Archive for the ‘Maung Tak’ Category

စာစိတ်ပေစိတ်အစ တက္ကသိုလ်ဘုန်းနိုင်က (မောင်တောက်)

April 1, 2010

စတုတ္ထတန်း စာမေးပွဲကြီးကား ပြီးဆုံးသွားခဲ့ပေပြီ။ ကျနော့်မှာတော့ မွေးစားဖခင်၏ ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသော ဆေးရုံလိုတိုက်ကြီးထဲတွင် ကိုယ့်ကံဇာတာနှင့်ကိုယ် အထီးကျန်ဆန်နေရသည်။

စည်းကမ်းကြီးလွန်းသော မွေးစားဖခင်အရာရှိကြောင့် တိုက်ပေါ်မှ လမ်းမပေါ်သို့ပင် ဆင်းမဆော့ရ။ ရုပ်မြင်သံကြားခေတ်ကလည်း မထွန်းကားသေး။ ဆေးရောင်စုံ လူပဒေသာများ၊ မော်တော်ကားများ၊ ဈေးသည်များ၊ ယဉ်ထိန်းရဲ၊ ရိုးရိုးရဲ၊ ကျနော်တို့ရိပ်သာမှ အရွယ်တူများ၏ လမ်းမပေါ် ဘောလုံးပွဲ။

(more…)

အနုပညာ၊ လွတ်လပ်ခွင့်၊ သမိုင်း၏ အဆုံးအမ

January 7, 2010

ဂျစ်ကားကို နင်းခုံကလေးပေါ်ရုံ အနီးကပ်ရိုက်ပြထား၏။ ထို့နောက် ဖျာစုတ်ပေါ် နင်းလျှောက်လာသော သရုပ်ဆောင် စမ်းစမ်းအေး၏ ခြေထောက်များ … ဟော … ဆေးလိပ်တိုကလေးများကို ခြေဖြင့်တိုက်ကာ ဂျစ်ကားနင်းခုံပေါ် တက်လိုက်၏။ ကားထွက်သွားပြီ။

‘ခြေဖဝါးတော်နုနု’ ဇာတ်ကားထဲက သရုပ်ဆောင် စမ်းစမ်းအေးတယောက် သဘင်လောကမှ ရုပ်ရှင်ဘက် ကူးတော့မည့်ပြကွက်ကို အထက်ဖော်ပြပါ သင်္ကေတကလေးများဖြင့် ၂ မိနစ်ခန့် ရိုက်ပြသွားခြင်းဖြစ်သည်။

ထိုခေတ်က စက်မှုပိုင်းဆိုင်ရာတွင် အလွန်ခေတ်နောက်ကျသည့် ပစ္စည်းများဖြင့် ရုပ်ရှင်အနုပညာကို ဖန်တီးနေကြရသော အချိန်။ သို့သော်လည်း စိတ်ကူးစိတ်သန်း အနုပညာကိုယ်ခံအားနှင့် ရသဖန်တီးမှု လက်ရာတို့ကား သာလွန်ကောင်းမွန်နေသည်ချည်း ဖြစ်သည်။

စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်ဆိုသော အနုပညာကား စိတ်ကူးစိတ်သန်းကို ချဲ့ထွင်နိုင်သမျှ ချဲ့ထွင်ရသော ကိစ္စပင်။ သို့ ချဲ့ထွင်ရာတွင် ဗဟိဒ္ဓ အမြင်အတွေ့ကို အဇ္ဈတ္တတွင် ကူးစက်ခံစားပြီး တုံ့ပြန်မွေးဖွားရသည်လည်း ပါသည်။

လူတွေကို ခံစားရသည်။ အဖြစ်အပျက်များကို မှတ်သားရသည်။ အပြောင်းအလဲများကို မျက်ချည်မပြတ်ဘဲ လူ့လောက၏ ရသအစုံကို ဒဿနဖြင့် ခြုံငုံသုံးသပ် ဖန်တီးတတ်ရသည်လည်း ရှိသည်။

ထိုသို့တွေးခေါ်သုံးသပ် ဆုံးဖြတ်ဖန်တီးရာ၌ လွတ်လပ်မှုရှိဖို့သည် ပဓာနကျလှပေသည်။ အနုပညာဆိုသည်ကား လွတ်လပ်မှုကြောင့်ပင် ရှင်သန်တိုးတက်နေသောအရာ ဖြစ်ပေတော့၏။

တလောက … တေးဂီတရုပ်မြင်သံကြား (စီဒီ)ဓာတ်ပြားတခွေကို မိတ်ဆွေတဦးအိမ်တွင် ကြုံကြိုက်ခိုက် ထိုင်ကြည့်မိသည်။ ခင်မောင်တိုး၏ သီချင်းများကို သရုပ်ဆောင်တို့၏ လှုပ်ရှားမှုများဖြင့် တင်ဆက်ထား၏။

စက်မှုပိုင်းဆိုင်ရာ၊ အသံပိုင်းဆိုင်ရာ တိုးတက်ခေတ်မီလာသော ဒီဘက်ခေတ်တွင် တေးဂီတရုပ်မြင်သံကြား (MTV) ဓာတ်ပြားတွေ အတော့်ကို ခေတ်စားလာသည်။ စီဒီဓာတ်ပြားတွေနှင့် တချပ်ပြီးတချပ် တဖျပ်ဖျပ် ရိုက်ကူးဖြန့်ချိနေကြ၏။ သို့သော် …

အထူးသတိထားမိသည်မှာ အနုပညာ ကိုယ်ခံအားနည်းပါးသော (MTV) ရိုက်သူများ၏ လက်ရာပင်။

စိတ်ကူးစိတ်သန်းတွေက မလတ်ဆတ်သဖြင့် ရိုက်ချက်တွေကလည်း ချာတာတာ။ သရုပ်ဆောင်တွေကလည်း ပျာယာယာနှင့် ဖြစ်နေသည်။

ဥပမာ… အဆိုတော် ခင်မောင်တိုး၏ မဟာဆန်သူသီချင်းထဲမှ “အနောက်ဘက်မျက်နှာ ကျားကွက် ရွှေ့လိုက်တယ်ပေါ့” ဆိုသော စာသားနေရာတွင် တကယ့်ပကတိ ဘုရားစူးပါရစေဆိုရမည့် ကျားကွက်အစစ်ပေါ်မှ ကျားကိုရွှေ့ပြသည့် ရိုက်ချက် ထည့်သွင်းထားသည်။

အလွန့်ကိုပင် တိကျသေချာလှသော သရုပ်ဖော်မှုပါတည်း။

သို့သော်လည်း ပြောစရာ၊ ဆိုစရာတွေကတော့ ရှိသည်။ အခြားမဟုတ်။ လွတ်လပ်မှုပင်။

လက်ရှိ စစ်ခေါင်းဆောင်များ၊ အာဏာသိမ်း၍ အုပ်ချုပ်နေသော မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်း၊ စာနယ်ဇင်းနှင့် အနုပညာလွတ်လပ်ခွင့် ဆိတ်သုဉ်းသောနိုင်ငံအဖြစ် သတင်းကြီးနေသည် မဟုတ်လော။

ထို့ကြောင့်လည်း မြန်မာနိုင်ငံတွင် အနုပညာကိုယ်ခံအားနည်းသူများ၊ အနုပညာကိုယ်ခံအား လုံးပါးပါးရသူများ နှင့် အနုပညာကို ခုတုံးလုပ် ကိုယ်ကျိုးရှာသူများ ပေါ်ပေါက်လာရခြင်း ဖြစ်ပေတော့၏။

အနုပညာကိုယ်ခံအားနည်းသူတို့ကား တပွဲတိုး၊ ဆူလွယ်နပ်လွယ် ဖန်တီးမှုများမှတဆင့် ပရိတ်သတ်၏ လျစ်လျူရှုခြင်းကိုခံရကာ အနုပညာကပင် ထိုသူတို့ကို မောင်းထုတ်ပစ်မည်ဖြစ်သည်။

အနုပညာ ကိုယ်ခံအားလုံးပါးပါးရသူတို့ကား မိမိ၏အဖြစ်သနစ်ကို ခေတ်၏အခြေအနေနှင့် ဆန်းစစ်ဝေဖန်နိုင်ပါက နိုင်ငံရေးစနစ်သစ် ရောက်လာလျှင် မော်ကွန်းတင် ကမ္ဗည်းထိုးနိုင်သော၊ မှတ်ကျောက်တင်နိုင်သော အနုပညာလက်ရာများကို ပြန်လည်ဖန်တီးနိုင်ကြမည်ဖြစ်သည်။

အနုပညာကို ခုတုံးလုပ် ကိုယ်ကျိုးစီးပွားရှာသူတို့က အနုပညာနှင့် ပရိသတ်၏ ဒဏ်ခတ်ခြင်းကိုခံရမည်သာမက သမိုင်း၏ အဆုံးအမကိုပါ ခံကြရဦးမည်ဖြစ်သည်။

ရေးနေရင်း … တလောက နအဖ အကယ်ဒမီဆုတွေ အများကြီးရသွားသည့် မင်းသားကို သတိရမိသည်။ အနှီ မင်းသား ရိုက်ကူးသမျှ အင်္ဂလိပ်နယ်ချဲ့နှင့် ဖက်ဆစ်တော်လှန်ရေးဇာတ်လမ်းတွေသာ များလွန်းသောကြောင့် “သီဟတင်စိုးကတော့ ခုထိ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် တိုက်တုန်းပဲ” ဟု နာမည်ကြီးသူပင်။

ထိုနာမည်ကြီး သီဟတင်စိုးဆိုသူ မင်းသားက ဖိနှိပ်အုပ်ချုပ်သော စစ်ခေါင်းဆောင်များအလိုကျ ‘ငရဲသား’ အမည်ရှိ ဇာတ်လမ်းကိုရိုက်ကူးကာ ‘နအဖ အကယ်ဒမီဆု’တွေ ယူသွား၏။

ထိုသို့ အကယ်ဒမီဆု ၂ ဆုကို တဦးတည်း တနှစ်တည်းရသွားသဖြင့် သူ့အစား ကျနော် ဂုဏ်မယူပါ။
အဘယ်ကြောင့်ဆိုသော် ဖိနှိပ်အုပ်ချုပ်သူများ၏ အလိုကျ သူ့ကိုယ်ကျိုးအတွက် အနုပညာကိုခုတုံးလုပ်ခဲ့သဖြင့် သမိုင်း၏ အဆုံးအမကို အနှီမင်းသားတယောက်ခံရတော့မည်ဟု တွေးမိသောကြောင့် ဖြစ်သည်။

သမိုင်းကား ရပ်တန့်မနေ။ အစဉ်ပြောင်းလဲနေသည် မဟုတ်လော။

ရေစီးသံဂျာနယ်
အတွဲ ၆၊ အမှတ် ၁
မေလ ၁ ရက်၊ ၂၀၀၂ ခုနှစ်

သူရဲဘောကြောင်လှသည့် လုပ်ရပ်ဆိုး

September 11, 2009


အမေရိကန်နိုင်ငံ၏သမိုင်းတွင် နှစ်ပေါင်း ၅ဝ ကျော်အတွင်း အကြီးမားဆုံး တိုက်ခိုက်ခံရမှုကြီးကို (မြန်မာပြည်သူ အများစုကြီးမှလွဲ၍) ကမ္ဘာ့ပြည်သူအားလုံး ရုပ်မြင်သံကြားဖန်သားပြင်ပေါ်တွင် မျက်ဝါးထင်ထင် တွေ့မြင်လိုက်ကြရပေပြီ။

နိုင်ငံအများအပြားမှ ရာနှင့်ချီသော ကမ္ဘာ့လူသားတို့ ယခုထိ ပျောက်ဆုံးနေဆဲ။ အသက်ရှင်လျှက် ပြန်တွေ့ရန်မူ မျှော်လင့်ချက်က နည်းလှ၏။

စစ်အေးလွန်ခေတ် ကမ္ဘာ့အင်အားကြီးနိုင်ငံတခု၏ မူဝါဒများ၊ ဝင်ရောက်စွက်ဖက်ခဲ့မှုနှင့် ကမ္ဘာ့ပြဿနာများအပေါ် ဦးဆောင် လွှမ်းမိုး ကြားဝင်နေမှုများကို ကျနော်တဦးတည်းအနေဖြင့် ဘဝင်မကျသော အစိတ်အပိုင်းများရှိပါသည်။ သို့ သော် ယခုဖြစ်ရပ်၌ ပို၍ဘဝင်မကျ ဒေါသဖြစ်ရသည်ကား အကြမ်းဖက်သမားများအပေါ်သာဖြစ်သည်။ တနည်း အကြမ်းဖက်သမားတို့၏ လူမဆန်သော သူရဲဘောကြောင်သည့် လုပ်ရပ်ဆိုးကြီးကိုပင် ဖြစ်ပေ၏။ (more…)

အနုပညာ၊ လွတ်လပ်ခွင့်၊ သမိုင်း၏ အဆုံးအမ

February 8, 2009

မောင်တောက်

“လက်ရှိ စစ်ခေါင်းဆောင်များ၊ အာဏာသိမ်း၍ အုပ်ချုပ်နေသော မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်း၊ စာနယ်ဇင်းနှင့် အနုပညာ လွတ်လပ်ခွင့် ဆိတ်သုဉ်းသောနိုင်ငံအဖြစ် သတင်းကြီးနေသည် မဟုတ်လော။ ထို့ကြောင့်လည်း မြန်မာနိုင်ငံတွင် အနုပညာ ကိုယ်ခံအားနည်းသူများ၊ အနုပညာကိုယ်ခံအား လုံးပါးပါးရသူများနှင့် အနုပညာကို ခုတုံးလုပ် ကိုယ်ကျိုးရှာသူများ ပေါ်ပေါက်လာရခြင်း ဖြစ်ပေတော့၏” (more…)

ကိုလံဗတ်နှင့် တွေ့ချင်သည် (မောင်တောက်)

January 21, 2009

“ဆိုပါတော့။ စစ်အေးခေတ် ခြေပုန်းခုတ် ပြဇာတ်ရှည်ကြီးကို တင်ဆက်ကြရင်းက ဇာတ်ခေါင်းကွဲကြတော့၏။

ဆော်ဒီနွယ်ဖွား အိုစမာဘင်လာဒင်က ငယ်ရွယ်စဉ်အခါက ကစားဖော်ကစားဖက်

အင်အားလွန်နိုင်ငံကြီးကို စိတ်နာကာ ဇာတ်အသစ် ထောင်သည်။ ကျောက်ဂူတွေထဲနှင့်

သဲကန္တာရတွင် ဇာတ်တိုက်သည်။ ရုံတင်တော့ ကမ္ဘာတခွင် … …။ နောက်ဆုံးတင်ဆက်သည့် ပြဇာတ်ကြီးက ထိတ်လန့် သဲဖို ကြေကွဲမှုအတိနှင့်ဇာတ်သိမ်းသော စက်တင်ဘာ ၁၁ ရက် နယူးယော့စ်၊ ဝါရှင်တန် ဖြစ်ရပ်မှန်။


ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ရုံတင်နေသော ဇာတ်ကားကြီးကား မပြီးဆုံးသေး။

တချိန်ကတော့ … …

ပထမကမ္ဘာစစ်ကြီး စတင်နေသော်လည်း မဟာမိတ်တို့၏ ရိက္ခာတိုက်ကြီးက ငွေစက္ကူတွေကိုသာ ရေတွက်နေခဲ့သည်။ ဂျာမနီ ရေငုတ်သင်္ဘောတို့က ကုန်တင်သင်္ဘော ၅ စင်းကို တိုက်ခိုက် နစ်မြှုပ်ပစ်လိုက်မှ အမေရိကန်တို့ စစ်ထဲဝင်ပါခဲ့၏။ (more…)

ဒီဇင်ဘာ တစ္ဆေ

December 27, 2008

“သို့ဆိုလျှင် ကုန်လွန်ခဲ့သော ဇန်နဝါရီလသည် ကျနော်တို့၏ မြေသြဇာ ဖြစ်ခဲ့ပါသလား။

ယခုလည်း မည်သည့် အသီးအပွင့်တို့ကို ရိတ်သိမ်းပြီး မည်သည့်မြေကို ထွန်ယက်နေကြပါပြီလဲ။

ချစ်ခြင်းမေတ္တာ နှင့် အသိဉာဏ်ကို အဘယ်မျှလောက် မြှုပ်နှံခဲ့ကြပါသလဲ။

အစားအစာနှင့် အရိပ်အာဝါသကို မမျှော်လင့်မီ

လယ်တကွက်နှင့် သစ်ပင်တပင် ပျိုးထောင်ခဲ့နိုင်ကြပါသလား … ” (more…)

ကျနော်တို့ရဲ့ တမိုးတမြေ

December 26, 2008

လူထုဒေါ်အမာတို့

ဒေါ်အောင်ဆန်းစုကြည်တို့လို

ကြီးမြတ်တဲ့ အမျိုးသမီးတွေကိုရထားတဲ့ တိုင်းပြည်ဟာ

ကံကောင်းတဲ့ တိုင်းပြည်ပါ။

အောင်နိုင်ဦး

အမေ လူထုဒေါ်အမာ ၈၅ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ပြီးခဲ့သည့်နှစ်က ထုတ်ဝေသော ‘လွတ်လပ်သော ကလောင်ရှင်များအသင်း (မြန်မာနိုင်ငံ)’၏ လက်ဆင့်ကမ်း စာစောင်ကလေးကို ကျနော် ပြန်ဖတ်နေမိသည်။

“ဒီိနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ဟာ အမေ လူထုဒေါ်အမာရဲ့ ၈၆ နှစ်ပြည့် မွေးနေ့ပေါ့ … ဟု စိတ်ထဲမှာတွေးရင်း အပြင်သို့ အကြည့်အရောက် နှင်းမှုန်ပါးလျလျထဲ ဆရာတော်ကိုပညာ (အမရပူရ)၏ တောင်လေးလုံးကျောင်းအရိပ်က လှုပ်ကြွသွားသေး၏။ (more…)

အင်္ဂလိပ်စာ၊ အချစ် နှင့် သီတင်းကျွတ် -၂

December 14, 2008

အင်္ဂလိပ်စာ

အချစ် နှင့် သီတင်းကျွတ် (၂)


မောင်တောက်

ထိုအကိုကြီး စကားတွေဆက်ပြောနေသေးသည်လား ကျနော် မသိတော့။ စာရွက်ကို ကောက်ယူပြီး တချိုးတည်း အိမ်ပြန်လာခဲ့မိသည်။ သွားပြီ။ အင်္ဂလိပ်စာဆင်းရဲ၍ အချစ်ပါမွဲခဲ့ရသော ကျနော်။ သို့နှင့် အချစ်နှင့်အင်္ဂလိပ်စာ သည် ကာလအတော် ကြာ ကျနော်နှင့် အဆက်ပြတ်သွားခဲ့ရသည်။ (more…)

မောင်တောက် (အင်္ဂလိပ်စာ၊ အချစ် နှင့် သီတင်းကျွတ်)

December 11, 2008

အင်္ဂလိပ်စာ

အချစ် နှင့် သီတင်းကျွတ်


မောင်တောက်

ခေါင်းစဉ်ကိုသာကြည့်ပြီး အဖြေထုတ်ကြမည်ဆိုက ဘာမျှမဆိုင်ဟူသောအချက်လောက်နှင့်ပင် မိတ်ဆွေတို့အတွက် ပြည့်စုံနိုင်သည်။ သို့သော် ကျနော့်အတွက်မူကား အင်္ဂလိပ်စာ အချစ်နှင့် သီတင်းကျွတ်သည် ဘဝထဲမှဖျက်မရသော ကိစ္စရပ်များ ဖြစ်နေသည်။ ရှေ့ဆက်၍လည်း မည်သို့ရှိဦးမည် မသိ။

ကြွားစရာတော့ မဟုတ်။ သို့သော် မြန်မာ့ပညာရေးခရီးတလျှောက် ၅ တန်းရောက်မှ အင်္ဂလိပ်စာကို စတင်သင်ကြားရသူများထဲတွင် ကျနော်လည်းပါသည်။ အက္ခရာစာလုံးတွေကို လူကြီးမိဘတို့အသံ ထွက်ပြကတည်းက အေ ဘီ စီ ဒီ ဟု သိနေသော်လည်း မည်သည့်သြဇာနှင့် ခြိမ်းခြောက်မှုက ကျနော်တို့ခေတ်ကို ပြစ်ဒဏ်ခတ်ထားသည် မသိ။ အင်္ဂလိပ်စာဆိုတာ ၅ တန်းရောက်မှ သင်ရတာဟု အရိုးစွဲနေမိသည်။ (more…)

မောင်တောက် (အစစ်)

November 28, 2008

အစစ်

(မောင်တောက်)


သောမတ်အက်ဒီဆင်ကို အားတုန့်အားနာ ဖြစ်နေတာမျိုးတော့ဖြင့် မဟုတ်နိုင်။ သို့ပေမင့် မီးရောင်တွေက ခပ်မှိန်မှိန် …

နည်းပညာခေတ်က စီဒီဓာတ်သားကို တို့ထိနမ်းရှိုက်နေသဖြင့် “စိမ်းမြဖန်သားပြင်” (ဒဂုန်တာရာ၏ စကားလုံး) ပေါ်၌ အရုပ်နှင့် အသံတို့သာ မဟုတ်။ စာလုံးတွေကိုပါ ဖတ်ရှုလာနိုင်ပြန်သည်။

သို့သော်လည်း … ထိုင်းဘာသာဖြင့် ရေးသားထားခြင်းဖြစ်၏။ (more…)


Follow

Get every new post delivered to your Inbox.