Archive for the ‘နိုင်ငံရေးအကျဉ်းသားများ’ Category
December 29, 2010
ဗုဒ္ဓဟူး, 29 ဒီဇင်ဘာ 2010 – VOA
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြုလုပ်မယ့် လွတ်လပ်ရေးနေ့အကြို ဈေးရောင်းပွဲက ရတဲ့ ရန်ပုံငွေတွေကို နိုင်ငံရေး အကျဉ်းသားတွေ လိုအပ်နေတဲ့ ဆေးဝါးနဲ့ အ၀တ်အထည်တွေအပြင် သူတို့မိသားစုတွေကိုလည်း ထောက်ပံ့ဖို့ စီစဉ်ထားတယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။
အခုရက်ပိုင်းအတွင်း မြန်မာပြည် အထက်ပိုင်း ကချင်ပြည်နယ်ထဲမှာ အအေးလှိုင်း ဖြတ်မယ်လို့ အာဏာပိုင်တွေက ကြေညာချက် ထုတ်ပြန်ထားတာကြောင့်လည်း အဲဒီဒေသမှာ ရှိနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေကို ပိုပြီး စိုးရိမ်လာနေကြတာပါ။ (more…)
Posted in အဖွဲ့ချုပ် နှင့် ပြည်တွင်း အတိုက်အခံများ, ဖြန့်ဝေခြင်း, နိုင်ငံရေးအကျဉ်းသားများ, News | Leave a Comment »
December 28, 2010
2010-12-28 – RFA
ဓါတ်ပုံသတင်းထောက် ကိုစည်သူဇေယျ ကို ဒီလ ၂၁ ရက်နေ့ က ထောင်ဒါဏ် ၈ နှစ် ချမှတ် ခဲ့တာနဲ့  ပတ်သက်လို့  ပြင်သစ်အခြေစိုက် နယ်ခြားမဲ့ သတင်းထောက်များ အဖွဲ့  RSF နဲ့  မြန်မာ သတင်းသမဂ္ဂ BMA တို့ က ဒီကနေ့  ပူးတွဲ ကြေငြာချက် ထုတ်ပြန်ပြီး မြန်မာစစ် အစိုးရကို ရှုတ်ချ လိုက်ပါတယ်။
ဒါအပြင် ကိုစည်သူဇေယျ ကိုတင်သာမက သူ့ ရဲ့ ဖခင်ဖြစ်သူ ပန်းချီဆရာ၊ စာရေးဆရာ သားကြီး မောင်ဇေယျ ကိုလည်း ဖမ်းဆီး စစ်ဆေးနေတာကိုလည်း ပြန်လွှတ်ပေးဖို့ အဲဒီ ကြေငြာချက် ထဲမှာ တောင်းဆိုထားပါတယ်။
(more…)
Posted in ဖြန့်ဝေခြင်း, နိုင်ငံရေးအကျဉ်းသားများ, News | Leave a Comment »
December 27, 2010
2010-12-27 – RFA
မန္တလေးတိုင်းအတွင်းက နိုင်ငံရေး အကျဉ်းသားတွေကို ကူညီ ထောက်ပံ့ပေးနေတဲ့ မန္တလေး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေက နိုင်ငံရေးအကျဉ်းသား ၄ ဦးအတွက် အလှူငွေ ကျပ် ၅ သောင်းစီ ဒီကနေ့ ထောက်ပံ့ကူညီ ပေးခဲ့တယ်လို့ သိရပါတယ်။
မန္တလေး NLD အဖွဲ့ဝင်တွေ စုပေါင်း ဖွဲ့စည်းထားတဲ့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က လစဉ် နိုင်ငံရေး အကျဥ်းသားတွေကို ကူညီထောက်ပံ့ ပေးနေရာ အခုလအတွက် နိုင်ငံရေးအကျဉ်းကျ NLD အဖွဲ့ဝင် ၂ ဦးနဲ့ တခြား နိုင်ငံရေးအကျဉ်းသား ၂ ဦးကို ကူညီထောက်ပံ့ ပေးခဲ့ကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကိုလေးက RFA ကို ပြောပါတယ်။ (more…)
Posted in အဖွဲ့ချုပ် နှင့် ပြည်တွင်း အတိုက်အခံများ, ဖြန့်ဝေခြင်း, နိုင်ငံရေးအကျဉ်းသားများ, News | Leave a Comment »
December 25, 2010
2010-12-25 – RFA
ကချင်ပြည်နယ်အတွင်း နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးကိစ္စနဲ့ ပတ်သက်ပြီး စစ်အစိုးရ အာဏာပိုင်တွေနဲ့ ကချင် လွတ်လပ်ရေးတပ်မတော် အကြား တင်းမာမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လမ်းပန်း ဆက်သွယ်မှု လျော့နည်းသွားပြီး ဆေးဝါးပစ္စည်း ရှားပါးနေတာကြောင့် ပူတာအိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား တချို့ ဆေးကုသဖို့ အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ ၁၇ ရက်နေ့က ပူတာအို အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ တွံတေးမြို့နယ် NLD စည်းအဖွဲ့ဝင် ဦးစံဘော်က အာအက်ဖ်အေကို ပြောပြပါတယ်။ (more…)
Posted in ဖြန့်ဝေခြင်း, နိုင်ငံရေးအကျဉ်းသားများ, News | Leave a Comment »
December 22, 2010
ဇာနည်မာန် Wednesday, 22 December 2010 18:07 – ဧရာဝတီ
၂၀၁၀ သင်္ကြန် အကြတ်နေ့က ရန်ကုန်မြို့ရှိ X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုအား ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်း ရိုက်ယူခြင်းကြောင့် ဖမ်းဆီးခံရသည့် ကိုစည်သူဇေယျကို ထောင်ဒဏ် ၈ နှစ် ချမှတ် လိုက်ကြောင်း ၎င်း၏ ရှေ့နေက ပြောသည်။
ဗုံးပေါက်ကွဲပြီး နောက်တနေ့ သင်္ကြန်အတက်နေ့တွင် ခြောက်သွေ့စွာ ရေကစားနေသည့် X2O မဏ္ဍပ်ကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ – ဧရာဝတီ)
မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးက နယ်စပ် ဖြတ်ကျော်ပုဒ်မ ၁၃/၁ ဖြင့် ထောင်ဒဏ် ၃ နှစ်၊ မတရား အသင်း ဆက်သွယ် မှု ပုဒ်မ ၁၇/၁ ဖြင့် ထောင်ဒဏ် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။ (more…)
Posted in ဖြန့်ဝေခြင်း, နိုင်ငံရေးအကျဉ်းသားများ, News | Leave a Comment »
December 21, 2010
အင်္ဂါ, 21 ဒီဇင်ဘာ 2010 – VOA
ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိသူတွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ဒီကနေ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံမှုနဲ့ ပတ်သက်လို့ အသေးစိတ်ကို နှစ်ဘက်စလုံးက တရားဝင် ထုတ်ပြန်ဖို့ မရှိပေမဲ့ သူတို့ တွေ့ဆုံစဉ်အတွင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ကိစ္စကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။ (more…)
Posted in အဖွဲ့ချုပ် နှင့် ပြည်တွင်း အတိုက်အခံများ, ဖြန့်ဝေခြင်း, နိုင်ငံရေးအကျဉ်းသားများ, News | Leave a Comment »
December 21, 2010
ရန်ပိုင် Tuesday, 21 December 2010 18:08 – ဧရာဝတီ
ပဲခူးတိုင်း ပြည်မြို့အကျဉ်းထောင်၌ အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား တဦးဖြစ်သော မသင်းဇူလိုင်ကျော် သည် လွတ် ရက် စေ့၍ ယမန်နေ့နံနက်က ပြန်လည် လွတ်မြောက်လာသည်။
ကျန်းမာရေး ကောင်းမွန်ကြောင်း၊ လွတ်ရက်စေ့၍ လွတ်လာခြင်းဟု ဆိုနိုင်သော်လည်း ရုံးတင်တရားမစွဲဆိုမီနှင့် အမှုရင်ဆိုင် နေရ စဉ် အချိန်အတွင်း ထောင်တွင်းနေထိုင်ရသည့် အချိန်ကာလကိုပါ ရေတွက်ကြည့်လျှင် ချမှတ်ခံရသည့် ပြစ်ဒဏ်ထက် ၅ လခန့်ပင် ပိုပြီး အကျဉ်းထောင်ထဲတွင် နေထိုင်ခဲ့ရသည်ဟု မသင်းဇူလိုင်ကျော် ကဆိုသည်။
“ကျန်းမာရေးရော စိတ်ဓာတ်ရော ကောင်းတယ်၊ ကိုယ်လွတ်ပေမယ့် အပြည့်အ၀ မပျော်နိုင်ဘူး၊ တခြားဘ၀တူ နိုင်ငံရေး အကျဉ်း သားတွေ အကုန်လွတ်စေချင်တယ်”ဟု ၎င်းက ဆိုသည်။ (more…)
Posted in ဖြန့်ဝေခြင်း, နိုင်ငံရေးအကျဉ်းသားများ, News | Leave a Comment »
December 18, 2010
2010-12-18 – RFA
စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်မှာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် တပါးဖြစ်တဲ့ အရှင်ဂန္ဘီရ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား ကိုနိုင်လင်းဟာလည်း သွေးသွင်း ကုသနေရကြောင်း ကလေးမြို့ အကျဉ်းထောင်ကနေ မနေ့က လွတ်မြောက်လာတဲ့ ဦးရောဘတ်ဆန်းအောင်က အာအက်ဖ်အေကို ပြောပါတယ်။ (more…)
Posted in ဖြန့်ဝေခြင်း, နိုင်ငံရေးအကျဉ်းသားများ, News | Leave a Comment »
December 17, 2010
သောကြာ, 17 ဒီဇင်ဘာ 2010 – VOA
လွတ်ရက်စေ့နေပြီဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတချို့ဟာ ဒီကနေ့မှာပဲ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ ဒီအထဲမှာ အင်းစိန်ထောင်မှာ ပုဒ်မ (၅/ည) နဲ့ ထောင်ဒဏ် ၇ နှစ်ကျခံနေရတဲ့ ဗကသများအဖွဲ့ချုပ်က ကိုဟန်ဝင်းအောင်နဲ့ သူရဲ့အမူတွဲ ၂ ဦးလည်း ပါဝင်ပါတယ်။
နယ်ထောင်တွေက လွတ်ရက်စေ့သူတချို့လည်း ပြန်လွတ်လာကြပါတယ်။ ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ ကူးစက်ရောဂါအပြင် အခြားဝေဒနာတွေ ပြင်းထန်စွာ ခံစားနေရပြီး ဆေးကုသခွင့် လုံလောက်စွာ မရရှိဘူးလို့ ဆိုပါတယ်။ (more…)
Posted in ဖြန့်ဝေခြင်း, နိုင်ငံရေးအကျဉ်းသားများ, News | Leave a Comment »
December 17, 2010
2010-12-17 – RFA
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃ နှစ်မြောက် မွေးနေ့မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်ခံခဲ့ရတဲ့ အဲန်အယ်လ်ဒီ အဖွဲ့ဝင် ၁၄ ဦးထဲက တနင်္သာရီတိုင်း ကော့သောင်းအကျဉ်းထောင်မှာ ရောက်ရှိနေတဲ့ တွံတေးမြို့နယ် စည်း အဖွဲ့ဝင် ဦးချစ်ခင်လည်း ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက် မနက်မှာ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးတွင် ၂၀ဝ၈ ဇွန်လ ၁၉ရက်က ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်၏ ၆၃နှစ်မြောက် မွေးနေ့ အခမ်းအနားသို့ လာရောက်သည့် လူအုပ်ကို အကြမ်းဖက် ဖြိုခွဲဖမ်းဆီးမည့် စွမ်းအားရှင် အဖွဲ့ဝင်များ ဒိုင်နာကားပေါ်မှ စောင့်ကြည့်နေသည်ကို ဤကဲ့သို့ တွေ့ရပါသည်။ (Photo: Courtesy of Burma Democracy and Developement)
ဒီအကြောင်းအသေးစိတ်ကိုတော့ RFA သတင်းထောက် ဦးအောင်မိုးမြင့် က သတင်းပေးပို့ထားပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ ၂၀၀၈ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ အဲန်အယ်လ်ဒီ ရုံးချူပ်ရှေ့မှာ အဖွဲ့ဝင်တွေက ငှက်တွေ လွှတ်ပြီး ဆုတောင်းမေတ္တာ ပို့သနေတုန်း လူအင်အား ၃၀၀ ခန့် ရှိတဲ့ စွမ်းအားရှင်လို့ ယူဆရသူတွေဟာ ဒိုင်နာကား ၁၀ စီးနဲ့ ရောက်ရှိလာပြီး ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တဲ့ အဖွဲ့ဝင် ၁၄ ဦးထဲမှာ တွံတေးမြို့နယ် မြို့နယ်စည်းအဖွဲ့ဝင် ဦးချစ်ခင်လည်း ပါဝင်ခဲ့ပါတယ်။ (more…)
Posted in ဖြန့်ဝေခြင်း, နိုင်ငံရေးအကျဉ်းသားများ, News | Leave a Comment »