‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (နိဂုံးပိုင်း)

“ဒီလို အဖြစ်ဆိုးတွေဟာ တကယ်ပဲဖြစ်ခဲ့တယ်။ ကြေကွဲစရာတွေ တကယ်ပဲ ကြုံခဲ့တယ်။ ဒီလို မကြုံအောင် ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုသွားကြမလဲ၊ အဲသလို ကျနော်တို့ စဉ်းစားတာပါ။ စဉ်စားတယ်ဆိုတဲ့နေရာမှာ အနာစိတ်ပေါ်မှာ အရင်းမခံဘဲနဲ့ အဖြစ်ဆိုးကို ပြန်မကြုံရဖို့ ရင့်ကျက်မှုကို လေ့ကျင့်ယူမယ်။ ဆိုလိုတာကတော့ဗျာ ပြဿနာတွေကို ရင်ဆိုင်တွေ့ဆုံပြီးတော့ ဆွေးနွေးချင်တယ်။ မဖြစ်သင့်တာ မဖြစ်အောင် ကာကွယ်ရာလည်း ရောက်ပါတယ်။ ရင့်ကျက်မှုကို လေ့ကျင့်ယူရာလည်းကျပါတယ်။ ဒီလို ကျနော် မြင်ပါတယ်ဗျာ …”

“ကျောင်းသားထု စခဲ့တဲ့ အရေးတော်ပုံကို ကျောင်းသားထုကရော ကျောင်းသားထု ပါဝင်နိုင်တဲ့ အခန်းကဏ္ဍကနေပြီးတော့ ထိုက်သင့်သလို ငြိမ်းချမ်းစွာ ရှာဖွေသွားမယ်။ ငြိမ်းချမ်းစွာနဲ့ ကျနော်တို့ရဲ့ခရီးကို ရအောင် ချီတက်မယ်။

ကျန်တဲ့ အဖွဲ့အစည်းတွေ ကျန်တဲ့ အင်အားစုတွေကလည်း ကိုယ့်အလုပ်ကို လုပ်ပြီးတော့ ကိုယ့်တာဝန် ကိုယ်ကျေကြမယ်လို့ ကျနော် မျှော်လင့်ပါတယ်”

ကျောင်းသားခေါင်းဆောင်တွေအနေနဲ့ နအဖ အကျဉ်းထောင်တွေထဲမှာ ၁၄ နှစ် ၁၅ နှစ် ၁၆ နှစ် ပေးဆပ် ဖြတ်သန်းခဲ့ရသူတွေဖြစ်လို့ သူတို့ရင်ထဲမှာ ခံပြင်းနာကျည်းစိတ်တွေ၊ ဒေါသတွေ၊ အမုန်းတရားတွေ၊ လက်စားချေလိုစိတ်တွေ ပြည့်နှက်နေမလားလို့ ယူဆသူတွေ စိုးရိမ်သူတွေ ရှိကောင်းရှိနိုင်ပါတယ်။

“ကျနော်တို့ ပေးဆပ်မှုနဲ့ ပတ်သက်လို့ကတော့ ဘယ်ခေတ် ဘယ်ကာလနဲ့မှမတူတဲ့ ပေးဆပ်မှုမျိုး ကျနော်တို့ ပေးဆပ်ခဲ့ပါတယ်။

အထူးသဖြင့် ကျနော်တို့ ကျောင်းသားတွေပေါ့ ဖဆပလ လက်ထက် ကိုလိုနီ လက်ထက်၊ မဆလ လက်ထက်ပေါ့နော် ထောင်နှစ်ရှည် ၁၃ နှစ်ကျော်နေရတဲ့ အဖြစ်မျိုးရှိမယ် မထင်ခဲ့ဘူးပေါ့နော်၊ ကျနော်တို့ လက်ထက်မှာတော့ ရှိခဲ့တာပေါ့နော်။

ကျနော်တို့ အဲဒီအပေါ်မှာ နာကျည်းချက်တခုအနေနဲ့တော့ ဆောင်ရွက်လို့ရမယ် မထင်ဘူးပေါ့နော်၊ အနာဂတ် တိုင်းပြည် ကောင်းစားရေးအတွက်ပဲ ရှေ့ရှုပြီးတော့ ဖြစ်သင့်တဲ့ အနေအထားနဲ့ပဲ ဆောင်ရွက်ဖို့ ရှိပါတယ်။ တတ်နိုင်သလောက် ကျနော်တို့ ချီပြီးတော့ပဲ ဆောင်ရွက်ရမှာပါ။ နှစ်ဖက် ညှိနှိုင်းဆွေးနွေးမှုကိုလည်း ဆောင်ရွက်ရမယ်ဆိုတဲ့အကြောင်းကို ကျနော် မြင်ပါတယ် ခင်ဗျ”

“ကျနော်တို့ဟာ နာကျင်နေတဲ့ နှလုံးသားက ခံလာတဲ့အတွေး အနာစိတ်ကိုအရင်းခံတဲ့ တွေးခေါ်မှုဆိုလို့ရှိရင် လမ်းကြောင်း လွဲတတ်တယ်။ ဒါဟာ ကျနော်တို့ ဖြတ်သန်းလာခဲ့ရတဲ့ ကိုယ်တိုင် ပေးဆပ်လာပြီးတော့ အရင်းအနှီး ကြီးကြီးမားမား ပေးလာပြီးတော့ ရလာတဲ့ သင်ခန်းစာပါ။

ခံစားချက်ကို ဦးစားမပေးဘဲနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကို ရွေးချယ်ကြဖို့လိုတယ်လို့ ယူဆပါတယ်။ ဒီလိုစကားမျိုး ပြောတဲ့နေရာမှာ တခုတော့ရှိတာပေါ့ဗျာ။ ဘာလဲဆိုတော့ အဖြစ်ဆိုးကြီးအောက်မှာ အညံ့ခံ အလျှော့ပေးသွားတာမျိုးတော့ မဟုတ်ဘူးခင်ဗျ။

ဒီလို အဖြစ်ဆိုးတွေဟာ တကယ်ပဲဖြစ်ခဲ့တယ်။ ကြေကွဲစရာတွေ တကယ်ပဲ ကြုံခဲ့တယ်။ ဒီလို မကြုံအောင် ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုသွားကြမလဲ၊ အဲသလို ကျနော်တို့ စဉ်းစားတာပါ။ စဉ်စားတယ် ဆိုတဲ့ နေရာမှာ အနာစိတ်ပေါ်မှာ အရင်းမခံဘဲနဲ့ အဖြစ်ဆိုးကို ပြန်မကြုံရဖို့ ရင့်ကျက်မှုကို လေ့ကျင့်ယူမယ်။

ဆိုလိုတာကတော့ဗျာ ပြဿနာတွေကို ရင်ဆိုင်တွေ့ဆုံပြီးတော့ ဆွေးနွေးချင်တယ်။ မဖြစ်သင့်တာ မဖြစ်အောင် ကာကွယ်ရာလည်း ရောက်ပါတယ်။ ရင့်ကျက်မှုကို လေ့ကျင့်ယူရာလည်းကျပါတယ်။ ဒီလို ကျနော် မြင်ပါတယ်ဗျာ”

“ဒါ စိတ်ထား အမှန်ပဲဗျ။ လူကောင်းတို့ရဲ့သဘာဝ လူ့သဘာဝ။ ငြိမ်းချမ်းရေး စိတ်ဓာတ်၊ ညီညွတ်ရေး စိတ်ဓာတ်၊ လွတ်လပ်ရေး စိတ်ဓာတ်ကို တင်စားဖော်ပြတဲ့ ခံစားမှုပဲ။ ဒါ အင်မတန်ကောင်းတဲ့ဟာပဲ ကျနော်လည်း နားထောင်တယ်လေ။ ကျေနပ်တယ်ဗျ အဲဒါ။ အဲဒီစိတ်ဓာတ်အရ နိုင်ငံရေး ဆက်လုပ်ရမှာပဲ”

ကျောင်းသား ခေါင်းဆောင်နှစ်ဦး ဖြစ်တဲ့ ကိုဇော်မင်းနဲ့ ကိုမင်းကိုနိုင်တို့ရဲ့ပြောပြချက်နဲ့အတူ ၈၈၈၈ ကျောင်းသား ခေါင်းဆောင်တွေအပေါ် ဆရာ ဒဂုန်တာရာရဲ့ မှတ်ချက်ဖြစ်ပါတယ်လို့ ပြောကြားရင်း ဒီမိုကရေစီ အရေးတိုက်ပွဲ အဆင့်ဆင့်မှာ ကိုယ်ကျိုးစွန့် အနစ်နာခံ တိုက်ပွဲဝင်ခဲ့တဲ့ တိုက်ပွဲဝင်နေဆဲဖြစ်တဲ့ ကျောင်းသူ ကျောင်းသားအားလုံးကို ဦးညွှတ် ဂုဏ်ပြုလိုက်ရပါတယ် ခင်ဗျာ။ ။

၂၀၀၅ ခုနှစ် မတ်လမှာ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို ပြန်လည်ဖော်ပြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: