
ကြားဖူးသမျှ ပြောရမှာဖြင့်
တလုံးချိုင့်ဟာ အနေ “မိုက်” လို့
ဒူးနေရာဒူး တော်နေရာတော် မှန်ရာနေတတ်
နှိမ့်ချရိုးသား လုပ်ကိုင်စားသောက်
ဖြောင့်ဖြောင့်တန်းတန်း လုံးပန်းစွမ်းအင်
လွှမ်းသည်ကြောင့်လည်း (more…)

ကြားဖူးသမျှ ပြောရမှာဖြင့်
တလုံးချိုင့်ဟာ အနေ “မိုက်” လို့
ဒူးနေရာဒူး တော်နေရာတော် မှန်ရာနေတတ်
နှိမ့်ချရိုးသား လုပ်ကိုင်စားသောက်
ဖြောင့်ဖြောင့်တန်းတန်း လုံးပန်းစွမ်းအင်
လွှမ်းသည်ကြောင့်လည်း (more…)
၂၀၁၀ ဟာ သူ မထွက်ခင်
(နိုဝင်ဘာ ၁၃ ရက်၊ မြန်မာနိုင်ငံအတွက်)
တချက်မင်္ဂလာရှိသွားခဲ့ရတယ်။
တနှစ်လုံးကတော့
တိမ်ဖုံးပါလို့ လ မသာ
ရင်ဆာငတ်မွန်း မှောင်လွန်းသောညတို့ချည်းသာ
ကြက်ပန်းသွားသော ယာတောများ လမ်းမများပေါ် (more…)
ဟိုးဝေးဝေးက ခရစ္စမတ်
အမေ …
ကျနော်တို့ကို မျှော်နေရော့မယ်။ (more…)
နေ့သစ် – December 24th, 2010
“ငွေကိုတပ်မက်ခြင်းသည်
မကောင်းသောအမှုအပေါင်းတို့တွင်မူလအမြစ်
ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့်
ယုံကြည်ခြင်းတရားလမ်းမှလွှဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့်
ကိုယ်ကိုကိုယ်ထုတ်ချင်းခပ်အောင်ထိုးကြပြီ။”
(တိမောသေသြ၀ါဒစာ ပဌမစောင်၊ ၆း၁၀) (more…)
ကမ္ဘာမှာ ကဗျာနဲ့ ကင်းတာ ဘာမှမရှိဘူး မဟုတ်ဘူးလား ကိုချော …
ကလေးတွေရော
ကင်းတကောင်အောက် ကရွတ်တခွေဝင်လာလို့
ကင်းဘတ်(စ်)ရှေ့တွင် သူရပ်လိုက်တယ်
ကျောက်ရင်းတောင်သာ ပြောင်းပေါတဲ့ရွာ
ကြည့်ခွင့်မသာလို့ မြင်ရက်မကြုံလည်း စိတ်ထဲမှာ စွဲနေတဲ့ သံမှို
ကြယ်တွေက ရွှေချည်ထိုးထားတဲ့ ဘော်ကြယ်သစ်တွေလို
ကျနော်ကတော့ ကိုယ့်ရဲ့နာမကျန်းမှုတွေနဲ့ ကဗျာဆရာလုပ်
ခရီးသွားတယ်ဆိုတာ … (more…)
ဝတ်လစ်စလစ်ကမ္ဘာ
ကြည့်နေ …
ကြည့်ပြော …
ကြည့်စား …
ကြည့်သွား …
သိတယ်မဟုတ်လား
ခေတ်ကြီးက
လီကွမ်ယူလည်း
အပြောမတော်
ကမ္ဘာကျော် အတင်းပြောသူကြီးဖြစ်
ကိုသန်းရွှေရဲ့ လိုဏ်ခေါင်းတွေလည်း
မြေလျှိုးရာကနေ မိုးကိုပျံ
အိုယန်းကီးကြီးလည်း
မကုန်းရဘဲ ဖုံးထားသမျှတွေပေါ်
သြော် …
တော်တော်မလွယ်တဲ့ခေတ်
အားလုံး … ၀တ်လစ်စလစ်ဖြစ်ကုန်ပါပေါ့လား။ (more…)
ပန်းဖျက် မုဆိုး
ဆူးကိုသာ အပြစ်မြင်နေတတ်ရင်
သင်ဟာ ရနံ့နဲ့ ထာဝရ ဝေးနေလိမ့်မယ်။
ပန်းပွင့်ကလေးတွေရဲ့
အကြောင်းရင်းခံကို သိချင်၊ ပြောချင်၊ မျှဝေချင်တယ်ဆိုပါစို့
သင်ဟာ …
သမိုင်းလည်း ကျေရမယ်
မြေကြီးကို ကိုယ်တိုင်ထွန်ယက်
တကယ်ချစ်တတ်ဖို့လည်း လိုမယ်
ပန်းကလေးတွေရဲ့ ရန်သူစစ်စစ်ကိုလည်း သိရမယ်။ (more…)
နေ့သစ် – December 12th, 2010
ခုထိ မျှော်လင့်ခိုးပဲရှိသေးရဲ့
ပဲ့ကိုဘယ်သူက ဘယ်လိုကိုင်မှာလဲ
ရေကလည်း နည်းပါဘိသနဲ့
အဲဒီ ဒီရေမြင့်သစ်ဆိုတာကို တောင့်တမိ
ထက်မြိတဲ့ဓားတစင်းရဲ့စွမ်းအား
မြားတစင်းရဲ့စွမ်းအားနဲ့
ပစ်မှတ်ကို တည့်တည့်ပစ်နိုင်ဖို့သာ။ ။
စိုးနေလင်း