ဘင်္ဂလာနယ်စပ်တွင် အမျိုးသမီးနှစ်ဦး စိတ်ကြွ ဆေးပြား ၂၅၀၀၀ နှင့် အတူ ဖမ်းဆီးခံရ

12/29/2010

မောင်အေး – နိရဉ္စရာ

မြန်မာဘက်မှ တင်သွင်းလာသည့် စိတ်ကြွဆေးပြား ၂၅၀၀၀ နှင့် အတူ ဘင်္ဂလီအမျိုး သမီး ၂ ဦးကို ဘင်္ဂလာနယ်ခြား စောင့်တပ်ဖွဲ့ BGB မှ ယမန်နေ့က ဖမ်းဆီးခဲ့သည်။

Yaba-Tablets

ဖမ်းဆီးခံရသူ အမျိုးသမီးနှစ်ဦးမှာ တက်ကနက်မြို့နယ် ၀ါးခွတ်ချောင်းနယ်မြေ လင်ဘာဘီလ်ရွာမှ အာယုအာလီဇနီး ဂျေဆမိန် ပြော်ကာ့စ်ရာဘေယာ(၃၀)နှစ်နှင့် အာလီအာဟာမ်ဇနီး ရာချေဒါ အာတြာ (၂၈) တို့ဖြစ်သည်။

သူတို့နှစ်ဦးမှာ ယမန်နေ့ နံနက် ၁၀ နာရီခန့်က တက်ကနက်မြို့မှ ဆေးပြားများကို သယ်ယူလာပြီး မူရိဆာ BGB စစ်ဆေးဂိတ်ကို ဆိုက္ကားစီးပြီး ဖြတ်ကျော်စဉ် ဆေးပြားများနှင့်အတူ နယ်ခြား စောင့်တပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယခု ဖမ်းဆီးရမိသည့် ဆေးပြားများမှာ ဘင်္ဂလာ တာကာငွေ တစ်ကုဋေ ဖိုးခန့် ရှိကြောင်း အာဏာပိုင်များက ပြော သည်။

ကောစ့်ဘာဇားမြို့နှင့် နယ်စပ်တက်ကနက်မြို့အကြားရှိ မူရိဆာ စစ်ဆေးရေးဂိတ်မှာ စိတ်ကြွဆေးပြား အများဆုံးဖမ်းမိသည့် စစ်ဆေးရေးဂိတ်ပြီး ယခုနှစ်အတွင်း စိတ်ကြွဆေးပြား ၂၅ သိန်းကျော်ကို အဆိုပါ ဂိတ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒေသထုတ် သတင်းစာများက ဖော်ပြသည်။

ယခုအခါ ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် စိတ်ကြွဆေးပြား တပြားကို တာကာ ၃၀၀ ( ၃၇၅၀ ကျပ်) အထိ ဈေးရှိပြီး ငွေကြေး ချမ်းသာသူများနှင့် လူငယ်များသုံးစွဲမှု ပိုများလာနေကြောင်း အာဏာပိုင်များက ပြောသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: