အသံလွှင့်ရုံစီးနင်းမှုနဲ့ ပဒဖ အဖွဲ့ဝင် ၈၂ ယောက် ထောင်ချ

နေ့သစ် – December 31, 2010

Thai red-shirts breached parliament

၂၀၀၈ ခုနှစ် သြဂုတ်လက နိုင်ငံတော်ပိုင် ထိုင်းနိုင်ငံအမျိုးသားအသံလွှင့်ရုံကို ၀င်ရောက်စီးနင်းခဲ့တဲ့ ပြည်သူ့ဒီ မိုကရေစီ မဟာမိတ်အဖွဲ့ (ပဒဖ) ၀င် ၈၂ ယောက်ကို တရားရုံးက ထောင်ဒဏ် ၂ နှစ်ခွဲအထိ ကျခံဖို့ တနေ့က ဆုံးဖြတ်လိုက်ပါတယ်။

အသံလွှင့်ရုံသိမ်းပိုက်ရာမှာ ပါဝင်ခဲ့တဲ့အရေးမပါသူ ၃ ယောက်ကိုလည်း ဆိုင်းငံ့ပြစ်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါ တယ်။ ဒီ ၃ ယောက်ပါရင် စုစုပေါင်း ၈၅ ယောက်ဖြစ်ပါတယ်။

၈၅ ယောက်စလုံးကို အာမခံနဲ့ယာယီလွှတ်ပေးလိုက်ပါတယ်။ ဒီလူတွေဟာ အစိုးရကိုဖယ်ရှားပစ်ဖို့ကြိုးပမ်းရာမှာ အသံ လွှင့်ရုံကိုသိမ်းပြီး အစိုးရဆန့်ကျင်ရေး သတင်းတွေလွှင့်ထုတ်ဖို့ ရည်ရွယ်ပြီး ထိုင်းအမျိုးသားအသံလွှင့်ရုံကို ၀င်ရောက်စီး နင်းခဲ့သူတွေဖြစ်ပါတယ်။ နည်းပညာမကျွမ်းကျင်လို့ သူတို့ကြိုးပမ်းမှုက နောက်နာရီ အနည်းငယ် အကြာမှာ မအောင်မမြင်ဖြစ်သွားခဲ့ပါတယ်။

ပဒဖ ခေါင်းဆောင် ဆွန်ဒီးလင်ထုံကူးလ်ရဲ့အမိန့်ပေးစေခိုင်းမှုအောက်မှာ လုပ်ရတာဖြစ်တယ်လို့ စွပ်စွဲခံထားရတဲ့ ဆရီဝီချာ ယာလို့ခေါ်တဲ့ စစ်သည်တော်တွေ ဦးဆောင်တဲ့ ဒီအုပ်စုဟာ ငြိမ်ဝပ်ပိပြားမှုဖျက်ဆီးမှု၊ တိုက်ခိုက်မှုနဲ့အစိုးရပိုင်ပစ္စည်းတွေ လုယက်ယူငင်မှုနဲ့ အပြစ်ရှိတယ်ဆိုတာ တွေ့ရပါတယ်။ တရားခံ ၂ ယောက်ရဲ့ ကိုယ်ပေါ်မှာ ဆေးခြောက်နဲ့တူတဲ့ မူးယစ် ဆေးဝါးတချို့ကိုလည်း တွေ့ရပါတယ်။ ပြစ်ဒဏ်တွေကတော့ ဒီအဖွဲ့ဝင်တဦးစီ ကျူးလွန်ခဲ့တဲ့ လက်နက်ကိုင်ဆောင်မှု၊ ဒါမှ မဟုတ် မူးယစ်ဆေးဝါးသုံးစွဲမှု ဒါမှမဟုတ် စီးနင်းတိုက်ခိုက်မှု စတာတွေအပေါ်မှာ မူတည်ပြီး အမျိုးမျိုးရှိပါတယ်။

တရားခံနံပတ် ၃၉ နဲ့ ၈၀ ကို မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုအတွက် နောက်ထပ်ပြစ်ဒဏ်အနေနဲ့ ဒဏ်ငွေ ဘတ်တ ထောင် ဒဏ်တပ်ပါတယ်။ ဖြောင့်ချက်ပေးတဲ့ တရားခံ၂ ယောက်ကိုတော့ ပြစ်ဒဏ်တ၀က်ထိလျှော့ချ လိုက်ပါတယ်။ ဒါပေ မဲ့ အပြစ်ကျူးလွန်သူအများစုကိုတော့ ထောင်ဒဏ် တနှစ်ခွဲ ချလိုက်ပါတယ်။ တရားခံအားလုံးက အယူခံရုံးမှာ ဆက်အယူ ခံဝင်ဖို့ ခန့်မှန်းရပြီး အာမခံရဖို့ လျှောက်ထားကြမှာဖြစ်ပါတယ်။

နိုင်ငံရေးဥပဒေ ချိုးဖောက်မှုနဲ့ပတ်သက်တဲ့ နောက်အမှုကိုတော့ တရားရုံးက ပါလီမန်ကို တင်ပြထားပါတယ်။ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့မှာ မျက်မြင်သက်သေတွေနဲ့ စစ်ဆေးမှာဖြစ်ပါတယ်။ အဲဒီအမှုကတော့ ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က အထက်လွှတ်တော်အမတ်ဟောင်း ဂျွန်အုံပတ်ကောန်နဲ့ တက်ကြွလှုပ်ရှားသူ (၁၀) ယောက် ဦးဆောင်လှုပ်ရှားခဲ့တဲ့ ဥပဒေ ချိုးဖောက်မှုတခုပါ။ ဒီလှုပ်ရှားမှုကြောင့် ပါလီမန်အစည်းအဝေးကျင်းပနေတုန်းမှာ ရာချီတဲ့လွှတ်တော်အမတ်တွေက အောက်လွှတ်တော်ကို ဖျက်သိမ်းခဲ့တဲ့အမှုဖြစ်ပါတယ်။

ထူးခြားတဲ့တခြားအုပ်စုဝင်တဦးကတော့ မီဒီယာပြုပြင်ပြောင်းလဲရေး တက်ကြွလှုပ်ရှားသူ ဆူပင်ညကလန်နာ ရုန်း ပဲ ဖြစ်ပါတယ်။ ဒုတိယအမှုမှာပါတဲ့ တရားခံတွေအကုန်လုံးက သူတို့ကိုယ်သူတို့ အပြစ်မရှိကြောင်း ကြေညာလိုက်ပါတယ်။

ဒီဇင်ဘာ ၃၁၊ ၂၀၁၀ (The Nation)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: