စစ်အစိုးရတပ်တွေ ပုန်ကန်နေပြီ၊ ဝ ဒေသမှာလည်း သေနတ်ပြန်ပေါက်

ဧပြီ ၇ ရက် ယနေ့မနက် ၄ နာရီမှာ ရန်ကုန်တိုင်း မှော်ဘီအခြေချ အမှတ် ၄ စစ်ဆင်ရေး ကွပ်ကဲမှုဌာချုပ် လက်အောက်ခံ တိုက်ကြီးမြို့မှာရှိတဲ့ ခမရ ၇၀၉ တပ်ဖွဲ့တချို့နဲ့ ခမရ ၇၁၀ တပ်တွေကို ရန်ကုန်တိုင်း အထူးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ရာ တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိသွားတယ်လို့ အပစ်ခံခဲ့ရတဲ့တပ်က တပ်ကြပ်ကြီးတဦးက ပြောပါတယ်။


အပစ်ခံလိုက်ရတဲ့ တိုက်ကြီးမြို့က ခမရ ၇၀၉ တပ်တချို့နဲ့ ခမရ ၇၁၀ တပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလ တရက်နေ့က အချက် ၄ ချက်ပါတဲ့ တောင်းဆိုချက်ကို စကခမှူး ဗိုလ်မှူးကြီး အောင်သီဟ က တဆင့် ရန်ကုန်တိုင်းမှူးထံ တင်ပြရာက တင်းမာမှုတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအချက် ၄ ချက်ကတော့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးရေး၊ စစ်မှုထမ်းဟောင်း ဥပဒေကို ပြင်ဆင်ပြီး လစာတိုးပေးဖို့ အပါအဝင် နိုင်ငံတွင်းက နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်ပေးရေးနဲ့ ပြည်သူတွေထောက်ခံတဲ့ အစိုးရမျိုး ပြန်လည်ဖွဲ့စည်းပေးရေး ဆိုတဲ့အချက်တွေဖြစ်ပြီး ဒီကိစ္စကို ရန်ကုန်တိုင်း တိုင်းမှူးထံတင်ပြရာက တင်းမာလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတင်းမှာမှုကြောင့် ဒီနေ့မနက် ၄ နာရီအချိန်မှာ စတင်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ အခုလို သေဆုံး ဒဏ်ရာရရှိမှုတွေဖြစ်ခဲ့တာလို့ အပစ်ခံရတဲ့ ခမရ ၇၀၉ က တပ်ကြပ်ကြီးတဦးက ပြောပါတယ်။

ခမရ ၇၀၉ နဲ့ ၇၁၀ ပူးပေါင်းတပ်တွေဟာ အင်အား ၅၀၀ ဝန်းကျင်ရှိပါတယ်။ လုံခြုံရေးတပ်တွေကတော့ အင်အား ၂၀၀ ကျော်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

ဒါပေမယ့် အဲဒီလို သေဆုံးဒဏ်ရာရမှုတွေ ဖြစ်လာတဲ့အတွက် စကခမှူးထံ မကျေနပ်ကြောင်း တင်ပြရာက တိုင်းအဆင့် စစ်ဖက်အာဏာပိုင်တွေပါ တပ်ရင်းထဲအထိ လာရောက်ဖြေရှင်းခဲ့တယ်လို့ ဆိုပါတယ်။

အခုလို စစ်အစိုးရတပ်တွေ အချင်းချင်းကြားမှာ ပစ်ခတ်မှုတွေဖြစ်ပွားနေသလို ရှမ်းပြည်အရှေ့ပိုင်း ရွှေတြိဂံ နယ်မြေဘက်မှာလည်း နယ်ခြားစောင့်တပ်ဖွဲ့ရေးကို လက်မခံတဲ့ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နဲ့ ကြံ့ဖွံ့စစ်အစိုးရတပ်တို့ ပထမဆုံးအကြိမ် တိုက်ပွဲပြန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – ဘီဘီစီ၊ ဓာတ်ပုံ- ရိုက်တာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: