တောင်ငူခရိုင် လူငယ်တွေ အန်အယ်ဒီရဲ့သဘောထားကို ထောက်ခံ

2010-12-30 – RFA

တောင်ငူခရိုင် အတွင်းက ဖြူး မြို့နယ်၊ တောင်ငူ မြို့နယ်၊ ရေတာရှည် မြို့နယ်တွေက အဲန်အယ်လ်ဒီ လူငယ်တွေနဲ့ အတူ တခြား လူငယ်တွေဟာ တောင်ငူ မြို့နယ် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမြင့် နေအိမ်မှာ ဒီကနေ့ နေ့လည်က တွေ့ဆုံ ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်ဒီရဲ့ လက်ရှိ သဘောထားတွေကို ဆွေးနွေးခဲ့ကြ ပါတယ်။

ပဲခူးတိုင်း တိုင်းလူငယ် တာဝန်ခံ ကိုကျော်ဝင်း ကနေ ဦးဆောင်ပြီး မြို့နယ်စည်း အဖွဲ့ဝင်တွေနဲ့ အတူ လူငယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြတာနဲ့ပတ်သက်လို့ ဦးအောင်စိုးမြင့် က အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။

“တိုင်း လူငယ် အကူအညီပေးရေးက ကိုကျော်ဝင်း၊ သူက ဦးဆောင်ပြီးတော့ ဒီနေ့ တွေ့ဆုံတာပါ။ သူက ဒေါ်စုရဲ့ သဘောထားတွေ ပြောပြတယ်။ နောက်ဒီနေ့ အဲန်အယ်လ်ဒီ သွားမည့်လမ်း ပြောပြတယ်။ နောက်တခါ အဲန်ဂျီအို တွေနော်။ နောက်တော့ ပြင်ပ လူငယ်တွေ တခြား အဖွဲ့အစည်းက လူငယ်တွေနဲ့ တွေ့ဆုံပြီးတော့ ဒေါ်စုနဲ့လည်း ဆွေးနွေးခွင့်ရဖို့ အတွက် စီစဉ်ဖို့ ဒါတွေ ပြောကြတယ်။ ”

” ဒီနေ့ တက်ရောက်တဲ့ထဲမှာ အဲန်အယ်လ်ဒီ မဟုတ်တဲ့ လူငယ်တွေ အပြင်ကို ယူဒီပီ ပေါ့နော်။ ပါတီက ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် လူငယ် တစ်ယောက်လည်း သူလည်း ဒီနေ့ လာ တက်ရောက်တယ်။ စိတ်ဝင်စားတာ ဆွေးနွေးတယ်။ ”

“နောက်တခါ ဒီ ရှေ့ဆက်ပြီးတော့ လုပ်မည့် လုပ်ငန်းစဉ်တွေမှာ ဒီအဲန်အယ်လ်ဒီနဲ့ အတူပေါ့။ လက်တွဲပြီးတော့ သူတို့လည်း ပူးပေါင်း ကူညီ ဆောင်ရွက်ဖို့ ဆန္ဒ ပြုကြတယ်။”

ဒီလို တွေ့ဆုံဆွေးနွေး ဖြစ်ခဲ့ကြတာဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့က ရန်ကုန် ရွှေဂုံတိုင်လမ်းက အဲန်အယ်လ်ဒီ အဖွဲ့ချူပ်ရုံးမှာ ရန်ကုန်တိုင်း အဲန်အယ်လ်ဒီ လူငယ်တွေ အပါအ၀င် စုစုပေါင်း လူငယ် နှစ်ရာကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပြီး နောက်ပိုင်း တခြား တိုင်းနဲ့ ပြည်နယ်က လူငယ်တွေနဲ့ ထပ်မံတွေ့ဆုံရမည့် အချိန် ရောက်ခဲ့ရင် ဆွေးနွေး တင်ပြနိုင်ဖို့ ကြိုတင် ပြင်ဆင်ထားတဲ့ အနေနဲ့ တွေ့ဆုံခဲ့ကြတာလို့လည်း ဆက်ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို တက်ရောက် လာကြတဲ့ လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်ဒီရဲ့ လက်ရှိ သဘောထား ရပ်တည်ချက်တွေနဲ့ နိုင်ငံရေး ရှေ့လုပ်ငန်းစဉ်တွေကို ထောက်ခံ ကြိုဆိုကြပြီး လူမှုရေး ကိစ္စ၊ ပြည်သူ လူထုရဲ့ အကျိုး စီးပွား လိုအပ်ချက်တွေ၊ ကလေး စစ်သား စုဆောင်းခံရမှု ကိစ္စတွေ၊ အတင်း အဓမ္မ လုပ်အားပေး ခိုင်းစေမှု ကိစ္စတွေ ပေါ်ပေါက်ခဲ့ရင်လည်း အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေနဲ့ ဆက်သွယ်ပြီး လူငယ်တွေက ကူညီ ဆောင်ရွက် သွားကြဖို့ကိုလည်း ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: