ဒီမိုကရက်အမတ် ပန်နစ် ကမ္ဗောဒီးယားတွင် အဖမ်းခံရ

နေ့သစ် – December 30, 2010
 

ဗုဒ္ဓဟူးနေ့က ဒီမိုကရက်အမတ် ပန်နစ်ဟာ အိမ်နီးခြင်း နိုင်ငံရဲ့အတွင်းပိုင်းတနေရာမှာ ကမ္ဗောဒီးယားအရာရှိ တွေက ထိန်းသိမ်းခံထားရကြောင်းကို သူက The Nation သတင်းစာကို ပြောပြပါတယ်။ ဗုဒ္ဓဟူးနေ့ မနက် ၁၁ နာရီလောက်က ကမ္ဗော ဒီးယားစစ်သားတွေက နယ်စပ်ကျော်ပြီး ဆာခရော်ဒေသ၊ ခေါ့ဆွန်းခရိုင်က ဘန့်နွန်ယန်ကျေးရွာထဲကိုဝင်လာလို့ ဒါကို စစ်ဆေးဖို့အ တွက် သူသွားတော့ သူနဲ့ တခြားထိုင်း ၆ ယောက်ကို ကမ္ဗောဒီးယား အာဏာပိုင်တွေက ဖမ်းခဲ့တာဖြစ်တယ် လို့  ပန်နစ်က နေးရှင်းသတင်းစာကို ပြောပါတယ်။

ဒီသတင်းကို ၀န်ကြီးချုပ်ဆီကို အကြောင်းကြားဖို့ သူ့ကားမောင်းသူကို ပြောခဲ့တယ်လို့ ပန်နစ်က ပြောပါတယ်။ သူ့ကို ကမ္ဗောဒီးယား ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို တော့ သေချာမသိဘူးလို့ သူက ပြောပါတယ်။ ပန်နစ်အဖမ်း ခံရတာနဲ့ပတ်သက်ပြီး ကမ္ဗောဒီးယားမှာရှိတဲ့ ထိုင်းသံရုံးကို အကြောင်းကြားထားတယ်။ ပြန်လွှတ်ပေးဖို့ စေ့စပ်ဆွေးနွေး နေတုန်းပဲလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ထနီထုန်ပတ်ဒီးက ပြောပါတယ်။

ဒီဖမ်းဆီးတာနဲ့ပတ်သက်လို့ ၀န်ကြီးချုပ်ကို အကြောင်းကြားပြီးပါပြီလို့ အစိုးရရဲ့ယာယီပြောရေးဆိုခွင့်ရှိသူ ဒုဝန်ကြီးချုပ် ရဲ့ အတွင်းရေးမှူးချုပ် ပနိသန်ဝပ်ထနာရာကောန်က ပြောပါတယ်။ ဒေသခံအရာရှိတွေက နောက်ထပ်သတင်းတွေရဖို့ ဆက် လက်စစ်ဆေးနေပါတယ်လို့ ပနိသန်က ပြောပါတယ်။

ဒီဇင်ဘာ ၂၉၊ ၂၀၁၀ ( The Nation)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: