ကြံ့ဖွံ့ပါတီ လွှတ်တော်ကိုယ်စားလှယ် စည်းဝေးပွဲ နေပြည်တော်မှာ စတင်

ဗုဒ္ဓဟူး, 22 ဒီဇင်ဘာ 2010 – VOA

ဒီနေ့ နေပြည်တော်မှာ စတင်ကျင်းပခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ခံ အမတ်တွေရဲ့ ပထမဦးဆုံး ညီလာခံမှာ အမျိုးသားလွှတ်တော် အမတ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဇေကမ္ဘာ ဦးခင်ရွှေက ဒီနေ့ ညီလာခံမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြန်လည်ဖွဲ့စည်းရေး အပါအ၀င် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်တုန်းက ပေးထားတဲ့ ကတိတွေအတိုင်း မဲဆန္ဒရှင်တွေကို ဆောင်ရွက်ပေးဖို့ ကိစ္စတွေကို ၀န်ကြီးချုပ် ဦးသိန်းစိန်နဲ့ ပါတီခေါင်းဆောင်တွေက မှာကြားခဲ့တယ်လို့ ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၇၄% အနိုင်ရခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲနောက်ပိုင်း လုပ်ဆောင်ရမယ့် ရှေ့လုပ်ငန်းစဉ်တွေကို ၀န်ကြီးချုပ် ဦးသိန်းစိန်နဲ့ တခြား ပါတီခေါင်းဆောင်တွေက ဒီနေ့ကျင်းပတဲ့ စည်းဝေးပွဲမှာ မှာကြားခဲ့တဲ့အကြောင်း တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မဲဆန္ဒနယ်မြေကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော်အတွက် ရွေးကောက် တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက စည်းဝေးပွဲ ကျင်းပနေတဲ့ ခန်းမကနေ အခုလို စပြောပြပါတယ်။

“ပါတီ ပြန်လည်ဖွဲ့စည်းဖို့ စည်းကမ်းချက်တွေ၊ ပထမ တချို့လည်း အခုမှဝင်တဲ့သူတွေ ရှိတယ်လေ၊ နောက်တခါ စည်းရုံးရေးဆင်းတုန်းက ကတိက၀တ် ခံထားတာတွေရှိတယ်။ အဲဒါလေးတွေ ဆက်ပြီး လုပ်ပေးဖို့ရယ်၊ တချို့လည်း ရှုံးတဲ့ ရပ်ရွာကျေးတွေ ရှိတယ်၊ အဲဒါကို ဆထက်ထမ်းပိုး လုပ်ဖို့ရယ်၊ အဲဒီနှစ်ခုပဲ။ ပါတီကို ပြန်ပြီးတော့ နဂိုတုန်းက ရှိတဲ့ပါတီကနေ ပြန်သုံးသပ်ပြီး အသစ်ပြန်ဖွဲ့ဖို့၊ အသစ်ဆိုတာ ပြန်ပြီးတော့ Structure တွေ ပြန်လုပ်ဖို့။ အဲဒါလေးတွေ ပြောတာပါ။ ကျန်တာ ဘာမှ မရှိသေးပါဘူး။

“ကတိခံထားတာတွေ ဆက်လုပ်ဖို့၊ ပြည်သူ့အကျိုးအတွက်ပေါ့။ နောက် စည်းကမ်းချက်တွေ၊ တချို့လည်း အခုမှ ၀င်လာတာတွေ ရှိတယ်။ ရွေးကောက်ပွဲဝင်တာ။ အဲဒါလေးတွေ Do’s and Don’ts တွေ ပြောပြတာပေါ့ဗျာ။ အဲဒါကို တကယ် ကျစ်ကျစ်လစ်လစ်၊ ခိုင်ခိုင်မာမာ ပြန်လည်ဖွဲ့စည်းဖို့ ညွှန်ကြားတာပဲ၊ အခုချိန်ထိတော့။”

ဝန်ကြီးချုပ်က ညွှန်ကြားတာလား အန်ကယ်။

“၀န်ကြီးချုပ်ကလည်း အဲဒါကို လုပ်တဲ့အတွက် ဒါ ဒီလိုရှိတယ်၊ အဖွင့်ပြောတယ်၊ ကျန်တာတွေကတော့ အထွေထွေ အတွင်းရေးမှူး ပြောတယ်။ နောက် ဗိုလ်ချုပ်တင်ထွဋ် ပြောတယ်။ အဲလိုပေါ့။ နောက်ဆုံးကျတော့ ဦးသန်းဦး ပြောတယ်။ ၄ ယောက်ပြောတယ်။ အခု ၇ နာရီနဲ့ ၉ နာရီကြားလောက် ကျနော်တို့ ထပ်တက်ရဦးမယ်။

“ပါတီကတော့ မူအရ ဘာအရ အကုန်ကောင်းပါတယ်။ တချို့လူက နည်းနည်းလေး ပြုပြင်ဖို့ လိုတာပေါ့လေ။ လူကြောင့်လည်း ပါတီအပေါ်မှာ တမျိုးမြင်ကြတယ်။ အဲဒါလေး ပြန်လည်သုံးသပ်ဖို့အကြောင်း ပြောတာပါ။ မကောင်းတဲ့လူတွေ ပြန်ရှင်းဖို့ပေါ့ဗျာ။ နာမည်ပျက်နေတာလည်း အဲဒီလူတွေကြောင့် ပျက်နေတာကိုး။ အဲဒါတွေ ကျနော်တို့ ပြန်စိစစ် ဖော်ထုတ်ဖို့။”

အမျိုးသားလွှတ်တော်အတွက် ရွေးကောက် တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေ ပြောပြခဲ့တာ ဖြစ်ပါတယ်။ မနက်ဖြန်မှာ နောက်ဆုံးနေ့အဖြစ် အစည်းအဝေးကို ဆက်လက် ကျင်းပမယ်လို့ သိရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: