ပန်နစ်နဲ့ ၆ ယောက်ကို ကမ္ဗောဒီးယားက အရေးယူ

နေ့သစ် – December 31, 2010

ဝန်ကြီးချုပ် အဖိဆစ်ဝေ့ချာချီဝက ချွင်းချက်မရှိချက်ခြင်းလွှတ်ပေးဖို့ တောင်းတာတောင်မှ ကမ္ဗောဒီးယား တရားရုံးက ဒီမို ကရက်ပါတီအမတ် ပန်နစ်ဝီကစ်ဆရဲ့သ်နဲ့ ရှပ်ဝါတက်ကြွလှုပ်ရှားသူ ၆ ယောက်ကို ပိုင်နက် နယ်မြေအတွင်း တရားမ၀င်, ၀င်ရောက်မှုအတွက် တနေ့က အပြစ်ပေးအရေးယူခဲ့ပါတယ်။

ဖမ်းထားသူတွေလွှတ်ပေးဖို့အတွက် ကမ္ဗောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဟောနမ်ဟုန်နဲ့စေ့စပ်ဆွေးနွေးဖို့ ထိုင်း နိုင်ငံခြား ရေးဝန်ကြီး ကဆစ်ပီရိုမြကို တနေ့က ဖနွမ်းပင်ကို လွှတ်ပါတယ်။ ကမ္ဗောဒီးယားတရာစီရင်ရေးကို လေးစားကြောင်း ဒါပေ မဲ့ တရားစီရင်တာတွေ မြန်မြန်ဆန်ဆန်လုပ်ပြီး မကြာမီမှာ လွှတ်ပေးမယ်လို့ မျှော်လင့်ကြောင်း ဖနွမ်းပင်က အာဏာပိုင် တွေကို တောင်းဆိုခဲ့တယ်လို့ ကဆစ်က ပြောပါတယ်။

ဒီအဖွဲ့အနေနဲ့ ကမ္ဗောဒီးယားနယ်ထဲကို ဖြတ်ကျော်ဖို့မရည်ရွယ်ကြောင်း၊ နယ်နိမိတ်မျဉ်ကို တကယ်မသိတာသာ ဖြစ် ကြောင်း ကဆစ်က ဟောနမ်ဟုန်ကို ပြောပြခဲ့ပါတယ်။ ဟောနမ်ဟုန်က ဒီလူတွေဟာ နယ်စပ်ကို ဖြတ်ပြီး ကမ္ဗောဒီးယားနယ်ထဲကို မီတာ ၅၀၀ လောက်ထိ ၀င်လာခဲ့ကြောင်း ကဆစ်ကို ပြန်ပြောခဲ့ပါတယ်။ “သာမန် တရားရုံးလုပ်ထုံးလုပ်နည်း တွေ မပြီးမချင်း သူတို့ကို လွှတ်ပေးမှာမဟုတ်ဘူး” လို့ ကဆစ်နဲ့တွေ့ အပြီးမှာ သူက ပြောပါတယ်။

ဒီလူတွေလုပ်ရပ်ကို သူ့အနေနဲ့မကျေနပ်ကြောင်း ၊ဒါကြောင့် ဒီလူတွေကို တရားစီရင်ဖို့ ဖနွမ်းပင်ကို ခေါ်ခဲ့ဖို့ ဒေသခံအာ ဏာပိုင်တွေကို သူ အမိန့်ပေးခဲ့တာ ဖြစ်တယ်လို့ ကမ္ဗောဒီးယား ၀န်ကြီးချုပ်ဟွန်ဆန်က ပြောပါ တယ်။ သူတို့ကို မြို့တော် ဆင်ခြေဖုံးက ဖရေးဆာအကျဉ်းထောင်မှာ ချုပ်နှောင် ထားပါတယ်။

ဒီအဖွဲ့ထဲမှာပါတဲ့ ၀ီရ ဆိုရင် ဒီနေရာမှာပဲ အဖမ်းခံရတာ ၂ကြိမ်ရှိပါပြီ။ ဒီနှစ် သြဂုတ်လတုန်းက ၀ီရနဲ့သူ့အဖွဲ့ကို ဒီနေရာမှာ ပဲ ဖမ်းပြီး ခဏထိန်းသိမ်းခဲ့ပါသေးတယ်။ ကမ္ဗောဒီယားနယ်မြေထဲကို တရားမ၀င်ဖြတ်ကျော်ရင် ထောင်ဒဏ် ၁၈ လထိ ကျခံရနိုင်ပါတယ်။

ပြီးခဲ့တဲ့အပတ်ကပဲ ဒီအမှုနဲ့ပြစ်ဒဏ်ကျခံနေရတဲ့ ထိုင်း ၃ ယောက်ကို သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ် အဖြစ်  ဘုရင်ကြီးရဲ့လွတ်ငြိမ်းခွင့်နဲ့ လွှတ်ပေးခဲ့ပါသေးတယ်။ နယ်စပ်ဖြတ်ကျော်မှုနဲ့ လက်နက်မဲ့ အရပ်သားတွေကို တ ရားစွဲမှာမဟုတ်ဘူး ဆိုတာကို အစောပိုင်းက ၂ နိုင်ငံသဘောတူထားတဲ့အတွက် ပန်နစ်နဲ့သူ့အဖွဲ့ကို မသိလို့ဝင်သွားမိတဲ့ အတွက် တရားစွဲဆိုတာတွေ မလုပ်သင့်ပါဘူးလို့ ၀န်ကြီးချုပ် အဖိဆစ်က ပြောပါတယ်။

ဒီဇင်ဘာ ၃၁၊ ၂၀၁၀ (The Naiton)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: