ရက္ခပူရ ယူနိုက်တက် အသင်း အတွက် ဘူဂေးရီးယား နည်းပြကို ငှားရမ်း

12/27/2010

နိရဉ္စရာ

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် အသင်းသစ်တစ်သင်းဖြစ်သည့် ရခိုင်ပြည်နယ် ကိုယ်စားပြု ရက္ခပူရ ဘော်လုံး အသင်းအတွက် ဘူးဂေးရီယား လူမျိုး နည်းပြ တစ်ဦးကို ဌားရမ်းထားကြောင်း သတင်း ရရှိသည်။

rakhapura_singning

ဌားရမ်းထားသူ ဘူဂေးရီးယားလူမျိုး ဘော်လုံး နည်းပြမှာ မစ္စတာ ရူဒီ ဖြစ်ပြီး ဇန္န၀ါရီလ ၆ ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိမည် ဖြစ်ကြောင်း ဘော်လုံးအသင်း၏ တာဝန်ရှိသူများ ထုတ်ဖေါ်ပြောကြားချက် အရ သိရသည်။

ရက္ခပူရယူနိုက် တက်အသင်းသည် ၂၀၁၁ ခုနှစ် Myanmar National League ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး အဆိုပါ ပွဲတွင် အနိုင်ရရှိရေး အတွက် ယခုကဲ့သို့ နိုင်ငံခြားသား နည်းပြတစ်ဦးကို ဌားရမ်းခြင်း ဖြစ်ကြောင်း သိရသည်။ ၎င်းပြင် အဆိုပါပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကြောင်း သတင်းများ ရရှိသည်။

ရက္ခပူရယူနိုက်တက် အသင်းသည် ပြီးခဲ့သည့် အပျော်တမ်းပြိုင်ပွဲ တွင် အဆင့်(၅) နေရာ ရရှိခဲ့ပြီး MFF Cup ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။

အားကစားသမားပိုင်းတွင်မူ ပြည်ပကစားသမား လေးဦးခေါ်ယူ မည်ဖြစ်ပြီး ပြည်တွင်းမှ လူငယ်က စားသမားများနှင့် တွဲဖက်ကစားစေ မည်ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိ ရွေးချယ်ထားသော ကစားသမား ၆၀ ဦးထဲမှ လူရွေးချယ် မှုပြုလုပ်မည်ဖြစ်ပြီး ဇန္နဝါရီလဆန်းပိုင်းတွင် အပြီးသတ်ဖွဲ့စည်းမည် ဖြစ်ကာ ပဒုမ္မာကွင်းနှင့် စလင်းကွင်း များ တွင်လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရက္ခပူရ ယူနိုက်တက် အသင်းအတွက် အစုရှယ်ယာများ ဖိတ်ခေါ်နေပြီး စစ်တွေမြို့မှ လုပ်ငန်းရှင်များက များမကြာမှီက သိန်း ၁၀၀ ဖိုး အစုချယ်ယာများ ၀ယ်ယူခဲ့ကြောင်း သိရသည်။ အလားတူ ကျောက်ဖြူတွင် အနောက်ပိုင်း တိုင်းမှူးမှ အစုရှယ်ယာများကို လုပ်ငန်းရှင်များထံ အတင်း ရောင်းချနေကြောင်း သိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: