ခေါက်ရိုးကျိုး နိုင်ငံရေးနှင့် အဆန်းထွင်သူများ

နိုင်ငံရေးလေ့လာသူတဦး

(မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသူများ ဖတ်ရှုဆင်ခြင်နိုင်ရန် တင်ဆက်ခြင်းဖြစ်သည်။ ရေးသူအာဘော်သာဖြစ်သည်)

ခက်တော့ခက်နေပြီ။ ဗမာပြည်နိုင်ငံရေးကတော့ ကြာလေရှုပ်ထွေးလာလေဆိုရမယ်။ အဖြေရှာမရတဲ့ ပုစ္ဆာလို ဖြစ်လာတာ သတိထားမိပါတယ်။ အဖြေရှာ ၀ိုင်းစဉ်းစားပေးနိုင်ရန် ဒီဆောင်းပါးကို ရေးသားလိုက်ရခြင်းဖြစ်ပါ တယ်။

ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုတွေကို လေ့လာကြည့်ရင် အုပ်စုလေးတွေ ကွဲနေတာတွေ့ရမှာပါ။ ဒီမိုကရေစီရရှိ ရေးလှုပ်ရှားမှုလို့တော့ ဆိုကြတယ်။ ဒီမိုကရေစီဆိုတာ ဘာမှန်းမသိတဲ့ နအဖဆီက ဒီမိုကရေစီ သွားတောင်း နေတော့ အ,နေတဲ့ ကောင်မလေးဆီက ရည်းစားစကား ကြားချင်တဲ့ လူလိုဖြစ်နေပါတယ်။

စစ်တပ်က တိုင်းပြည်ကို အုပ်ချုပ်လာတာ ကြာပြီဆိုတော့ အာဏာကို အလွယ်တကူ လက်မလွှတ်နိုင်တာ သ ဘာဝကျပါတယ်။ ရေသည်ပြဇာတ်ထဲမှာတောင် ရေသည်ယောင်္ကျားဟာ ဘာမှမဟုတ်တဲ့ သူ့ပိုက်ဆံ လေးငါး ဆယ်ကို စွဲလန်းသေးတာပဲ။ စစ်တပ်ဆိုတာထက် အာဏာရှင်စစ်အုပ်စုလို့ ခွဲခြားပြောတာ ပိုမှန်တယ်။ ဘယ် အာဏာရှင်မှ အာဏာကို အလွယ်တကူ စွန့်လွှတ်သွားတာမရှိ။

ဟုတ်ကဲ့။ ယခုအချိန်ထိ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေး ကြိုးပမ်းနေကြတဲ့ နိုင်ငံရေးအင်အား စုတွေကို ကြည့်ရင် ရည်ရွယ်ချက်တူတယ်ထင်ရပေမယ့် သေသေချာချာ သုံးသပ်ကြည့်တော့ မတူကြပါ။ နှစ် ပေါင်း (၂၀) မကတော့ဘူးနော်။ အုပ်စုကွဲ၊ ၀ါဒတွေကွဲနဲ့ နအဖက ဒိုင်စားသွားပါတယ်။ အာဏာရှင်အောက်မှာ တော့ စစ်တပ်က ညီနေရော။ ထောက်ပြတဲ့ လူတွေကိုလည်း တချို့ သိပ်မကြည်တာ တွေ့ရတယ်။

တော်လှန်ရေးအုပ်စုကွဲလေးတွေကို တူရာ စုကြည့်ရင် …

က။ ပြည်တွင်းမှာ (၃) အုပ်စု
ခ။ ပြည်ပမှာ (၅) အုပ်စု

က။ ပြည်တွင်း (၃) အုပ်စု

၁။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD အုပ်စု
၂။ စစ်အစိုးရကို ကိုယ့်နည်းကိုယ်ဟန်နဲ့ ဆန့်ကျင်နေတဲ့ အုပ်စု
၃။ နအဖနဲ့ လက်တွဲဆောင်ရွက်တော့မယ့် အုပ်စု

ခ။ ပြည်ပ (၅) အုပ်စု

၎။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အုပ်စု
၅။ ပြည်ထောင်စုစစ်စစ်မူကို ဆုပ်ကိုင်ထားတဲ့ အုပ်စု
၆။ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံရေးဆွဲထားတဲ့ အုပ်စု
ရ။ တတိယနိုင်ငံရောက် အုပ်စု
၈။ လွတ်မြောက်နယ်မြေရောက် အုပ်စု … စသည်ဖြင့် မနည်းလှ။

အုပ်စုတခုခြင်းကို လေ့လာကြပါစို့။

၁။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD

လူထုကို စုစည်းနိုင်တဲ့ ခေါင်းဆောင်ကောင်းကို ရရှိထားတဲ့ NLD ဟာ နှစ်ပေါင်း (၂၀) ကျော် ဘာမှမယ်မယ် ရရ လုပ်ဆောင်နိုင်ခဲ့တာမရှိ (အခြားဆောင်းပါးရှင်များ ရေးသားပြီးဖြစ်)။ အခု ခေါင်းဆောင်လွတ်လာတော့မှ လှုပ်ရှားမှုနည်းနည်းရှိလာတယ်။ တယောက်ဆိုရင် NLD ဆိုတာ ဘိုးဘွားရိပ်သာလို့ ခနဲ့တဲ့တဲ့ပြောခဲ့တယ်။ အ ခု ဒုတိယပင်လုံညီလာခံဆိုပြီး စီမံနေကြလေရဲ့။ သူတို့ (CEC) တွေထဲကများ လုပ်မလားထင်ရတယ်။ အန် တီစုကို တာဝန်ပေးသတဲ့။ ကောင်းရော။ ဒါအလွယ်ဆုံးဖြစ်မယ်။ အန်တီစုကလည်း ငြိမ်းချမ်းရေးလမ်းစဉ်ကို ကိုင်စွဲပြီး တွေ့ဆုံဆွေးနွေးရေးကို ဆက်လက်တောင်းဆိုနေတာ တွေ့ရတယ်။ နအဖနဲ့ဖြစ်ဖြစ်၊ ကြံ့ဖွံ့နဲ့ဖြစ်ဖြစ် နိုင်ငံကောင်းဖို့အတွက်ဆို လက်တွဲဆောင်ရွက်မယ် ဆိုထားလေရဲ့။ ဒါပေမယ့် ယခုအချိန်ထိ ထူးခြားမှုမရှိ သေး။ နအဖကတော့ ငါ့ကားငါစီး သုဿန်ရောက်ရောက် လုပ်သွားမှာပါ။ ဇာတ်မျောကြီးပဲ ဖြစ်နေဦးမှာထင် တယ်။

၂။ ပြည်တွင်းမှာ ကိုယ့်နည်းကိုယ်နဲ့ ဆန့်ကျင်နေတဲ့ အုပ်စု

အင်အားဘယ်လောက်ရှိမှန်း မသိနိုင်။ ခေါင်းဆောင်အတော်များများကတော့ ထောင်ထဲမှာ။ ဒီအုပ်စုတွေရဲ့ လုပ်ဆောင်ချက်တွေက သူရဲကောင်းပီသလှတယ်။ အုတ်နရံကို ခေါင်းနဲ့ ပြေးပြေးဆောင့်သလို။ ကိုယ်ပဲ ခံခံ နေရတယ်။ သူတို့နောက်မှာလည်း လူထုက ပါမလာတဲ့အတွက် ရှေ့တိုးဖို့ ခက်နေပါတယ်။ ဒီအုပ်စုတွေဟာ ၈၈ အရေးအခင်းမှ မွေးထုတ်ပေးလိုက်တဲ့ တကယ့်လူတွေပါ။ သူတို့လည်း အောင်မြင်ဖို့ ဝေးနေသေးတယ်။

၃။ နအဖနဲ့ လက်တွဲဆောင်ရွက်နေတဲ့ အုပ်စု

သူတို့လည်း သူတို့အားနဲ့သူတို့ ရှိတယ်။ လွှတ်တော်ပေါ်တဲ့အခါ တောင်းဆိုမယ်။ ကြည့်ကြရတာပေါ့။ သိပ် တော့မထင်။ သူတို့ ၀င်အရွေးခံတဲ့ ဖွဲ့စည်းပုံက တောင်းဆိုသူတွေအတွက် နေရာသိပ်မရှိဘူးဆိုတာ ဥပဒေပ ညာရှင်တိုင်း အသိ။ ပါတီတွေထောင်၊ စကားကြီးစကားကျယ်တွေပြော။ ပြည်သူလူထုအတွက် ဘယ်လောက် လုပ်ပေးနိုင်သလဲဆိုတာ ကြည့်ကြ (ကိုယ်ကျိုးရှာသမားတွေလည်း မနည်းဘူးဆိုတာ တွေ့ရပါတယ်)။

၎။ ပြည်ပနယ်စပ်တွေမှာ လက်နက်ကိုင်တော်လှန်နေတဲ့ အုပ်စု

တိုင်းရင်းသားတွေအတွက် အဓိကလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။ နအဖက ဒီအဖွဲ့တွေကို သောင်းကျန်းသူ၊ အကြမ်းဖက်သမားတွေလို့ ခေါ်ဝေါ်လေ့ရှိတယ်။ အချို့အဖွဲ့အစည်းတွေဟာ လူမျိုးရေအမြင် ကျဉ်းမြောင်းလှတယ်။ ဒါကို သတိထားသင့်တယ်။ ကျယ်ပြန့်တဲ့ အမြင်ရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ တော့ ရှိပါတယ်။ နအဖ တက်လာပြီးနောက်ပိုင်း တဖြည်းဖြည်းနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အင်အား လျော့၊ ပြိုကွဲလာတာ တွေ့ရပါတယ်။ ဟုတ်ဟုတ်ငြားငြား နအဖကို ရင်ဆိုင်တိုက်ပွဲဝင်နိုင်တဲ့ အဖွဲ့မရှိတော့။

၅။ ပြည်ထောင်စုစစ်စစ်မူကို ဖက်တွယ်ထားတဲ့ အုပ်စု

ရှစ်ပြည်နယ် ပြည်ထောင်စုမူကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီမူကို တိုင်းရင်းသားအားလုံး သဘောတူချမှတ်ထား သလားဆိုတာ ဆန်းစစ်သင့်ပါတယ်။ ရှစ်ပြည်နယ်ပြောတော့ ဗမာပြည်လက်အောက်ထဲ ထည့်သွင်းထားတဲ့ နယ်မြေအချို့ဟာ ဗမာလို့ မခံယူထားတဲ့အတွက် ပြဿနာရှိပါတယ်။ အောင်မြင်မှုရမယ်လို့မထင်။

၆။ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံကို ရေးဆွဲထားတဲ့ အုပ်စု

နအဖဖွဲ့စည်းပုံထက် သာလွန်ကောင်းမွန်တဲ့ ဖွဲ့စည်းပုံကို ရေးထားတယ်လို့ ဆိုပါတယ်။လေ့လာကြည့်တော့ ကောင်းပါတယ်။ လိုအပ်ချက် အနည်းငယ်တော့ ရှိတာပေါ့။ မရှင်းလင်းတာတွေလည်း ရှိပါတယ်။ (နအဖ ဖွဲ့ စည်းပုံကတော့ ရှင်းတယ်။ သူတို့ပဲ ဆက်အုပ်ချုပ်မယ်ဆိုပါတယ်။)

ရ။ တတိယနိုင်ငံရောက် အုပ်စု

ဒီအုပ်စုကတော့ အဝေးကြီးမှာနေပြီး အော်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။ ထိရောက်မှုမရှိတာ တွေ့ရတယ်။ ဒါပေမယ့် နိုင်ငံတကာမှ ဗမာ့အရေးကို ပိုသိလာအောင် စွမ်းဆောင်နိုင်တယ်လို့တော့ ဆိုရမယ်။

၈။ အသွင်အမျိုးမျိုးနဲ့ လွတ်မြောက်နယ်မြေမှာ ရသလို တိုက်ပွဲဝင်နေတဲ့ အုပ်စု

ဒီအုပ်စုကတော့ ကွဲပြားမှုအများဆုံးအုပ်စု။ အချင်းချင်းလည်း ဆော်ကြနှက်ကြ။ ဒါမှ အတွးအခ်ါတွေ ပွင့်လင်း လာမှာပေါ့။ ဒီနယ်မြေကို နောက်ကျရောက်တဲ့ လူတွေလည်း ရှိပါတယ်။ နိုင်ငံရေးကို သူတို့နဲ့မဆိုင်ဘူးဆိုပြီး ဘေးဖယ်ထားချင်တဲ့ လူတွေရှိတယ်။ နိုင်ငံရေးဆိုတာ မမွေးသေးတဲ့ ကလေးတွေနဲ့တောင် ဆိုင်တယ်ဆိုတော့ အမြင်ကျယ်ကျယ်လေးထားကြဖို့တော့ လိုအပ်မယ်ထင်တယ်။ နအဖ အလိုတော်ရိ၊ သတင်းပေးနဲ့ ဂွင်သမား တွေလည်း ပေါတဲ့နယ်မြေလို့ ခံစားရပါတယ်။

တင်ပြခဲ့တဲ့ အချက်အလက်တွေဟာ စာရေးသူရဲ့အမြင်တွေသာ ဖြစ်ပါတယ်။ ဘယ်အဖွဲ့စည်းဘယ်ဌာနရဲ့ သြ ဇာခံပြီး တင်ပြခြင်းမဟုတ်ကြောင်း ရိုသားစွာဝန်ခံပါတယ်။

ဒီအုပ်စုတွေအားလုံးဟာ ဒီမိုကရေစီရရှိရေးအတွက် လုပ်ဆောင်နေကြတယ်ဆိုကြပေမယ့် အချိတ်အဆက်မမိ တာကို တွေ့ရပါတယ်။ အယူဝါဒတွေလည်း မတူကြပါ။ အားမနာတမ်း ဝေဖန်ရရင် “နိုင်ငံရေးအမြင် ကျယ် ကျယ်ပြန့်ပြန့်” မရှိကြတာပဲ။ ကိုယ်သန်ရာ အမှန်လို့ ထင်နေကြတယ်။ ပြည့်သူလူထုရဲ့ အသံတွေကိုလည်း နားမထောင်ကြတော့။ ပုံစံအဟောင်းတွေကိုပဲ ရေလဲသုံးနေကြပါတယ်။ အကွဲကွဲပြားပြားနဲ့ နအဖရဲ့ လှောင် ရယ်စရာ ဖြစ်နေပါတယ်။ တချို့ကလည်း အဆန်းတော့ ထွင်နေကြတာပဲ။ လက်တွေ့အသုံးချလို့ အံမ၀င်နိုင် တာတွေ တွေ့ရတယ်။ ပွဲဆူရုံပဲဖြစ်ဖြစ်နေတယ်။

အခုနောက်ဆုံးရရှိတဲ့ သတင်းတွေအရ ရှော့ခ်ရိုက်မယ့် အုပ်စုဆိုတာကိုပါ ထပ်ထည့်ရတော့မယ် ထင်ပါတယ်။ လူသတ်တယ်ဆိုတာ အကြမ်းဖက်တာပဲ။ ဒေါက်တာလွဏ်းဆွေဘလော့မှာ ဖော်ပြခဲ့တဲ့ “ရှော့ခ်ရိုက်ဖို့ လိုနေ တယ်” ဆိုတဲ့ ဆောင်းပါးရေးသူဟာ ပြင်သစ်တော်လှန်ရေးကို မေ့ထားပုံရတယ်။ ပြင်သစ်တော်လှန်ရေးမှာ အာဏာရှင်တွေကို ခေါင်းဖြတ်သတ်၊ သူ့အသိုင်းအ၀ိုင်းတွေကို ဖယ်ရှားရုံနဲ့ အောင်မြင်သွားတယ် ထင်ရပေ မယ့် နောက်ဆုံးမှာတော့ လှုပ်ရှားခဲ့သူအားလုံးဟာ အသစ်ပေါ်လာတဲ့ စစ်အာဏာရှင် နပိုလီယံကြောင့် နှိမ် နင်းခံရပြီး ပြိုကွဲသွားခဲ့ရတယ်။ နောက်ထပ်လည်း တော်လှန်ရေးမပေါ်တော့။ ဦးကျိုးသွားခဲ့ပါတယ်။

တခုပဲရှိတယ်။ အန်တီစု တောခိုလာပြီး လက်နက်စွဲကိုင် တော်လှန်တော့မယ်လို့ ဆုံးဖြတ်လိုက်ရင်တော့ … လုပ်ကြပေတော့။ (အန်တီစု ကိုးကွယ်ရေးသမားတော့ မဟုတ်ကြောင်း ပြောပါရစေ။)

ဒီလိုဒီလို ကွဲပြားနေတယ့် အမြင်တွေကို တပေါင်းတည်းစုစည်းပြီး အကောင်းဆုံးကို ရှာဖွေနိုင်မယ်ဆိုရင်တော့ ပြည်သူလူထုအတွက် မျှော်လင့်ချက် ရောင်ခြည်လေးသမ်းလာမယ်လို့ ထင်ပါတယ်။

နိုင်ငံအရေးကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာတဲ့အခါမှာ စနစ်ကိုပဲ ပြောင်းရုံနဲ့ မလုံလောက်၊ လူတွေပါ ပြောင်း ပစ်မှ ပိုကောင်းတာ တွေ့ရတယ်။ အခုတော့ ငါတို့မှ အမှန်ဆိုပြီး နအဖလို ငါတကောကောနေမယ် ဆိုရင်တော့ ပြည်သူလူထုမှာ ဒီဆင်းရဲတွင်းထဲမှ ဘယ်တော့မှ လွတ်နိုင်မယ်မထင်။

နအဖကလည်း ၎င်းတို့ ရှင်သန်ရပ်တည်ရေးအတွက် ဖွဲ့စည်းပုံဆွဲ၊ အစိုးရဖွဲ့ တသက်လုံးအုပ်ချုပ်ဖို့ လက်မှတ် တော့ ရထားပြီ။ ဒါပေမယ့် ဒီလက်မှတ်ဟာ အတုဖြစ်ပါတယ်။ အစစ်အမှန် စနစ်တရပ် ပေါ်ထွန်းလာနိုင်ဖို့် ကွဲ ပြားနေတဲ့ တော်လှန်ရေးအင်အားစုတွေဟာ ရည်ရွယ်ချက်တူ၊ လုပ်ဆောင်ချက်တူ၊ ကျယ်ပြန့်တဲ့ နိုင်ငံရေးအ မြင်တွေနဲ့ ဆက်လက်ဆောင်ရွက်မှသာ တနေ့အောင်ပွဲခံနိုင်မှာဖြစ်ကြောင်း ပြည်သူလူထုကြားက စကားများ ကို တင်ပြလိုက်ပါတယ်။ ။

(မဟုတ်ကမဟုတ်က နိုင်ငံရေးစတန့်ထွင်ချင်သူများကို ရည်ရွယ်ပါသည်။ ထို့အပြင် နိုင်ငံရေးဆိုတာ နိုင်ငံသူ နိုင်ငံသားအားလုံးနဲ့ ဆိုင်တယ်လို့ အလေးအနက် ယုံကြည်ပါကြောင်း။)

နိုင်ငံရေးလေ့လာသူတဦး
၂၉-၁၂-၂၀၁၀
ဒေါက်တာ လွဏ်းဆွေ ဘလော့မှ …..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: