လှိုင်သာယာမြို့နယ်ထဲက အနှိပ်ခန်းတွေ

နေ့သစ် – December 26, 2010
https://i1.wp.com/www.naytthit.net/wp-content/uploads/2010/12/SPDC-Police-Htay-Aung-2.jpg

ကျနော်တို့နေတဲ့ လှိုင်သာယာမြို့နယ် သမကုန်းမှာ ဖွင့်ထားတဲ့ ဆိုင်ပိုင်ရှင် ဒေါ်ဥ နဲ့ မယ က မှ ဦးကျော်နိုင် တို့ ပူးပေါင်းစပ်တူ ဖွင့်ထားတဲ့ လေဘာလော့ လို့ အမည်ရတဲ့ အနှိပ် ခန်းတခု ရှိပါတယ်။

အဲဒီ အနှိပ်ခန်းကို ဒီဇင်ဘာလ ၂၀ ရက်နေ့က နယ်မြေခံ ရဲကင်းမှ ရဲကင်းမှူး ကိုယ်တိုင် ဦးဆောင်ကာ ဝင်ရောက်စစ်ဆေးရှာဖွေပြီး အနှိပ်သမ (၉) ယောက်ကို ဖမ်းမိသွားပါ တယ်။

ဖမ်းမိသွားတဲ့ အနှိပ်သမတွေကို အရေးယူခြင်းမရှိပဲ ငွေဆယ်သိန်းယူကာ ပြန်လွတ်ပေး လိုက်ပါတယ်။ ထိုငွေဆယ်သိန်းအား ရဲကင်းမှူးနှင့် စခန်းမှူး ဦးကျော်ဇေယျ တို့ ဝေဆုခွဲ ကာ ယူလိုက်ကြတယ်။

လှိုင်သာယာမှာ ပိတ်ထားဖို့ မြို့နယ်က အမိန့်ထုတ်ထားပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိပြီးဖွင့်ရင်တော့ အဆင်ပြေပါတယ်။ အဲဒီနေ့က လေဘာလော့အနှိပ် ကိုဝင်ဖမ်းတယ်ဆိုတာကလည်း အာဏာပိုင်းတွေကို ညှိမထားတဲ့အတွက်ကြောင့် ဖြစ်ပါ တယ်။

ကျနော်တို့ လှိုင်သာယာတမြို့နယ်ထဲမှာတင်ပဲ အနှိပ်ခန်းက ၇၀ လောက်ရှိတယ်။ အနှိပ် ခန်းတခုမှာ အနှိပ်သမဦးရေဟာ ခန့်မှန်ခြေ ၆၀ ရှိတယ်။ လူတဦး အနှိပ်ခံမယ်ဆိုရင် ကျပ် ငွေ ၃၀၀၀ ကျပါတယ်။ အဲဒီထဲကမှာ အနှိပ်သမက ကျပ် ၅၀၀ ရပြီး ပိုင်ရှင်က ကျပ်၂၅၀၀ ယူပါတယ်။

အဲဒီအနှိပ်တွေရဲ့ တရက်ဝင်ငွေဟာ ၃ သိန်းကနေ ၅ သိန်းအထိရှိပါတယ်။ လုပ်ငန်းအေး ဆေးလုပ်ကိုင်နိုင်ဖို့အတွက် မြို့နယ်အာဏာပိုင်အဖွဲ့ပေါင်းစုံက တဖွဲ့ချင်းစီကို ၂ သောင်း သုံးသောင်းလောက် လစဉ် လဒ်ထိုးနေရတယ်။ အဲဒါ မလုပ်လို့ကတော့ အရစ်ခံရပြီပဲ။

အနှိပ်ခန်းမှာ လုပ်ကိုင်နေတဲ့ နှိပ်သမတွေဟာ လစာရယ်လို့မရှိပါဘူး။ ကိုယ့်ထမင်းကိုယ် စားပဲ။ လာတဲ့ဧည့်သည် ဦးရေပေါ်မှာ မူတည်တယ်။ အနှိပ်သမတွေဟာ သူတို့ရတဲ့ အခ ကြေငွေနည်းတဲ့အတွက် ဧည့်သည်တွေကို တာဝန်အရလုပ်ပေးတဲ့ အခါမျိုးတွေမှာ မုန့်ဖိုး ပဲဖိုးလေးများရအောင် ဧည့်သည်အလိုကျ လုပ်ပေးရတာမျိုးတွေ ဖြစ်လာပါတယ်။

ဒီလုပ်ငန်းတွေဟာ ငွေရလွယ်တဲ့အတွက် ရန်ကုန်မြို့အနှံ့မှာ အနှိပ်ခန်းတွေ အလွန်များ ပြားလာပါတယ်။ ရန်ကုန်က အဝေးပြေးကားဂိတ်ဖြစ်တဲ့ အောင်မင်္ဂလာကားဝင်းထဲ တင် ပဲ အနှိပ်ခန်း ၅၀ နီးပါးလောက်ရှိပါတယ်။ ရန်ကုန်မှာ လောလောဆယ်ပေါနေတာက တော့ အဲဒီလို အလုပ်အကိုင်တွေပါပဲ။

လှိုင်သာယာသားတဦး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: