Archive for the ‘၂၀၁၀ ရွေးကောက်ပွဲ’ Category

NDF ပါတီ ခေါင်းဆောင်တချို့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

December 30, 2010

ကြာသပတေး, 30 ဒီဇင်ဘာ 2010 – VOA

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တချိန်က NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းမှာ တာဝန်ယူ လုပ်ကိုင်ခဲ့ကြပြီး NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီအဖြစ် သီးခြား ပါတီခွဲ တည်ထောင်ခဲ့ကြသူ ခေါင်းဆောင် ၃ ယောက်တို့ ဒီကနေ့ မနက်ပိုင်းက NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဒါဟာ ပထမဦးဆုံး အကြိမ်အဖြစ် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ နိုင်ငံရေးအရ ပြောဆိုဆွေးနွေးမှုတွေ မပါဘဲ တခြား လူမှုရေးကိစ္စတွေကိုသာ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ၂ ဘက်စလုံးက ပြောပါတယ်။

(more…)

လွှတ်တော်သစ်အတွက် နိုင်ငံရေးပါတီတွေ ပြင်ဆင်

December 29, 2010

ဗုဒ္ဓဟူး, 29 ဒီဇင်ဘာ 2010 – VOA

၂၀၁၁ နှစ်ဆန်းပိုင်းမှာ ခေါ်ယူရမယ့် လွှတ်တော်သုံးရပ်အတွက် ဥပဒေမူကြမ်းတွေ တင်သွင်းနိုင်ဖို့ အနိုင်ရ နိုင်ငံရေးပါတီတွေ ကြိုတင်စဉ်းစား ပြင်ဆင်တာတွေ လုပ်နေကြပါပြီ။

သတ်မှတ်ချက်အရ ဆိုရင်တော့ လွှတ်တော်တွေကို အခု ဇန်န၀ါရီနဲ့ ဖေဖော်ဝါရီ အတွင်းမှာ ခေါ်ယူရမှာ ဖြစ်ပါတယ်။ (more…)

စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး အဆိုပြုလွှာ ဦးသိန်းညွန့် တင်သွင်းမည်

December 29, 2010

ခင်ဦးသာ Wednesday, 29 December 2010 18:19 – ဧရာဝတီ

E-mail Print

အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ အနိုင်ရထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်နှင့် ကိုယ်စားလှယ် တချို့သည် ပေါ်ပေါက်လာမည့် လွှတ်တော်၌ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ထားမှုအား ရုပ်သိမ်းပေးရေး အဆိုပြုလွှာ တစောင်ကို တင်သွင်းသွားမည်ဟု သိရသည်။

ဦးသိန်းညွန့်နှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်မှ အနိုင်ရထားသော NDF တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်၊ ဒေါ်စမ်းစမ်းမြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်တို့  ပူးပေါင်း၍ အဆိုပြု တင်သွင်းသွားမည်ဟု ၎င်းက ဆိုသည်။ (more…)

စစ်အစိုးရနဲ့ ပူးပေါင်းပြီး ရင်ကြားစေ့ရေး လမ်းကြောင်းလျှောက်မယ်လို့ NDF ခေါင်းဆောင်ပြော

December 25, 2010

2010-12-25 – RFA

အရင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်တွေ ဖြစ်ခဲ့ပြီး လက်ရှိ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနဲ့ ဒေါက်တာဝင်းနိုင်တို့ဟာ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံပြီး သူတို့ ဘာ့ကြောင့် ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲ ၀င်ခဲ့ကြတယ်ဆိုတာကို ရှင်းပြမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ခွဲထွက်ကာ ရွေးကောက်ပွဲ ဝင်ရောက်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့သော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ မန္တလေးရုံးခွဲ ဖွင့်ပွဲကို သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: AFP)

NLDပါတီဟာ အနှစ် ၂၀ ကာလအတွင်း ထိပ်တိုက်ရင်ဆိုင်ရေး လမ်းကြောင်းကိုသာ လျှောက်ခဲ့ပြီး ပြည်သူနဲ့ တိုင်းပြည်အကျိုးစီးပွားအတွက် ဘာမှ လုပ်မပေးနိုင်တာကြောင့် တပ်မတော်နဲ့ ပူးပေါင်းပြီး အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို သွားဖို့ ရွေးကောက်ပွဲ ၀င်ခဲ့တာ ဖြစ်တယ်လို့ NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ဆိုပါတယ်။ (more…)

လွှတ်တော်အတွက် မွန် ပါတီ ပြင်ဆင်

December 24, 2010

ခင်ဦးသာ Friday, 24 December 2010 18:53 – ဧရာဝတီ

E-mail Print

မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP)သည် မကြာမီပေါ်ပေါက်လာမည့် လွှတ်တော်ထဲ၌ ဆွေးနွေးသွားမည့် ကိစ္စများအတွက် အစည်းအဝေးကို ဒီဇင်ဘာလ ၂၇ ရက် နှင့်၂၈ ရက်များတွင် ပြုလုပ်သွားမည်ဟု ပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်း က ဧရာဝတီကို ပြောသည်။

ယခု ပြုလုပ်မည့်အစည်းအဝေးသည် ရွေးကောက်ပွဲ၌ အနိုင်ရထားသော ကိုယ်စားလှယ်သီးသန့် အစည်းအဝေးဖြစ်ကြောင်း၊ အဓိက ဆွေးနွေးကြမည့် အကြောင်းအရာသည် လွှတ်တော်ထဲ၌ မိမိတို့၏ ရပိုင်ခွင့် အခွင့်အရေးများကို အပြည့်အ၀ ပြောဆိုနိုင်ရေး၊ လွှတ်တော်တက်ရောက်မည့် ကိုယ်စားလှယ်များအနေဖြင့် သတ္တိရှိရှိ ပြောရဲဆိုရဲရန် ကြိုတင် ပြင်ဆင်ထားမည့် အကြောင်းအရာများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ (more…)

ကြံ့ခိုင်ရေးပါတီနှင့် ရွေးကောက်ပွဲဝင် ပါတီအချို့ အပြန်အလှန်တရားစွဲ

December 23, 2010

2010-12-23 – RFA

ရွေးကောက်ပွဲအနိုင်ရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့ ရွေးကောက်ပွဲ မသမာမှုတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် တရားစွဲဆိုနေကြတယ်လို့ သိရပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရုံးခွဲတခုရှေ့တွင် ပါတီအမှတ်တံဆိပ် ချိတ်ဆွဲထားပုံ ဖြစ်ပါသည်။ (Photo: RFA)

ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်း မဲဆန္ဒနယ် အမှတ် ၁ မှာ အနိုင်ရခဲ့တဲ့ စိုင်းမွန်း ခေါ် စိုင်းကျော်ထွန်းကို ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းရဲ့ အကူအညီရ ယူခဲ့တယ်ဆိုပြီး ကြံ့ခိုင်ရေးပါတီက တရားစွဲဆိုခဲ့ပါတယ်။ (more…)

ကြံ့ဖွံ့ပါတီ၏ တံခါးပိတ်စည်းဝေး နေပြည်တော်တွင် ကျင်းပ

December 23, 2010

ခင်ဦးသာ Thursday, 23 December 2010 18:54 – ဧရာဝတီ

E-mail Print

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ရွေးကောက်ပွဲအပြီး အစည်းအဝေးကို ဒီဇင်ဘာ ၂၁ ရက်မှ စတင်၍ နေပြည်တော်၌ တံခါးပိတ် ကျင်းပလျက်ရှိသည်။

အစည်းအဝေးသို့ ကြံ့ဖွံ့ ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်၊ အတွင်းရေးမှူး ဦးဌေးဦးနှင့် ပါတီခေါင်းဆောင်များ အပါအ၀င် တနိုင်ငံလုံးမှ အနိုင်ရ ကြံ့ဖွံ့ကိုယ်စားလှယ် ၄၀၀ ခန့် တက်ရောက်၍ အနာဂတ်လုပ်ငန်းစဉ်များ၊ လွှတ်တော်၌ ပြောဆိုကြမည့် အကြောင်း အရာများ၊ ပေါ်ပေါက် လာမည့်လွှတ်တော်ထဲ၌ တာဝန်ခွဲဝေယူရေး အပါအဝင် လာမည့် အစိုးသစ်တွင် တာဝန် ယူသွားကြမည့် ရာထူးများ အကြောင်းကို အဓိက ဆွေးနွေးကြသည်ဟု အဆိုပါအစည်းအဝေး တက်ရောက်သူ ဇေကမ္ဘာ ဦးခင်ရွှေက ဆိုသည်။ (more…)

ရွေးကောက်ပွဲ မသမာမှု တိုင်တန်းချက်တွေ နေပြည်တော် တရားရုံး စတင်စစ်ဆေး

December 22, 2010

ဗုဒ္ဓဟူး, 22 ဒီဇင်ဘာ 2010 – VOA

ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ နိုင်ငံရေး ပါတီတွေကြား အပြန်အလှန် တရားစွဲဆိုတဲ့ အမှုတွေကို မနေ့ကစပြီး နေပြည်တော် တရားရုံးမှာ စတင်စစ်ဆေးနေပါပြီ။

လွှတ်တော် သုံးရပ်စလုံးမှာ ထောက်ခံမဲ အနည်းဆုံး ၇၄% ကျော်နဲ့ အပြတ်အသတ် အနိုင်ရထားတယ်ဆိုတဲ့ ကြံ့ခိုင်ရေးပါတီဟာ ကြိုတင်မဲတွေနဲ့ မဲမသမာမှု ရှိတယ်ဆိုပြီး အကြီးအကျယ် ဝေဖန်ခံနေရတာပါ။ အခုလို ဝေဖန်ခံနေရတဲ့ ကြားက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်တိုင်က တခြား နိုင်ငံရေး ပါတီတွေကို မဲလိမ်တယ်ဆိုပြီး တရားစွဲဆိုခဲ့ပါတယ်။ (more…)

ကြံ့ဖွံ့ပါတီ လွှတ်တော်ကိုယ်စားလှယ် စည်းဝေးပွဲ နေပြည်တော်မှာ စတင်

December 22, 2010

ဗုဒ္ဓဟူး, 22 ဒီဇင်ဘာ 2010 – VOA

ဒီနေ့ နေပြည်တော်မှာ စတင်ကျင်းပခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ခံ အမတ်တွေရဲ့ ပထမဦးဆုံး ညီလာခံမှာ အမျိုးသားလွှတ်တော် အမတ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဇေကမ္ဘာ ဦးခင်ရွှေက ဒီနေ့ ညီလာခံမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြန်လည်ဖွဲ့စည်းရေး အပါအ၀င် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်တုန်းက ပေးထားတဲ့ ကတိတွေအတိုင်း မဲဆန္ဒရှင်တွေကို ဆောင်ရွက်ပေးဖို့ ကိစ္စတွေကို ၀န်ကြီးချုပ် ဦးသိန်းစိန်နဲ့ ပါတီခေါင်းဆောင်တွေက မှာကြားခဲ့တယ်လို့ ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၇၄% အနိုင်ရခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားတာ ဖြစ်ပါတယ်။ (more…)

လွှတ်တော်အတွက် NDF ပါတီ စတင်ပြင်ဆင်

December 22, 2010

2010-12-22 – RFA

NDF ပါတီဟာ မကြာခင် ခေါ်ယူတော့မဲ့ လွှတ်တော်အတွင်း ဥပဒေကြမ်းတွေ တင်သွင်းနိုင်ရေးအတွက် ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေပြီလို့ ပါတီခေါင်းဆောင်တွေက RFA ကို ဒီဇင်ဘာ ၂၂ ရက် ဒီကနေ့ ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပဲခူးတိုင်း ဒေသကြီး ပါတီ ရုံးခွဲ ဖွင့်ပွဲတွင် အောက်တိုဘာ ၇ ရက်နေ့က ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ မိန့်ခွန်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

အဖွဲ့ဝင် ၁၈ ဦး ပါဝင်တဲ့ လွှတ်တော်ရေးရာ ကော်မတီကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖွဲ့စည်းလိုက်ပြီး၊ လွှတ်တော်တွင်း ဆောင်ရွက်မဲ့ လုပ်ငန်းစဉ်တွေကို ကြာသပတေးနေ့တိုင်း တိုင်ပင် ဆွေးနွေးသွားမယ်လို့ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။ (more…)