Archive for the ‘ဖြန့်ဝေခြင်း’ Category

ပြည်သူ့နိုင်ငံရေး လူမှုရေး ကွန်ယက် ထူထောင်ဖို့ နှစ်သစ်မှာ ဒေါ်စုတိုက်တွန်း

December 31, 2010

သောကြာ, 31 ဒီဇင်ဘာ 2010 – VOA

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  နှစ်သစ်နှုတ်ခွန်းဆက် ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓါတ် ပြန်လည် နိုးထလာဖို့ အတွက် ပြည်သူ့နိုင်ငံရေး လူမှုရေး ကွန်ယက်ကြီးတရပ် ထူထောင်ရမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့  နိုင်ငံရေးရည်မှန်းချက်တွေ ကြိုးပမ်းချက်တွေအတွက် ထောက်ခံ အားပေးတဲ့ ပြည်တွင်းပြည်ပ အစိုးရတွေ အဖွဲ့အစည်းတွေ ပြည်သူတွေကို ကျေးဇူးတင်ကြောင်းလည်း ဖော်ပြပါတယ်။ (more…)

ဒုက္ခသည်တွေရဲ့ လုံခြုံရေးကို ဦးစားပေးစဉ်းစားမည်ဟု ထိုင်းအစိုးရ ပြောဆို

December 31, 2010

သောကြာ, 31 ဒီဇင်ဘာ 2010 – VOA

ထိုင်းနိုင်ငံအတွင်း ရောက်လာကြတဲ့ ဒုက္ခသည်တွေကို အခြေအနေတွေ တည်ငြိမ်မှုမရှိမချင်း နေရပ်အတင်း ပြန်ပို့ဖို့ အစီအစဉ် မရှိဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့က မြန်မာနိုင်ငံက ဒုက္ခသည် ၁၆၆ ဦးကို ထိုင်းအာဏာပိုင်တွေက နေရပ် အတင်းအကျပ် ပြန်ပို့ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာကိစ္စနဲ့ ပတ်သက်လို့လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထိုင်းအစိုးရကို ကန့်ကွက်ခဲ့ပြီးနောက်မှာ ထိုင်းအာဏာပိုင်တွေဘက်က အခုလို ပြောဆို လာတာပါ။ (more…)

အိုင်ဗရီကို့စ်မှာ ပြည်တွင်းစစ်ဖြစ်နိုင်ဟု ကုလအတွင်းရေးမှူးချုပ် သတိပေး

December 31, 2010

သောကြာ, 31 ဒီဇင်ဘာ 2010 – VOA

အိုင်ဗရီကို့စ်နိုင်ငံက လက်ရှိသမ္မတ လော့ရင့်ဘက်ဘို (Laurent Gbagbo) ရဲ့  နိုင်ငံရေးပြိုင်ဘက်ဖြစ်တဲ့ အာဆင်းဝါတရာ နေနေတဲ့ ဟိုတယ်ကို တိုက်ခိုက်မှုတွေ သွားမလုပ်ကြဖို့ သမ္မတဘက်ဘိုကို ထောက်ခံသူတွေကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက သတိပေးလိုက်ပါတယ်။

တိုက်ခိုက်မှုတခုလောက် ရှိလာတာနဲ့ နိုင်ငံအတွင်းပြည်တွင်းစစ် ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။ (more…)

ပန်နစ်နဲ့ ၆ ယောက်ကို ကမ္ဗောဒီးယားက အရေးယူ

December 31, 2010
နေ့သစ် – December 31, 2010

ဝန်ကြီးချုပ် အဖိဆစ်ဝေ့ချာချီဝက ချွင်းချက်မရှိချက်ခြင်းလွှတ်ပေးဖို့ တောင်းတာတောင်မှ ကမ္ဗောဒီးယား တရားရုံးက ဒီမို ကရက်ပါတီအမတ် ပန်နစ်ဝီကစ်ဆရဲ့သ်နဲ့ ရှပ်ဝါတက်ကြွလှုပ်ရှားသူ ၆ ယောက်ကို ပိုင်နက် နယ်မြေအတွင်း တရားမ၀င်, ၀င်ရောက်မှုအတွက် တနေ့က အပြစ်ပေးအရေးယူခဲ့ပါတယ်။

ဖမ်းထားသူတွေလွှတ်ပေးဖို့အတွက် ကမ္ဗောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဟောနမ်ဟုန်နဲ့စေ့စပ်ဆွေးနွေးဖို့ ထိုင်း နိုင်ငံခြား ရေးဝန်ကြီး ကဆစ်ပီရိုမြကို တနေ့က ဖနွမ်းပင်ကို လွှတ်ပါတယ်။ ကမ္ဗောဒီးယားတရာစီရင်ရေးကို လေးစားကြောင်း ဒါပေ မဲ့ တရားစီရင်တာတွေ မြန်မြန်ဆန်ဆန်လုပ်ပြီး မကြာမီမှာ လွှတ်ပေးမယ်လို့ မျှော်လင့်ကြောင်း ဖနွမ်းပင်က အာဏာပိုင် တွေကို တောင်းဆိုခဲ့တယ်လို့ ကဆစ်က ပြောပါတယ်။ (more…)

အသံလွှင့်ရုံစီးနင်းမှုနဲ့ ပဒဖ အဖွဲ့ဝင် ၈၂ ယောက် ထောင်ချ

December 31, 2010
နေ့သစ် – December 31, 2010

Thai red-shirts breached parliament

၂၀၀၈ ခုနှစ် သြဂုတ်လက နိုင်ငံတော်ပိုင် ထိုင်းနိုင်ငံအမျိုးသားအသံလွှင့်ရုံကို ၀င်ရောက်စီးနင်းခဲ့တဲ့ ပြည်သူ့ဒီ မိုကရေစီ မဟာမိတ်အဖွဲ့ (ပဒဖ) ၀င် ၈၂ ယောက်ကို တရားရုံးက ထောင်ဒဏ် ၂ နှစ်ခွဲအထိ ကျခံဖို့ တနေ့က ဆုံးဖြတ်လိုက်ပါတယ်။

အသံလွှင့်ရုံသိမ်းပိုက်ရာမှာ ပါဝင်ခဲ့တဲ့အရေးမပါသူ ၃ ယောက်ကိုလည်း ဆိုင်းငံ့ပြစ်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါ တယ်။ ဒီ ၃ ယောက်ပါရင် စုစုပေါင်း ၈၅ ယောက်ဖြစ်ပါတယ်။ (more…)

အမေရိကန်နှင့် ဆက်ဆံရေးကောင်းဖို့ မြန်မာဘက်က တိုးတက်မှု ပြရန်လို

December 30, 2010

ကြာသပတေး, 30 ဒီဇင်ဘာ 2010 – VOA

မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်သွားဖို့ ရည်ရွယ်ထားပေမဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် စစ်အစိုးရဘက်က လုပ်ဆောင်ဖို့ လိုအပ်နေဆဲ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ထွန်းကားတဲ့ တိုင်းပြည်အဖြစ် ပေါ်ထွန်းလာဖို့၊ နိုင်ငံတကာ အသိုင်းအ၀န်းနဲ့အတူ အမေရိကန် ပြည်ထောင်စုက မျှော်လင့်ထားတယ်လို့လည်း မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဌာနက မနေ့တုန်းကပဲ ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုလိုက်တာပါ။ (more…)

NDF ပါတီ ခေါင်းဆောင်တချို့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

December 30, 2010

ကြာသပတေး, 30 ဒီဇင်ဘာ 2010 – VOA

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တချိန်က NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းမှာ တာဝန်ယူ လုပ်ကိုင်ခဲ့ကြပြီး NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီအဖြစ် သီးခြား ပါတီခွဲ တည်ထောင်ခဲ့ကြသူ ခေါင်းဆောင် ၃ ယောက်တို့ ဒီကနေ့ မနက်ပိုင်းက NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဒါဟာ ပထမဦးဆုံး အကြိမ်အဖြစ် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ နိုင်ငံရေးအရ ပြောဆိုဆွေးနွေးမှုတွေ မပါဘဲ တခြား လူမှုရေးကိစ္စတွေကိုသာ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ၂ ဘက်စလုံးက ပြောပါတယ်။

(more…)

မြန်မာဒုက္ခသည် ၈,၀၀၀ ကျော် ထိုင်းနယ်စပ်မှာ ပုန်းအောင်းနေဆဲ

December 30, 2010

ကြာသပတေး, 30 ဒီဇင်ဘာ 2010 – VOA

ထိုင်းနိုင်ငံနဲ့ နယ်စပ် ကရင်ပြည်နယ် အရှေ့ဘက်ခြမ်းမှာ မြန်မာစစ်အစိုးရ တပ်တွေနဲ့ DKBA တပ်တွေကြား တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်လာသူ ဒုက္ခသည်တွေကို ထိုင်းအစိုးရက ဌာနေကို ပြန်လည် ပို့ဆောင်နေပေမဲ့ နယ်စပ်တလျှောက်က အုန်းဖန်၊ ဖွတ်ဖ၊ မဲဆောက် စတဲ့ဒေသတွေမှာ ဒုက္ခသည် ၈,၂၀၀ ကျော် ရှိနေပါသေးတယ်။

သူတို့ဟာ အတည်တကျ နေထိုင်ရတဲ့ ဒုက္ခသည် စခန်းတွေမှာ နေထိုင်ခွင့် မရဘဲ ယာယီစခန်းတွေမှာသာ နေနေရတာ ဖြစ်ပါတယ်။ (more…)

အ၀ါဝတ် ဆန္ဒပြသူ ၈၀ ခန့် ထိုင်းတရားရုံးက ပြစ်ဒဏ်ချမှတ်

December 30, 2010

ကြာသပတေး, 30 ဒီဇင်ဘာ 2010 – VOA

လွန်ခဲ့တဲ့ ၂ နှစ်က ၀န်ကြီးချုပ် သက်ဆင်ကို ဖြုတ်ချဖို့ ကြိုးစားမှု တရပ်အဖြစ် နိုင်ငံတော်ပိုင် ရုပ်မြင်သံကြား သတင်းဌာနကို ၀င်ရောက်စီးနင်းခဲ့သူ အ၀ါရောင်ဝတ် ဆန္ဒပြသူ အမျိုးသားရေးဝါဒီ ၇၉ ယောက်ကို ထောင်ဒဏ်ချမှတ်လိုက်ပါပြီ။

အဲဒီ အ၀ါရောင်ဝတ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြခဲ့သူ ၇၉ ယောက်ကို တရားမ၀င် စုရုံးမှု၊ ပိုင်နက်ကျူးလွန်မှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့ တရားမ၀င် လက်နက် ကိုင်ဆောင်မှု စတဲ့ အမှုတွေနဲ့ ထောင်ဒဏ် ၆ လကနေ ၂ နှစ်ခွဲအထိ ချမှတ်ခဲ့တာပါ။ တခြား နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အများအပြားကိုလည်း ဆိုင်းငံ့ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ပါတယ်။ (more…)

တရားမ၀င် အင်တာနက် တယ်လီဖုန်း တရုတ်နှိမ်နင်း

December 30, 2010

ကြာသပတေး, 30 ဒီဇင်ဘာ 2010  – VOA

အင်တာနက်ပေါ်ကနေ တရားမ၀င် ဖုန်းဆက်သွယ်မှု ၀န်ဆောင်မှု ပေးနေတာတွေကို တရုတ်နိုင်ငံမှာ ပိတ်ဆို့လိုက်ပြီလို့ တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။

လူကြိုက်များပြီး ဈေးသက်သာလှတဲ့ အမေရိကန် ကုမ္ပဏီကြီး SKYPE လို အင်တာနက် ဖုန်းလိုင်း ၀န်ဆောင်မှုကို အသုံးပြုနေကြတဲ့ တရုတ်နိုင်ငံသားတွေ အားလုံးကို ထိခိုက်သွားစေခဲ့ပါတယ်။ (more…)