အရေးပါတဲ့လူတွေက အာဏာအခြေခံတွေ တည်ဆောက်နေကြ

နေ့သစ် – December 29, 2010
https://i1.wp.com/www.naytthit.net/wp-content/uploads/2010/12/Nwwin.jpg

အဖိဆစ်က ဘောလုံးကိုချစ်တယ်။ နေ၀င်းကလည်း ဘောလုံးကို ချစ်တာပဲ။ အဖိဆစ်က အရမ်းစိတ်ရှည် သည်းခံတတ်တဲ့လူ၊ နေ၀င်းကလည်း အချိန်စောင့်ကစားရတဲ့ကစားပွဲကို ကစားနိုင်တဲ့သူ ဆိုတာလည်း အားလုံးအချက်ပြထားတယ်။ အဖိဆစ်က ၀န်ကြီးချုပ် ကု လားထိုင်မှာ ထိုင်နေတာ ၂ နှစ်ရှိပြီ၊

ဒီကာလတွေမှာ နှိုင်းယှဉ်ချက်အရ ငယ်ရွယ်တဲ့ ၀န် ကြီးချုပ်ကို ပထမဆုံးအကြိမ်အနေနဲ့ အတင်းနှုတ်ထွက်ဖို့တောင်းဆိုမယ်၊ အောက်လွှတ် တော်ဖျက်သိမ်းပြီး အထွေထွေရွေးကောက်ပွဲသစ်တခု တောင်းဆိုမယ်ဆိုတဲ့ မှန်းဆပြော ဆိုချက်တွေဟာ နေ့စဉ်နေ့အမျှ ထွက်ပေါ်လာနေပါတယ်။

တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားထိပ်ပိုင်းမှာ ထိုင်နေရတာ ဘယ်လိုနေသလဲဆိုတာကို နေ၀င်း အခုထိ မသိ သေးပါဘူး။ သူ့ရဲ့မိခင်ကျောင်းတော်ကြီးဖြစ်တဲ့ ထိုင်းရတ်ထိုင်း (ထိုင်းမျိုး ချစ်ပါတီ) ပါတီဖျက်သိမ်းလိုက်တာမှာ ပါဝင်ပြီး နိုင်ငံရေးမလုပ်ဖို့ တရားဝင် တားမြစ်ခံ ထားရတာ ၁၇ လ ရှိနေတာတောင်မှ သူလိုအရည်အချင်းရှိတဲ့ လူတယောက် ဟာ တနေ့မှာ ၀န်ကြီးချုပ် မုချဖြစ်မှာပဲဆိုတဲ့ မှန်းဆပြောဆိုချက်တွေက ကောလာဟလ လို ပြန့်နေပါတယ်။

ကျနော် ဟန်မဆောင်ပါဘူး။ ၀န်ကြီးချုပ်ဖြစ်ဖို့ ဒီပြိုင်ပွဲကို ကျနော် ဆက်လျှောက်မှာဖြစ် တယ်။ ဒါဟာ အန္တရာယ်ရှိတဲ့လမ်းကို လျှောက်နေတာနဲ့တူပါတယ်။ ရန်ငြိုးရန်ကြွေးဆပ် မယ့်သူတွေနဲ့ ရန်သူသစ်တွေနဲ့ပြည့်နှက်နေတဲ့ ကစားကွင်းကြီးထဲမှာ အပြင်းအထန် တိုက်ခိုက်ကစားရတဲ့ ကစားပွဲတခုလိုပါပဲ။ နောက်ထပ်အရွေးခံမယ့် ၀န်ကြီးချုပ်ဖြစ်ချင် တဲ့သူ ဘယ်သူဆိုတာ မသိတဲ့အချိန်မှာ ကျနော် ဘယ်လိုလုပ်အကဲဖြတ်နိုင်မှာလဲ။ တိုင်း ပြည်မှာအကြီးဆုံးပါတီဖြစ်တဲ့ အတိုက်အခံပြွေထိုင်းပါတီက ၀န်ကြီးချုပ်အတွက် ဘယ် သူ့ကို အမည်စာရင်းသွင်းမလဲဆိုတာ သူတို့ကြားမှာတောင်မှ မသိသေးဘူးဆိုရင် ၀န်ကြီး ချုပ်လောင်းစာရင်းမှာ ဘယ်သူ့နာမည်ပါသလဲဆိုတာကို ကျနော် ဘယ်လိုလုပ် သိမှာလဲ။ ခင်ဗျားတို့အသိပဲလေ၊ ဒီတိုင်းပြည်မှာ ၀န်ကြီးချုပ် ဖြစ်တယ်ဆိုတာ ခင်ဗျားတို့ဆန္ဒနဲ့ ကိုက်ညီတာ ခင်ဗျားတို့လိုချင်တဲ့ သူမှ မဟုတ်တာ။

လျှို့ဝှက်သတင်းတွေကို ဆယ်စုနှစ်တခုကျော်ဖောက်ထုတ်ပေးတဲ့ ဂျူလီယန်အာဆန်းခ်ျ လို လူတွေကလည်း ရှိတယ်လေ။ လူတွေကမျိုးမျိုးပဲ။ ဒီတော့ အိုဘားမားတို့ မက်ကိန်း တို့လိုမဟုတ်ဘူးဆိုတာတော့ အသေအချာပဲ။ ပြိုင်ပွဲဝင်ဖို့ နာမည်စာရင်းတင်တာကို ဗြောင် ဘယ်သူမှ မလုပ်ဘူးဆိုတာ နားလည်နိုင်တယ်။ ဒီမှာ ကျနော်စိတ်ဝင်စားတာက လက်ရှိ ၀န်ကြီးချုပ် အဖိဆစ်ဝေ့ချာချိဝနဲ့ နိုင်ငံရေးရည်မှန်းချက်မရှိပါဘူးလို့ အတိအ လင်း ထုတ်ဖော်ပြောနေပေမဲ့ ၀န်ကြီးချုပ် ဖြစ်ချင်သူလို့ သံသယရှိတဲ့ နေ၀င်းချစ်ချော့ဘ် တို့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ခေါင်းဆောင်မှု အရည်အချင်းနဲ့ပတ်သက်တဲ့ ကျနော့် အထင်တွေအမြင်တွေ ပြောဖို့ပဲဖြစ်တယ်။ ဘာလို့ ဒီလူ ၂ ယောက်ကို ပြောနေရတာလဲ။

ပညာရှင်တွေရဲ့အမြင်က ဒီလူ ၂ ယောက်ဟာ ထိုင်းယဉ်ကျေးမှုရဲ့ ထူးခြားတဲ့ စရိုက် လက္ခဏာတွေမှာ တူတာတွေ ရှိသလို မတူတာတွေလည်း ရှိတယ်။ ကျနော့်အထင်တော့ သူတို့ ၂ ဦး ရဲ့အောင်မြင်မှု၊ ကျဆုံးမှုတွေဟာ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ အခြေအနေ နဲ့ နက်ရှိုင်းစွာအမြစ်တွယ်နေတဲ့ စိတ်အခြေအနေတွေပေါ်မှာ တည်မှီနေတယ်။ ဒါပေမဲ့ ပညာရှင်မဟုတ်တဲ့ သာမန်အရပ်သားတွေအမြင်ကတော့ ဒီလူ ၂ ယောက်က ထိုင်းနိုင်ငံ ရေးမှာ အာဏာရဲ့သဘာဝနဲ့မူလဇစ်မြစ်ကို ဖော်ပြတဲ့ ပြယုဂ်တွေပဲ ဖြစ်တယ်။ တခြားဟာ တွေလိုပဲ ပြောင်းလဲ နေတယ်။

ကျနော်တို့အရပ်သားတွေ မြင်နိုင်သမျှကတော့ ဗဟိဒ္ဓတွေပဲ ဖြစ်တယ်။ ဒါကြောင့် ဂရု တစိုက်အသေအချာ တည်ဆောက်ထားတဲ့ပုံရိပ်ဖြစ်တဲ့ အဖိဆစ်က တရားဝင်အာဏာ လိုင်းကို အသုံးချပြီး အလုပ်ရှုပ်နေတယ်။ သူက ဗျူရိုကရက်တွေရဲ့ ဥသျှောင် အနေနဲ့အ လုပ်အကြွေးပြုနေတယ်။ သူ့လုပ်နေတဲ့ လူမှုသက်သာချောင်ချိရေး အစီအစဉ်တွေက ဆင်းရဲသားတွေကို အကျိုးဖြစ်စေမယ့်အစီအစဉ်တွေနဲ့ ကောင်းကောင်းစီမံခန့်ခွဲနိုင်မယ် ဆိုရင်တော့ ပြည်သူအများစုကြီးအတွက် အားကိုးစရာမျှော်လင့်ချက်တခုအနေနဲ့ အလုပ် အကြွေးပြုမယ့် အစီအစဉ်တွေဖြစ်တယ်ဆိုတာ မငြင်းနိုင်ဘူး။ ဒါပေမဲ့ ဒါက အဖိဆစ်အာ ဏာက ဘယ်မှာတည်နေတယ်။ ဘယ်မှာ အဆုံးသတ်မယ် ဆိုတာပဲ။ သူ့အနေနဲ့ တရား မ၀င်အာဏာရေသောက်မြစ်တွေ တည်ဆောက်တာမှာ ရင်းနှီးမြှုပ်နှံထားတာ မရှိဘူး။ တရားဝင်အစိုးရအာဏာပြင်ပမှာ သူ့သြဇာအာဏာ မရှိသလောက်ပဲ။ သူကလည်း ဒီလို အာဏာမျိုးကို လိုချင်ပုံမပေါ်ဘူး။ သူက လူတွေချစ်ဖို့မလိုဘူး မှန်တာကိုပဲ လုပ်မယ်ဆို တဲ့ စိတ်ဓါတ်ခွန်အားတွေက သူ့ကိုစေ့ဆော်တွန်းအားပေးနေတယ် ဆိုတာကတော့ လုံး ၀ထင်ရှားတယ်။ ဒါကြောင့် နောက်ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီက မဲအများစုမရ ဘူးဆိုရင် ခေါင်းဆောင်နေရာကဆင်းသွားပြီး အမတ်တယောက်အနေနဲ့ ပဲဆက်လုပ် မယ်ဆိုတာကို ၀န်ကြီးချုပ်က ပြောနေတယ်လို့ လူတွေပြောဆိုနေတာကို ကျနော်တော့ မအံ့သြဘူး။

နည်းလမ်းအနေနဲ့ဆို ဒါက ရှောင်လွှဲလို့မရဘူးလေ။ ၀န်ကြီးချုပ် လုပ်ပြီးနောက်မှာ သူဟာ ပိုပြီးတဆင့်နိမ့်တဲ့ ရာထူးမှာ မလုပ်နိုင်ဘူး။ ဒီလိုဖြစ်တယ်ဆိုရင်တော့ အရှုံးကို တာဝန်ယူ ဖို့ သူ့ကို မြင်တွေ့ရမှာဖြစ်တယ်။ ဒီလို လှည့်စားမှုက သူ့ကို ၀န်ကြီးချုပ် ကတယ်ဖြစ်စေ ချင်တဲ့ သူတွေအတွက် စာနာမှုမဲအနည်းငယ် ရစေနိုင်မှာလည်း ဖြစ်တယ်။ ဒါပေမဲ့ တ ခြားရှုဒေါင့်က ကြည့်ရင်တော့ ဒီအတွေးတွေကလည်း သူ့စရိုက်လက္ခဏာကို ထင်ဟပ်နေ တယ်။ ၀န်ကြီးချုပ်ဖြစ်တဲ့ အဖိဆစ်အတွက် တာဝန်ဝတ္တရားတခုလို လုပ်ကိုလုပ်ရမှာ ဖြစ် တယ်။ ဒါဟာ သြဇာတိက္ကမကြီးတဲ့ တာဝန်တခုဖြစ်တယ်။ ဒါပေမဲ့ အဆုံးမတော့ တာဝန် ပါပဲ။

ဆန့်ကျင်ဖက်အနေနဲ့ နေ၀င်းကတော့ နိုင်ငံတော်အာဏာကို အသုံးချလို့မရဘဲ တားမြစ် ခံနေရတဲ့အားနည်း ချက်ကြောင့် ပါဝါအပျော့ ဆိုတဲ့ တခြားလမ်းတခုကို ရွေးရပါတယ်။ ဒါပေမဲ့ နောက်တကြိမ် နေ၀င်းဟာ သူ့ အပေါ်ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးအကန့်အသတ် တွေ မရှိဘူးဆိုရင် အစဉ်အလာအတိုင်းလုပ်တာနဲ့မတူတဲ့ သူ့ ကိုယ်ပိုင်အာဏာ အခြေခံ အုတ်မြစ်ကို တည်ဆောက်ရာမှာ ရင်းနှီးမြှုပ်နှံတာ မလုပ်ဘူးဆိုတာ ဘယ်သူသိမှာလဲ။ ပါဝါအပျော့က အရှင်မွေးစားမှုအစဉ်အလာဟောင်းရဲ့အတွဲအဖက်တွေ ပါဝင်နေပါတယ်။ ဒီအထဲမှာ နိုင်ငံတော်လုပ်ငန်းတွေအပေါ် ထိန်းချုပ်မှုက သေရေးရှင်ရေးတမျှ အရေးကြီး ပါတယ်။ ဒါပေမဲ့ ဒါတွေက ဘုရင့်အပေါ်သစ္စာခံပြတာ၊ ဘောလုံးကို ထိုင်းတွေချစ်မြတ်နိုး တာ၊ အပျော်အပါး ၀ါသနာကြီးတာနဲ့ အဖြစ်အပျက်တွေကို ချဲ့ကားပြောဆိုတာ စတဲ့ ယဉ်ကျေးမှုစိတ်ဓါတ်တွေကို ကိုယ်စားပြုနေတဲ့ တဦးချင်း ချိတ်ဆက်မှုတွေနဲ့ သြဇာလွှမ်း မိုးမှုတွေ ဖြစ်ပါတယ်။ တကယ်တော့ နေ၀င်းဘယ်လိုလူလဲဆိုတာကို လူတွေစဉ်းစားနေ တဲ့ အထဲမှာ ဒီကိစ္စ ၃ ရပ်က အဓိကပါဝင်နေတာ ဖြစ်တယ်။

သူတို့က မုချပဲ အခုထိ ကျနော်တို့တွေ့မြင်ထားသမျှတွေနဲ့ မတူခြားနားတာတွေဖြစ်မယ့် သူ့အာဏာအခြေခံကို တည်ဆောက်ရမှာ ဖြစ်တယ်။ ဒါပေမဲ့ တိုက်ရိုက်ဆက် စပ်ပတ် သက်နေတဲ့ မေးခွန်းကတော့ မတူခြားနားတဲ့ အာဏာအမျိုးအစားကို ဘယ်လိုလေ့လာ သင်ယူမလဲ ဆိုတာပဲ။ ဒါမှ ကျနော်တို့အနေနဲ့ အာဏာအပေါ် ယစ်မှုးမသွားမှာ ဖြစ် တယ်။

ဒီဇင်ဘာ ၂၈၊ ၂၀၁၀ (ဘန်ကောက်ပို့စ်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: