အဖမ်းခံရတဲ့ ဒီမိုကရက်အမတ် နောက်ဆက်တွဲ သတင်း

နေ့သစ် – December 30, 2010

နယ်စပ်ကို သွားကြည့်ပြီးနောက်မှာ ပန်နစ်နဲ့ရှပ်ဝါတွေ တရားစွဲဆိုတာ ရင်ဆိုင်နေရ

အာဏာရ ဒီမိုကရပ်ပါတီအမတ် ပန်နစ်နဲ့ ၀ီရဆုံခွမ်ကစ်အပါအ၀င် ရှပ်ဝါတက်ကြွလှုပ်ရှားသူ ၆ ယောက်ကို တရားရုံးတင် တော့မှာ ဖြစ်ပါတယ်။ ထိုင်း-ကမ္ဗောဒီးယားနယ်စပ်က ဆာခရော်ဒေသကို သွားရောက်စစ်ဆေးနေတုန်း တနေ့က အဖမ်းခံ ရအပြီးမှာ ဒီလူတွေကို ဖနွမ်းပင်က အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းထားတယ်လို့ ကမ္ဗောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် က ပြောပါတယ်။

“ကျနော်တို့ စစ်ဆေးနေတဲ့နေရာက ထိုင်းအချုပ်အခြာအာဏာအောက်မှာ ရှိတယ်ဆိုတာ ကျနော်ယုံတယ်၊ ၂ နိုင်ငံပိုင် နက်နယ်မြေကို ညွှန်ပြနေတဲ့ နယ်ခြားကျောက်တိုင် အမှတ် ၄၆ ဟာ ဒီဒေသထဲမှာ ရှိပါတယ်” လို့ ပန်နစ်က နေးရှင်းသ တင်းစာကို ပြောပါတယ်။ သူတို့အဖွဲ့တွေ လယ်ကွင်းထဲမှာ လျှောက်ကြည့်နေတုန်း မနက် ၁၁ နာရီမှာ ကမ္ဗောဒီးယား စစ် သား ၈ ယောက် ၉ ယောက်လောက်က သူတို့ကို လာခေါ်သွားပြီး ထိန်းသိမ်း လိုက်တာပါ။

ကမ္ဗောဒီးယားအုပ်စုတစုက အဲဒီဒေသမှာ အခြေချနေထိုင်ဖို့ စစ်ဘေးကနေပြေးလာပြီးနောက်ပိုင်းမှာ ဆာခရော်ဒေသ၊ ခေါ့ဆွန်းခရိုင်၊ ဘန့်နွန်ယန်ရွာ က အငြင်းပွားနေတဲ့နေရာကို ထိုင်းနိုင်ငံနဲ့ကမ္ဗောဒီးယားနိုင်ငံတို့က သူပိုင်ငါပိုင် အငြင်းပွား နေကြတာ ဆယ်စုနှစ်ပေါင်းများ စွာကြာပါပြီ။ ဘန့်နွန်ယန်ရွာသားတွေက ဆရီပင်လမ်းမကြီးကို တကယ့်နယ်ခြားမျဉ်းတခု လို ယူဆထားပြီး ကမ္ဗောဒီးယားနယ်ဖက်ကို ဖြတ်ကျော်မသွားဖို့ တားမြစ်ထားပါတယ်။

ကမ္ဗောဒီးယားက ထိုင်းနယ်ကို သိမ်းပိုက်ထားတယ်လို့ ဒေသခံတွေက တိုင်တန်းလာလို့ ဒီအငြင်းပွားနေတဲ့ဒေသကို သူ့အ နေနဲ့ သွားရောက်စစ်ဆေးဖို့ လိုအပ်တာဖြစ်တယ်လို့ နယ်စပ်ရေးရာ အောက်လွှတ်တော်အမတ်လည်းဖြစ် အရင်က ဒုနိုင် ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ပန်နစ်က ပြောပါတယ်။

ပန်နစ်နဲ့သွားတဲ့အဖွဲ့မှာ ပြည်သူ့ဒီမိုကရေစီမဟာမိတ်အဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ချမ်လောင်းနဲ့ အနီးကပ် ဆက်သွယ် မှုရှိတဲ့ ဓမ္မတပ်မတော်ဖောင်ဒေးရှင်းက တက်ကြွလှုပ်ရှားသူ ဆမ်ဒင်းလာ့ဘတ်လည်း ပါ,ပါတယ်။ အမျိုးသားရေးဝါဒီတဦး ဖြစ်တဲ့ ၀ီရကတော့ ကမ္ဗောဒီးယားက နေရာအတော်များများမှာ ထိုင်းမြေထဲကို တိုးဝင်လာတယ်။ ဒီအထဲမှာ ပရိဝိဟာ ဟိန္ဒူဘုရားကျောင်းနဲ့ ကပ်ရက်နယ်မြေတွေလည်းပါတယ်လို့ ပြောပါတယ်။ ဘန့်နွန်ယန်နားက အငြင်းပွားနယ်မြေကို သူ တို့စစ်ဆေးခဲ့တဲ့ သြဂုတ်လကလည်း ကမ္ဗောဒီးယာတွေက ၀ီရနဲ့ သူ့အဖွဲ့ကို ခဏထိန်းသိမ်းခဲ့ပါသေးတယ်။ ပန်နစ်က ၀န် ကြီးချုပ်ကို အဖိဆစ်ဆီနဲ့သူ့ပါတီဌာနချုပ်ကို သူအဖမ်းခံထားရကြောင်း ဖုန်းနဲ့လှမ်းပြီး သတင်းပို့ပါတယ်။

ဒီနယ်မြေကို ကြီးကြပ်နေတဲ့ ဘူရာဖာအထူးတပ်ဖွဲ့ရဲ့တပ်မှူး ဗိုလ်ချုပ် ၀ါလစ်ရိုဂျန်နာပတ်ဒီးက ပန်နစ်နဲ့သူ့ အဖွဲ့ လွှတ်ပေး ရေးကိစ္စနဲ့ပတ်သက်ပြီး ကမ္ဗောဒီးယားအာဏာပိုင်တွေနဲ့စေ့စပ်ဆွေးနွေးဖို့ အဖွဲ့တဖွဲ့ကို တာဝန် ပေးလိုက်ပါတယ်။ ဒေသ ဆိုင်ရာအဆင့်ဆွေးနွေးပွဲတွေ မအောင်မမြင်ဖြစ်ပြီးနောက်မှာ ဒီအဖွဲ့ကို တရားမ၀င် ၀င်ရောက်လာမှုနဲ့ တရားစွဲဆိုဖို့ ဖနွမ်း ပင်ကို ပို့လိုက်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့အတွင်းရေးမှူး၊ ချာဗာနွန့်အင်တာရာကိုမာလ်ရာဆွတ်က ပြောပါတယ်။

ဝန်ကြီးဌာနက အကောင်းဆုံးဖြစ်အောင် ကြိုးစားမှာဖြစ်ပါတယ်။ ပန်နစ်တို့အဖွဲ့အိမ်ပြန်ရဖို့ ဥပဒေအထောက် အကူတွေ ပေးမှာဖြစ်တယ်လို့ သူက ပြောပါတယ်။ “ကမ္ဗေားဒီယားနယ်ထဲမှာ သူတို့ တိုင်းတာမှုတွေလုပ် နေတာ၊ဒါ့ကြောင့် ကမ္ဗော ဒီးယားအနေနဲ့သူတို့ကို ဖမ်းခွင့်ရှိတယ်” လို့ ဟွန်ဆန်က ပြောပါတယ်။

“ကြာသာပတေးနေ့မှာ သူတို့ကို ရုံးတင်မှာဖြစ်ပြီး တရားရုံးက သူတို့ကို တရားစွဲဆိုတဲ့အခါ သူတို့ကို ဖရေး ဆာအကျဉ်း ထောင်မှာ ထောင်ချမှာဖြစ်တယ်” လို့ ပြင်သစ်သတင်းဌာနက ဟွန်ဆန်ရဲ့ပြောစကားကို ကိုးကား ပြီး ဖော်ပြခဲ့ပါတယ်။

ဒီအဖြစ်ပျက်က ၂ နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမှာ မဟုတ်ဘူးဆိုတာ သူမျှော်လင့်တဲ့အကြောင်း သူက ပြောပါတယ်။

ပရိဝိဟာဘုရားကျောင်းကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် စာရင်းသွင်းဖို့ ကမ္ဗောဒီယားက အဆိုပြုထား တာကို ထိုင်းနိုင်ငံက ကန့်ကွက်ပြီးနောက် မကြာသေးခင်နှစ်တွေအတွင်းမှာ ထိုင်းနိုင်ငံနဲ့ ကမ္ဗောဒီးယားနိုင်ငံတို့ဟာ နယ် စပ်အငြင်းပွားမှုတွေနဲ့ပတ်သက်လို့ ထိပ်တိုက်တွေ့နေကြတာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံးက ဒီဘုရားကျောင်းကို ကမ္ဗောဒီးယားနယ်ထဲမှာ ရှိတယ်ဆိုပြီး ၁၉၆၂ ခုနှစ်က စီရင်ဆုံးဖြတ် ခဲ့ပါတယ်။ ဒါပေမဲ့ ဒါကို ဘန်ကောက်က ထိုင်းပိုင်တာဖြစ်တယ်ဆိုပြီး ငြင်းခုံပြောဆိုနေပါတယ်။ ပါလီမန်က အတည်ပြု ချက်မရဘဲ ပူးတွဲနယ်နိမိတ်ကော်မရှင်က ဆွေးနွေးပွဲတွေ ဆက်မလုပ်နိုင်တာကြောင့် နယ်ခြားပဋိပက္ခတွေဖြေရှင်းဖို့ စေ့စပ် ဆွေးနွေးမှုတွေဟာ အရမ်းနှေးကွေး နေပါတယ်။

ဒီဇင်ဘာ ၃၀၊ ၂၀၁၀ (The Nation)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: