်းလိုင်း ၀န်ဆောင်မှုကို အသုံးပြုနေကြတဲ့ တရုတ်နိုင်ငံသားတွေ အားလုံးကို ထိခိုက်သွားစေခဲ့ပါတယ်။ (more…)

လူမျိုးတုံး သတ်ဖြတ်မှု အိုင်ဗရီကို့စ်မှာ ဖြစ်မှာ စိုးရိမ်ရ

December 30, 2010

ကြာသပတေး, 30 ဒီဇင်ဘာ 2010 – VOA

အိုင်ဗရီကို့စ်နိုင်ငံမှာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲကနေ သမ္မတနေရာ အငြင်းပွားနေမှုဟာ သူ့နိုင်ငံကို လူအစုလိုက် အပြုံလိုက် အသတ်ခံစေရမယ့် အန္တရာယ် ချောက်နှုတ်ခမ်းနားကို တွန်းပို့သလို ဖြစ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အိုင်ဗရီကို့စ် သံအမတ်သစ်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ဆီကို သံအမတ်သစ် ယူဆွတ် ဘမ်ဘာ (Youssofou Bamba) က သူ့ရဲ့ သံအမတ် ခန့်အပ်လွှာကို ပေးအပ်ရင်း အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ (more…)

မြောက်ကိုရီးယား စစ်ရေးတိုးမြှင့်မှု တောင်ကိုရီးယား ထောက်ပြ

December 30, 2010

ကြာသပတေး, 30 ဒီဇင်ဘာ 2010 – VOA

တောင်ကိုရီးယား စစ်တပ်ရဲ့ အဆင့်မြင့် နည်းပညာ လက်နက်တွေကို ရင်ဆိုင်ဖို့အတွက် မြောက်ကိုရီးယားဟာ အထူးတပ်ဖွဲ့တွေ၊ နျူကလီးယား လက်နက်တွေနဲ့ တာဝေးပစ် အမြောက်တွေကို ပိုအားထားလာနေပြီး သူ့ရဲ့ စစ်ရေးစွမ်းရည်တွေကို မြှင့်တင်လာနေတယ်လို့ တောင်ကိုရီးယားဘက်က ပြောလိုက်ပါတယ်။

ကြာသပတေးနေ့က ထုတ်ပြန်လိုက်တဲ့ တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ သုံးသပ်ချက်မှာ မြောက်ကိုရီးယားဟာ ကျားမုန်တိုင်းလို့ ခေါ်တဲ့ သံချပ်ကာ ကားအသစ်တွေကို တပ်ဖြန့်ထားတယ်လို့ ဆိုပါတယ်။ အဲဒီ သံချပ်ကာကားဟာ ယခင် ဆိုဗီယက် ပြည်ထောင်စုက T-72 အမျိုးအစား သံချပ်ကာ ကားအပေါ်မှာ အခြေခံ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ (more…)

အဖမ်းခံရတဲ့ ဒီမိုကရက်အမတ် နောက်ဆက်တွဲ သတင်း

December 30, 2010
နေ့သစ် – December 30, 2010

နယ်စပ်ကို သွားကြည့်ပြီးနောက်မှာ ပန်နစ်နဲ့ရှပ်ဝါတွေ တရားစွဲဆိုတာ ရင်ဆိုင်နေရ

အာဏာရ ဒီမိုကရပ်ပါတီအမတ် ပန်နစ်နဲ့ ၀ီရဆုံခွမ်ကစ်အပါအ၀င် ရှပ်ဝါတက်ကြွလှုပ်ရှားသူ ၆ ယောက်ကို တရားရုံးတင် တော့မှာ ဖြစ်ပါတယ်။ ထိုင်း-ကမ္ဗောဒီးယားနယ်စပ်က ဆာခရော်ဒေသကို သွားရောက်စစ်ဆေးနေတုန်း တနေ့က အဖမ်းခံ ရအပြီးမှာ ဒီလူတွေကို ဖနွမ်းပင်က အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းထားတယ်လို့ ကမ္ဗောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် က ပြောပါတယ်။ (more…)

ဒီမိုကရက်အမတ် ပန်နစ် ကမ္ဗောဒီးယားတွင် အဖမ်းခံရ

December 30, 2010
နေ့သစ် – December 30, 2010
 

ဗုဒ္ဓဟူးနေ့က ဒီမိုကရက်အမတ် ပန်နစ်ဟာ အိမ်နီးခြင်း နိုင်ငံရဲ့အတွင်းပိုင်းတနေရာမှာ ကမ္ဗောဒီးယားအရာရှိ တွေက ထိန်းသိမ်းခံထားရကြောင်းကို သူက The Nation သတင်းစာကို ပြောပြပါတယ်။ ဗုဒ္ဓဟူးနေ့ မနက် ၁၁ နာရီလောက်က ကမ္ဗော ဒီးယားစစ်သားတွေက နယ်စပ်ကျော်ပြီး ဆာခရော်ဒေသ၊ ခေါ့ဆွန်းခရိုင်က ဘန့်နွန်ယန်ကျေးရွာထဲကိုဝင်လာလို့ ဒါကို စစ်ဆေးဖို့အ တွက် သူသွားတော့ သူနဲ့ တခြားထိုင်း ၆ ယောက်ကို ကမ္ဗောဒီးယား အာဏာပိုင်တွေက ဖမ်းခဲ့တာဖြစ်တယ် လို့  ပန်နစ်က နေးရှင်းသတင်းစာကို ပြောပါတယ်။ (more…)

ဒိန်းမတ်သတင်းစာကို တိုက်ခိုက်ဖို့ ကြံစည်သူများ အဖမ်းခံရ

December 29, 2010

ဗုဒ္ဓဟူး, 29 ဒီဇင်ဘာ 2010 – VOA

ကိုပင်ဟေဂင်မြို့မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ မလုပ်ခင် အချိန်ပိုင်းမှာပဲ ဒီအစီအစဉ်ကို ဖော်ထုတ်နိုင်ခဲ့ပြီး လူတွေ အစုလိုက် အပြုံလိုက် သေကျေအောင်လုပ်ဖို့ ရည်ရွယ်ခဲ့တဲ့ လူ ၅ ယောက်ကိုလည်း ဖမ်းဆီးလိုက်ကြောင်း ဒိန်းမတ်နဲ့ ဆွီဒင်ရဲတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်သွေးကြွ အုပ်စုတခုရဲ့ အဖွဲ့ဝင်တွေက ဒိန်းမတ် သတင်းစာတစောင်ဖြစ်တဲ့ Jyllands-Posten သတင်းစာတိုက် အဆောက်အဦးထဲကို အတင်းအကျပ် ၀င်ရောက်ပြီး ရသလောက် လူတွေကို သတ်ဖြတ်ဖို့ ပြင်ဆင်ထားတာလို့လည်း ဒိန်းမတ် ထောက်လှမ်းရေးဌာနက ပြောပါတယ်။ (more…)


Follow

Get every new post delivered to your Inbox.